Latest News

Friday, March 17, 2017

အိန္ဒိယ - မြန်မာနယ်စပ်တွင် အိုင်အက်စ်သံသယရှိသူ ၂ ဦး ဖမ်းမိ

အိန္ဒိယ - မြန်မာနယ်စပ်တွင် အိုင်အက်စ်သံသယရှိသူ ၂ ဦး ဖမ်းမိ

အိန္ဒိယ - မြန်မာနယ်စပ် မဏိပူရနယ်မှာ အိုင်အက်စ် သံသယရှိသူ ၂ ဦးကို အာသံရိုင်ဖယ်တပ် (အေအာ) အရာရှိတွေက ဖမ်းဆီးမိတယ်လို့ အိန္ဒိယတူဒေးသတင်းမှာ မတ်လ ၁၆ ရက်နေ့က ဖော်ပြထားပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေရဲ့ပြောကြားချက်အရ မိုရေးမြို့ကိုသွားတဲ့ ခူဒန်သဘီစစ်ဆေးရေးဂိတ်မှာ ထောက်လှမ်းရေးတွေက သူတို့ရဲ့လှုပ်ရှားမှုကို သိရှိပြီးနောက် ဒီအိုင်အက်စ်သံသယရှိသူ ၂ ဦးကို မတ်လ ၁၄ ရက်နေ့မှာ ဖမ်းမိခဲ့တာလို့ ပြောပါတယ်။

ဖမ်းဆီးရမိသူ ၂ ဦးဟာ နာဇာမိုဟာမက်နဲ့ အဘူဘာကာဖြစ်ပြီး တောင်ပိုင်းအိန္ဒိယပြည်နယ်တစ်ခုဖြစ်တဲ့ တမီးနာဒူပြည်နယ်မှာ နေထိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။

ကနဦး စစ်ကြောမေးမြန်းပြီးနောက် သူတို့ ၂ ဦးဟာ မတ် ၉ ရက်နေ့မှာ ရှနန်းဒေသက ခရီးစတင်ခဲ့ပြီး မတ်လ ၁၂ ရက်နေ့မှာ မဏိပူရကို ရောက်ရှိတယ်လို့ သိရပါတယ်။

စစ်ကြောရေးကာလအတွင်း နယ်စပ်မြို့ဖြစ်တဲ့ မိုရေးမြို့ကို ဒီတစ်ကြိမ်လာတာက သူတို့ရဲ့ဒုတိယအကြိမ် ခရီးလို့ သိရပါတယ်။

သူတို့လက်ထဲကနေ မိုဘိုင်းလ်ဖုန်း ၄ လုံး၊ နိုင်ငံတကာသုံး ဆင်းမ်ကတ် ၆ ခု အပါအဝင် ၁၄ ခု စတာတွေကို ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။

အေအာရဲ့ပြောကြားချက်အရ သူတို့မိုဘိုင်းလ်ဖုန်းတွေထဲမှာ ဒူဘိုင်း၊ ဘင်္ဂလားဒေ့ရှ် အင်ဒိုနီးရှား မလေးရှား၊ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာနဲ့ ကာတာနိုင်ငံတွေက လူတွေရဲ့ အဆက်အသွယ်တွေကို တွေ့ရတယ်လို့ သိရပါတယ်။

“သူတို့ ၂ ဦးက အိုင်အက်စ်တပ်ဖွဲ့အတွက် အလုပ်လုပ်တာ ဖြစ်နိုင်ပါတယ်။ ပြီးတော့ အိုင်အက်စ်ရဲ့ တပ်သားသစ်စုဆောင်းရေးနဲ့ ဆက်စပ်တဲ့ လုပ်ဆောင်မှုအပိုင်းကိုလည်း ထည့်မတွက်လို့ မရဘူး” လို့ ဆိုပါတယ်။DVB

No comments:

Post a Comment