Latest News

Friday, March 17, 2017

ချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ်ကလပ်များ မအောင်မြင်ရသည့် အကြောင်းရင်း

ချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ်ကလပ်များ မအောင်မြင်ရသည့် အကြောင်းရင်း

အခုချန်ပီယံလိဂ်မှာလည်း လက်စတာတစ်သင်းသာ ကျန်ပါတော့တယ်။

ဥရောပချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ်အသင်းတွေ မအောင်မြင်ကြဘူးဆိုတာ ဒီနှစ်ချန်ပီယံလိဂ်က သက်သေဖြစ်ပါတယ်။

ဂျူဗင်တပ်ကစားသမားဟောင်း ပီယာလို

ချန်ပီယ့လိဂ်မှာ ဘာကြောင့် အင်္ဂလိပ်အသင်းတွေမအောင်မြင်ကြဘူးလဲဆိုတာ စပိန်အသင်းကို ကမ္ဘာ့ဖလား ယူပေးထားတဲ့ နည်းပြဒဲလ်ဘော့စကေးက ဝေဖန်ထောက်ပြလိုက်ပါတယ်။ ပရီးမီးယားလိဂ်အသင်းတွေက တိုက်စစ်ကိုသာ အသားပေးလေ့ရှိပြီး ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ သဘောသဘာဝဟာ ခံစစ်ကိုသာ အသားပေးလေ့ရှိတာကြောင့် အောင်မြင်မှု နည်းပါးနေတာဖြစ်တယ်လို့ ဒဲလ်ဘော့စကေးက သုံးသပ်ပါတယ်။ ဒီနှစ်ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ချယ်လ်ဆီး၊ အာဆင်နယ်၊ စပါး စတဲ့အသင်းတွေ ပြိုင်ပွဲကထွက်သွားရပြီဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်းသာ ကျန်ရှိပါတော့တယ်။

ဘိုင်ယန်မြူးနစ်ကို အရှက်တကွဲ ရှုံးခဲ့တဲ့ အာဆင်နယ်

" ချန်ပီယံလိဂ်က ခံစစ်ကိုပိုပြီးအသားကျအောင် ကစားတဲ့ပြိုင်ပွဲလို့ ကျွန်တော်ထင်တယ်။ တိုက်စစ်ကို အဲလောက်အသားမပေးဘူးလေ။ အသင်းတွေအနေနဲ့ ဒီပြိုင်ပွဲမှာ စိတ်ကူးပြောင်းလဲကစားဖို့လိုတယ်။ အင်္ဂလိပ်အသင်းတွေရဲ့ အရည်အသွေးကို ကျွန်တော်တို့ ငြင်းခုံစရာမလိုပါဘူး။ ဒါပေမယ့်လည်း ဒီအရည်သွေးက ချန်ပီယံလိဂ်မှာ အောင်မြင်မှုရဖို့ အာမမခံနိုင်ဘူး" လို့ ဒဲလ်ဘော့စကေးက ပြောပါတယ်။

အုပ်စုအဆင့်က လှည့်ပြန်ရတဲ့ စပါး

ဂျူဗင်တပ်အသင်းကစားသမားဟောင်းဖြစ်တဲ့ ပီယာလိုရဲ့ အမြင်ကတော့ တစ်မျိုးဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အသင်းတွေ အနေနဲ့ လက်ရှိပုံစံအစား အီတလီအသင်းတွေရဲ့ စတိုင်ကို ပိုပြီးအတုယူဖို့ လိုတယ်လို့ သုံးသပ်ပါတယ်။ အရင်ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာအသင်းတွေနဲ့ အောင်မြင်ခဲ့တဲ့ ဂွါဒီယိုလာဟာ ဒီနှစ်မှာ  ရေပန်းစားခဲ့ပေမယ့် ရှုံးထွက်အဆင့်မှာနေခဲ့ရတာ သက်သေပဲလို့ ပီယာလိုက ဆိုပါတယ်။ ပီယာလိုကလည်း အီတလီအသင်းနဲ့အတူ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ထားတာပါ။

" အီတလီအသင်းတွေရဲ့ ပုံစံကိုနမူာနယူသင့်တယ်ဗျ။ ဂွါဒီယိုလာဆိုရင် ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်အသင်းတွေမှာ အောင်မြင်ခဲ့ပေမယ့် အခုတွေ့တဲ့အတိုင်းပဲ။ သူပြောင်းလဲအောင်မလုပ်နိုင်သေးဘူး။ မိုနာကိုနဲ့ တွေ့ရပေမယ့် နောက်တဆင့်တက်ဖို့ ရေပန်းစားတာက မန်စီးတီးပဲလေ။ ဒါပေမယ့် ဖြစ်မလာခဲ့ဘူး" လို့ ပီယာလိုကပြောပါတယ်။

အင်္ဂလန်ပရီးမီးယားလိဂ်အသင်းတွေဟာ နားရက်ရှားပါးစွာ ရရှိခြင်းနဲ့ ပြိုင်ဆိုင်မှု အလွန်ပြင်းထန်တဲ့ပွဲစဉ်တွေကို ရက်သတ္တပတ်တိုင်း ကြုံနေရတာကြောင့် ချန်ပီယံလိဂ်မှာ အောင်မြင်မှု မရဘူးလို့ ရီးရဲလ်မက်ဒရစ်ကစားသမား ဂါရက်ဘေးလ်က ပြောထားပါသေးတယ်။
Source : Mirror : Duwun

No comments:

Post a Comment