Latest News

Thursday, March 9, 2017

မြောက်ကိုရီးယားအရေး လုံခြုံရေးကောင်စီ ဆွေးနွေး

မြောက်ကိုရီးယားအရေး လုံခြုံရေးကောင်စီ ဆွေးနွေး

မြောက်ကိုရီးယားဒုံးကျည် စမ်းသပ်မှုကိစ္စနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီရဲ့တဆင့်တက် ဆောင်ရွက်မယ့် အစီအစဉ်တွေနဲ့ပတ်သက်တဲ့ တခါးပိတ်အစည်းအဝေးကိုဗုဒ္ဓဟူးနေ့ကကျင်းပခဲ့ပြီး တရုတ်က ပြုံးယမ်းရဲ့ စစ်ရေးအစီအစဉ်တွေကို ထိမ်းချုပ်နိုင်မယ့် အဆိုပြုချက်တချို့ကို တင်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ မဟာမိတ်ဖြစ်တဲ့ တရုတ်တင်ပြတဲ့ အဆိုဟာ
မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်စမ်းသပ်မူတွေ ရပ်ဆိုင်းအောင် အမေရိကန်နဲ့တောင်ကိုရီးယားပြုလုပ်ဖို့ စီစဉ်နေတဲ့ စစ်ရေးလေ့ကျင့်ပွဲကို ရပ်ထားဖို့ဖြစ်ပါတယ်။

အစည်းအဝေးမတိုင်ခင် ဗြိတိန်သံအမတ်ကြီးကတော့ အမေရိကန်နဲ့
တောင်ကိုရီးယားနိုင်ငံတို့ ပူးတွဲလုပ်တဲ့ စစ်ရေးလေ့ကျင့်ပွဲဟာ
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်မှုမရှိဘူး
လို့ပြောလိုက်ပြီး ခြိမ်းခြောက်မူတွေရှိနေတာက မြောက်ကိုရီးယားရဲ့ အနူမြူလက်နက်တိုးထုတ်နေတာမျိုးဖြစ်တယ်လို့ ပြောပါတယ်

ဂျပန်သံအမတ်ကြီးက  ပြောတာက မြောက်ကိုရီးယားဟာ ဒုံးကျည်လေးဆင်းဂျပန်နိုင်ငံဘက်ကို ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ ဘာမှလက်တုန့်ပြန်ဖို့မရှိသေးပေမယ့် ဒီကိစ္စကတော့ ဘယ်လိုမှလက်ခံနိုင်ဖွယ်မရှိဘူးဆိုတာကိုတော့ ကျနော်တို့ခိုင်ခိုင်မာမာ ရပ်တည်ထားပါတယ်လို့ ဆိုပါတယ်။

တနင်္လာနေ့ က မြောက်ကိုရီးယားနိုင်ငံက ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်လေးစင်းဟာဂျပန်နိုင်ငံမှာရှိတဲ့ အမေရိကန် ရေတပ်စခန်းတွေကို
ပစ်ခတ်ဖို့ စမ်းသပ်နေတာဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။
RFA

No comments:

Post a Comment