Latest News

Monday, March 6, 2017

မန်းရွှေစက်တော်ဘုရားပွဲ မတ်လဆန်းမှစ၍ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျက်ရှိ

မန်းရွှေစက်တော်ဘုရားပွဲ မတ်လဆန်းမှစ၍ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော်မှာ မတ်လဆန်းပိုင်းမှ စတင်၍ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျက် ရှိကြောင်း ဒေသခံစီးပွားရေးလုပ်ငန်းရှင်
များ၏ ပြောကြားချက်ကို ကိုးကားကာ မြ၀တီသတင်းတစ်ရပ်တွင် မတ်လ ၆ ရက်က ဖော်ပြထားသည်။

ယခင်နှစ်များက မန်းရွှေစက်တော်ဘုရားပွဲတော်ဖွင့်ပွဲနေ့တွင် မြန်မာနိုင်ငံအနှံ့အပြားမှ ဘုရားဖူး လာရောက်သူ အများအပြားရှိခဲ့သော်လည်း ယခုနှစ်တွင် ဖေဖော်ဝါရီလကုန်ပိုင်းအထိ ဘုရားဖူးဧည့်သည် လာရောက်မှု လျော့ ပါးခဲ့ကြောင်း၊ မတ်လဆန်းပိုင်းမှစ၍ ဘုရားဖူးဧည့်သည်လာရောက်မှု ပြန်လည်များပြားလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အထက်သောင်၊ အောက်သောင်ရှိ နေထိုင်ရန် တည်းခိုခန်းအားလုံးတွင် လူပြည့်နေသဖြင့် ထပ်မံရောက်လာသော ဘုရားဖူးများ နေရန် တဲကျောင်း မရှိတော့ကြောင်း၊ တဲကျောင်းများတွင် သတ်မှတ်
နှုန်းထားထက် ပိုမို ပေးပြီး တည်းခိုနေရခြင်းများ ရှိကြောင်း၊ တဲကျောင်းများ၌ မတ်လ ၆ ရက်အထိ ကြိုတင်မှာယူမှုများ ပြည့်နေ သဖြင့် အချို့ဘုရားဖူးဧည့်သည်များမှာ နေစရာ တဲကျောင်းများ မရှိ၍
နေ့ချင်းပြန် ဘုရားဖူးကာ မင်းဘူးနှင့် မကွေးမြို့တို့၌ ညအိပ်တည်းခိုကြကြောင်း ဒေသခံများကပြောကြားခဲ့သည်။

မန်းရွှေစက်တော်ဘုရားပွဲတော်အတွင်း တဲကျောင်းတည်းခိုခများကို ဘုရားဂေါပကအဖွဲ့က ကုန်းတွင်းတဲ ကျောင်း တစ်ခန်းလျှင် တစ်နေ့ ငွေကျပ် ၂ဝဝဝဝ၊ ရေစပ်တဲကျောင်း တစ်ခန်းလျှင် တစ်နေ့ ငွေကျပ် ၃ဝဝဝဝ သတ်မှတ်ထားကြောင်း၊ တဲကျောင်းများတည်းခိုခကို ဂေါပကအဖွဲ့၏ သတ်မှတ်ချက်များအတိုင်း လိုက်နာကြသော်လည်း တခြားတည်းခိုဆောင်များတွင် အဆင့်မြင့်ဝန်ဆောင်မှုများကြောင့် တစ်နေ့လျှင်ငွေကျပ် တစ်သိန်းအထိ ကောက်ခံခွင့်ပြုထားသည်ကို ဘုရားဖူးဧည့်သည်များက ဝေဖန်မှုများ ရှိနေသည်ဟု ဆိုသည်။

The Myanmar Times

No comments:

Post a Comment