Latest News

Friday, March 17, 2017

အောင်ဝင်းဇော်၏ရှေ့နေ ဦးအောင်ခိုင်နှင့်တွေ့ဆုံခြင်း

အောင်ဝင်းဇော်၏ရှေ့နေ ဦးအောင်ခိုင်နှင့်တွေ့ဆုံခြင်း

‘‘ဆရာတို့က အမှုသည်ဖြစ်တိုင်းလည်း အမှားလုပ်တဲ့ အမှုသည်ကို မှန်အောင် ဆရာတို့ လုပ်လို့မရဘူး’’

မန္တလေးအခြေစိုက် အထက်တန်းရှေ့နေ ဦးအောင်ခိုင်သည် တရားခံ အောင်ဝင်းဇော်၏ ရှေ့နေအ ဖြစ် ဆောင်ရွက်မည့်သူဖြစ်သည်။ ဟုမ္မလင်းမြို့တွင် ဖိနပ်ဆိုင်ဖွင့်ထားသော အောင်ဝင်းဇော်၏ဇနီးက ရှေ့နေဦးအောင်ခိုင်နှင့် သွားရောက်တွေ့ဆုံကာ ရှေ့နေအဖြစ် ဆောင်ရွက်ပေးရန် ငှားရမ်းခဲ့ခြင်း ဖြစ်သည်။ မတ်လ ၁၇ ရက် ရုံးချိန်းတွင် မန္တလေးမှ လေယာဉ်ဖြင့် လာရောက်ကာ တရားခွင်အပြီး တွင် မန္တလေးသို့ ချက်ချင်းပြန် သွားခဲ့သည်။ တရားခွင်အပြီးတွင် ဦးအောင်ခိုင်အား 7Day Daily က တွေ့ဆုံမေးမြန်းခဲ့သည်ကို ဖော် ပြလိုက်ပါသည်။

ဆရာ့ကို အမှုလာအပ်တဲ့ အချိန် မှာ လက်ခံသင့်၊ မခံသင့် ဘယ် လောက်စဉ်းစားခဲ့ရပါသလဲ။

အမှုလာအပ်တဲ့အချိန်မှာ တော့ စဉ်းစားရတာပေါ့။ ကိုယ်က နိုင်ငံသားတွေရဲ့ အရေးကိစ္စတွေ နဲ့ပတ်သက်ပြီး မှားတာ၊ မှန်တာ က တရားရုံးက ဆုံးဖြတ်မယ်။ ကျွန်တော်တို့ရှေ့နေကျင့်ဝတ်အ နေနဲ့ကတော့ ပြစ်မှုကျူးလွန်သူက လာငှားတယ်။ ဒါကို ကျွန်တော် တို့ လိုက်ပေးရမယ့် တာဝန်ရှိတာ ပေါ့။ ပြင်ဆင်တာတော့ ရုံးရောက်မှပဲ သက်ဆိုင်ရာစာရွက်စာတမ်း တွေကြည့်ပြီး ပြင်ဆင်ရတာပေါ့။ တရားစွဲအဖွဲ့အစည်းက တင်ပြ တဲ့ စာရွက်စာတမ်းတွေက ဘာ တွေဆိုတာ ကျွန်တော် သိကိုမသိရသေးဘူး။ အမှုသည်ကလည်း ပြောပြပိုင်ခွင့်မရှိဘူး။ သူတို့လည်း မသိဘူး။ ဒါက လျှို့ဝှက်စာရွက် စာတမ်းတွေ။ တရားစွဲအဖွဲ့အ စည်းလက်ထဲမှာ ရှိနေဆဲကာလ က ဒါလျှို့ဝှက်စာရွက်စာတမ်းလို့ ခေါ်တယ်။ တရားရုံးရောက်တဲ့အ ခါကျမှ ဒီစာရွက်တွေ မိတ္တူကူးပြီး ဒီအမှုမှာ စုံစမ်းဖော်ထုတ်တဲ့ တ ရားစွဲအဖွဲ့အစည်းက ဘယ်အ ချက်အလက်တွေ ဘယ်လောက် ထိ ဖော်ထုတ်နိုင်လဲဆိုတာ သိရ မှာလေ။ အဲဒီအခါကျမှ ကျွန်တော်တို့က ဒီအမှုမှာ ကိုယ့်တရားခံက ရာနှုန်းဘယ်လောက်ထိ ပါဝင် ပတ်သက်နေလဲ၊ ပါဝင်ပတ်သက် တာ ဘာကြောင့် ပါဝင်ပတ်သက် လဲဆိုတာ ကျွန်တော်တို့က တရား ခံနဲ့ မေးကြမြန်းကြရမှာကိုး။

ဒီနေ့က အမှုတွဲကြည့်ရှုခွင့်ပြုပါဆိုပြီး အချိန်က နည်းနည်းလေးရတာကို အဲဒီနည်းနည်းလေး မှာ တိုင်ချက်က ဘာတွေ ထွက်တယ်၊ ဘာတွေထွက်တယ်ဆိုတာ ပါးပါးလေးပဲ။ ဘာမှ ဂဃနဏ တိတိကျကျ မလေ့လာရသေးဘူး။

ဆရာ့ရဲ့ အမှုသည်အတွက်ကော ဘယ်လို ခုခံချေပသွားဖို့ စဉ်းစား ထားလဲ။

ကျွန်တော်တို့က အလွတ် ကြီးစဉ်းစားလို့မရဘူး။ စိတ်ကူး ယဉ်လို့မရဘူး။ အချက်အလက် တွေပေါ်မှာ အခြေခံပြီး စဉ်းစားရ တာကိုး။ တရားစွဲအဖွဲ့အစည်းက စွဲထားတဲ့ပုဒ်မနဲ့ ပြဋ္ဌာန်းတဲ့ဥပဒေ ပါ အချက်အလက်နဲ့ ဘယ် လောက်ထိအောင် တရားခံတစ် ယောက်ကို ငြိစွန်းသလဲ။ ဥပဒေ တစ်ခုက ပြဋ္ဌာန်းတဲ့ အချက်ငါး ချက်ဝင်မှ ပြစ်မှုမြောက်တယ်ဆို လို့ရှိရင် တရားစွဲ အဖွဲ့အစည်းက ဒီအချက်ငါးချက်စလုံး တင်ပြနိုင်မလား၊ သုံးချက်ပဲ တင်ပြနိုင်မလား၊ နှစ်ချက်ပဲ တင်ပြနိုင်မလား၊ ကျွန်တော်တို့မှာလေ့လာရတယ်။

ဒီအမှုကို လက်မခံခင်က အမှုသည်နဲ့သိလား ဆရာ။

ကျွန်တော့်အမှုသည် အောင် ဝင်းဇော်နဲ့ပတ်သက်ပြီး အရင် သ တင်းစာရှင်းလင်းပွဲမှာ ပြောတာ တွေ၊ ဂျာနယ်တွေမှာ ပါတာတွေ ဒါတွေပဲ သိရမှာပေါ့။ သတင်းစာ မှာပါတဲ့ အချက်အလက်ကလွဲလို့ ကျန်တာ ဘာမှ မသိပါဘူး။ အောင်ဝင်းဇော်နာမည်ကတော့ ကျွန် တော် အမှုမလိုက်ခင်ကတည်းက သတင်းစာတွေ၊ ဂျာနယ်တွေမှာ ပါလို့ သိပါတယ်။

အမှုသည်ရဲ့ ကျန်းမာရေးအခြေ အနေ ဘယ်လိုရှိပါသလဲ။ ဘယ် တော့ တွေ့ဖို့ရှိပါသလဲ။

ကျွန်တော့်အမှုသည် ကျန်း မာရေးအနေအထားက မျက်မြင် တွေ့ရတာတော့ ကောင်းနေပါ တယ်။ နောက်ရုံးချိန်းကျရင်တော့ စောစောလေးလာနိုင်ရင် အကျဉ်း ဦးစီးမှာ ခွင့်ပြုချက်တောင်းပြီး တွေ့ရမှာပေါ့။

ဒီအမှုနဲ့ပတ်သက်ပြီး အောင်ဝင်း ဇော်အတွက် ဘယ်လိုအကောင်း ဆုံးဖြစ်အောင် လုပ်ပေးမလဲ။

အမှုကတော့ တရားဥပဒေ အရ အမှန်ကန်ဆုံးဖြစ်အောင် လုပ်ရဖို့ပဲ ရှိတာ။ အောင်ဝင်းဇော် တစ်ဦး တစ်ယောက်တည်းအ တွက်ဆိုပြီး ခေါင်းစဉ်တပ်ပြောလို့ မရဘူး။ ဆရာတို့က အမှုသည် ဖြစ်တိုင်းလည်း အမှားလုပ်တဲ့ အမှုသည်ကို မှန်အောင် ဆရာတို့ လုပ်လို့မရဘူး။
7Day News Journal

 

No comments:

Post a Comment