Latest News

Sunday, March 12, 2017

၂၀၁၆ ခုနှစ် ဒီဇင်ဘာလအထိ တစ်နိုင်ငံလုံး ဓာတ်အားသုံးစွဲမှု ယူနစ်သန်းပေါင်း တစ်သောင်းကျော် ရှိခဲ့ပြီး ကျပ် ၇၈၅ ဘီလျံ ရရှိထား

၂၀၁၆ ခုနှစ် ဒီဇင်ဘာလအထိ တစ်နိုင်ငံလုံး ဓာတ်အားသုံးစွဲမှု ယူနစ်သန်းပေါင်း တစ်သောင်းကျော် ရှိခဲ့ပြီး ကျပ် ၇၈၅ ဘီလျံ ရရှိထား


 ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအထိ တစ်နိုင်ငံလုံး ဓာတ်အားသုံးစွဲမှု ယူနစ်သန်းပေါင်း တစ်သောင်းကျော် ရှိခဲ့ပြီး ကျပ် ၇၈၅ ဘီလျံ ရရှိထားကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ငွေကြေးဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာကို တင်သွင်းရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

၂၀၁၆-၂၀၁၇ ခုနှစ် ဒီဇင်ဘာလအထိ ဓာတ်အားသုံးစွဲမှုမှာ တစ်နိုင်ငံလုံး ဓာတ်အားသုံးစွဲမှု ယူနစ်သန်း ၁၁၄၇၃ ဒသမ ၃၉၃၊ အိမ်သုံးဓာတ်အားသုံးစွဲမှု ယူနစ်သန်း ၆၈၁၁ ဒသမ ၉၁၈ ဖြစ်ပြီး တစ်နိုင်ငံလုံး ဓာတ်အားရောင်းရငွေမှာ ကျပ်သန်း ၇၈၅၄၅၆ ဒသမ ၁၄၇ဖြစ်ပြီး ၎င်းဓာတ်အားရောင်းရငွေအနက်မှ အိမ်သုံးဓာတ်အားရောင်းရငွေမှာ ကျပ်သန်း ၂၅၉၅၂၁ ဒသမ ၁၄၁ ဖြစ်ကြောင်း၊ လူတစ်ဦး တစ်နှစ်သုံးစွဲယူနစ်(ပျမ်းမျှ)မှာ ၂၂၅ ယူနစ်ဖြစ်ကြောင်း ဓာတ်အား တစ်ယူနစ်ပျမ်းမျှ ရောင်းဈေးမှာ ၆၉ ဒသမ ၁၇ ကျပ်ဖြစ်ကာ ဓာတ်အား တစ်ယူနစ် ပျမ်းမျှကုန်ကျစရိတ်မှာ  ၈၉ ဒသမ ၃ ကျပ်ဖြစ်သဖြင့် ဓာတ်အား တစ်ယူနစ် ပျမ်းမျှအရှုံးမှာ ကျပ် ၂၀ ကျော် ဖြစ်ပေါ်လျက်ရှိကြောင်း အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းကို မူလ မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်းနှင့် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းနှစ်ခုကို ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ပူးပေါင်းဖွဲ့စည်းခဲ့ပြီး ၎င်းလုပ်ငန်း၏ ၀င်ငွေ၊ အသုံးစရိတ်နှင့် အရှုံးအမြတ် အခြေအနေမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် (ရှေ့ပြေးအမှန်) တွင် ကျပ် ၈၄၆ ဒသမ ၄၉၇ ဘီလျံ ၀င်ငွေရှိခဲ့ပြီး အသုံးစရိတ်မှာ ကျပ် ၁၃၀၄ ဒသမ ၄၁၈ ဘီလျံဖြစ်သဖြင့် ကျပ် ၄၅၇ ဒသမ ၉၂၁ ဘီလျံ အရှုံးပေါ်ခဲ့ကြောင်း၊ ၂၀၁၆-၂၀၁၇ (RE) တွင် ကျပ် ၁၀၃၃ ဒသမ ၄၆၈ ဘီလျံ ၀င်ငွေရှိခဲ့ပြီး အသုံးစရိတ်မှာ ကျပ် ၁၄၂၀ ဒသမ ၅၂၈ ဘီလျံဖြစ်သဖြင့် ကျပ် ၃၈၇ ဒသမ ၀၆၀ ဘီလျံ အရှုံးပေါ်ခဲ့ကြောင်းနှင့် ၂၀၁၇-၂၀၁၈ (BE) တွင် ၀င်ငွေ ၁၀၁၂ ဒသမ ၆၇၅ ဘီလျံ၊ အသုံးစရိတ် ၁၄၄၀ ဒသမ ၉၆၉ ဘီလျံနှင့် အရှုံး ကျပ် ၄၂၈ ဒသမ ၂၉၄ ဘီလျံ ခန့်မှန်းထားကြောင်း သိရသည်။

နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းများတွင် အရှုံးဖြစ်ပေါ်နေသည့် အဖွဲ့အစည်းများအနက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းသည် ပြည်သူများ သက်သာချောင်ချိရေးအတွက် အရှုံးခံဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းလည်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် သာမန်ရငွေသုံးငွေ လျာထားချက်သည် ယခင်နှစ်၏ ပြု ပြင်ပြီး ခန့်မှန်းခြေထက် အရှုံးပိုမို လျာထားခဲ့ ရခြင်းမှာ မြန်မာနိုင်ငံတွင် နှစ်စဉ် လျှပ်စစ်ဓာတ်အားသုံးစွဲမှု တိုးတက်လျက်ရှိကြောင်း၊ ယခင်နှစ်က တစ်နိုင်ငံလုံး ဓာတ်အားသုံးစွဲမှုသည် ၁၇၈၁၂ ယူနစ်သန်းပေါင်းဖြစ်ပြီး ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ ယူနစ်သန်းပေါင်း ၁၉၅၉၃ အထိ ရောက်ရှိလာမည်ဟု တွက်ချက်လျာထားသည်။



Eleven Media Group

No comments:

Post a Comment