Latest News

Sunday, March 12, 2017

ပဲအထွက်နည်းချိန် အိန္ဒိယကုန်သည်များ အ၀ယ်လိုက်၍ မတ်ပဲနှင့် ပဲစင်းငုံဈေးတက်

ပဲအထွက်နည်းချိန် အိန္ဒိယကုန်သည်များ အ၀ယ်လိုက်၍ မတ်ပဲနှင့် ပဲစင်းငုံဈေးတက်



 ဆောင်းရာသီစိုက် မတ် ပဲနှင့် ပဲစင်းငုံအသစ်ပေါ်ချိန်တွင် ဈေးကွက်တွင်းသို့ အ၀င်နည်းသော်လည်း အိန္ဒိယနိုင်ငံမှ ကုန်သည် များ အ၀ယ်များသဖြင့် ပြည်တွင်းဈေးကွက်၌ ပဲဈေးနှုန်းမြင့်တက်လာသည်။

အိန္ဒိယကုန်သည်များ၏ အ ၀ယ်မြှင့်မှုကြောင့် ပြည်တွင်းဈေးကွက်တွင် မတ်ပဲ တစ်တန်လျှင် တစ်သိန်းကျပ်ခန့် ဈေးတက်လာပြီး ပဲစင်းငုံ တစ်တန်လျှင် သုံးသောင်းကျပ်ခန့် ဈေးမြင့်တက်လာသည်ဟု ဘုရင့်နောင် ကုန်စည်ဒိုင်မှ ကုန်သည်တစ်ဦးက ပြောသည်။ လက်ရှိပြည်တွင်းဈေးကွက် တွင် မတ်ပဲတစ်တန်လျှင် ကျပ်တစ် ဆယ့်တစ်သိန်းခွဲခန့်ရှိပြီး ပဲစင်းငုံက ကျပ်ခုနစ်သိန်းရှစ်သောင်းခန့်ဈေးရှိသည်။

‘‘ပြည်တွင်း ပဲဈေးကွက်က အိန္ဒိယ၀ယ်လိုအားပေါ်မူတည်ပါ တယ်။ ဒီနိုင်ငံရဲ့ အခြေအနေမှန် ကို သိတော့ ဟိုကကုန်သည်တွေ ကလည်း အ၀ယ်တိုးလာတယ်’’ ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန် သည်အသင်း အတွင်းရေးမှူး ဦး မင်းကိုဦးက ပြောသည်။

အိန္ဒိယကုန်သည်များသည် မတ်ပဲနှင့် ပဲစင်းငုံအသစ်ပေါ်ချိန် တွင် ဈေးကွက်အတွင်း ပဲအသစ် ၀င်ရောက်မှုကို စောင့်ကြည့်နေခြင်းကြောင့် ၀ယ်လိုအား လျော့ကျသဖြင့် ပြည်တွင်းဈေးကွက်၌ ပဲဈေးနှုန်း ဆက်တိုက်ကျဆင်းခဲ့ရသည်ဟု ဦးမင်းကိုဦးက ပြောသည်။

ရာသီဥတုဖောက်ပြန်သဖြင့် ပဲအထွက်လျော့ချိန်တွင် ဈေးကျ သဖြင့် ပဲစိုက်တောင်သူများအ ခက်ကြုံနေရပြီး မတ်ပဲနှင့် ပဲစင်းငုံ စတင်စိုက်ပျိုးချိန်က ပဲတစ်တင်း လျှင် ကျပ် ငါးသောင်းငါးထောင်ခန့်ဈေးရှိ၍ တောင်သူများက ကြိုးစားစိုက်ပျိုးခဲ့သော်လည်း ပဲအသစ်ပေါ်ချိန်၌ တစ်တင်းလျှင် ကျပ် သုံးသောင်းခန့်သာ ဈေးရှိသဖြင့် စိုက်ပျိုးစရိတ်(အရင်း)ပင် ပြန်လည်ရရှိရန် အခက်ကြုံနေသည်။



7Day News Journal

No comments:

Post a Comment