Latest News

Thursday, March 9, 2017

ရွှေစာရံဘုရားပွဲတော်ကာလ လုံခြုံရေးအင်အား ၁၀ဝ ကျော် အသုံးပြုမည်

ရွှေစာရံဘုရားပွဲတော်ကာလ လုံခြုံရေးအင်အား ၁၀ဝ ကျော် အသုံးပြုမည်

ပွဲခင်းအတွင်း အရက်သေစာရောင်းချခွင့် မပြုပါဘူး။

မန္တလေး၊ မတ် ၈ - မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ ရွှေစာရံစေတီတော်ရဲ့ ဗုဒ္ဓပူဇနိယပွဲတော်မှာလုံ ခြုံရေးအင်အား ၁၀ဝ ကျော် အသုံးပုမှာ ဖြစ်ပါတယ်။ ရွှေစာရံစေတီတော်ရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကိုလာရောက်ကြတဲ့ ဘုရားဖူး တွေဟာ ဒုဋ္ဌဝတီမြစ်တစ်လျှောက် စက်လှေစီးလည်ပတ်လို့ရတာကြောင့် သက်ကယ်ဘော၊ သက်ကယ်အင်္ကျီ၊ ရေကြောင်းကယ်ဆယ်ရေး၊ မီးသတ်တပ်ဖွဲ့တွေ စီစဉ်ထားရှိတယ်လို့သိရပါတယ်။

ရွှေစာရံစေတီတော်၊ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးပြေငြိမ်းက လူတွေရဲ့အန္တရာယ်ဖြစ်မှုတွေနည်းပါး သည်ထက်နည်းပါးအောင် အတတ်နိုင်ဆုံးမဖြစ်အောင် ကာကွယ်စောင့်ရှောက်ထားပါတယ်၊ လုံခြုံရေးအထပ်ထပ်လုပ်ထားပါတယ်လို့ ပြောပါတယ်။

ပွဲခင်းအတွင်းအရက်သေစာသောက်စား မူးယစ်ရမ်းကားတာတွေမဖြစ်ပေါ်အောင် အဲသည်ဆိုင်တွေ ရောင်းချခွင့်မပြုသလို မြစ်ဆိပ်နဲ့ ရေလယ်ကောင်မှာဆိုင်ဖွင့်တာတွေကိုလည်း တားမြစ်မယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲတပ်သား ၃၅ ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၃၀ ဦး၊ ဂေါပကအဖွဲ့က ၃၀ ဦး၊ ရဟန်းသံဃာ၂၂ ပါး၊ စုစုပေါင်းအင်အား ၁၁၇ ဦးက ပွဲတော်လုံခြုံရေးအတွက် တာဝန်ယူမှာဖြစ်ပါတယ်။

ရွှေစာရံဘုရားပွဲတော်ရဲ့နောက်ဆုံးရက်တွေဖြစ်တဲ့ တပေါင်းလပြည့်ကျော် ၆၊ ၇ နဲ့ ၈ ရက်နေ့တွေက အစည်ကားဆုံးဖြစ်ပါတယ်။

Author - နန်းစု

Kumudra

No comments:

Post a Comment