Latest News

Thursday, March 9, 2017

နိုင်ငံတကာ စုံစမ်းရေးကော်မရှင်ဖွဲ့ရေး ပျက်ဖွယ်ရှိ

နိုင်ငံတကာ စုံစမ်းရေးကော်မရှင်ဖွဲ့ရေး ပျက်ဖွယ်ရှိ

ရခိုင်ပြည်နယ် မောင်တောဒေသမှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီြး မန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ ဦးဆောင်တဲ့ နိုင်ငံတကာ စုံစမ်းရေးကော်မရှင်တခု ဖွဲ့စည်းစစ်ဆေးရေး တောင်းဆိုမှုဟာ ပျက်ပြယ်သွားမယ့် အလားအလာရှိနေပြီလို့ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ UNHRC ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံ က နောက်ဆုံးရတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

မနေ့က ကျင်းပတဲ့ ညီလာခံမှာ ကုလသမဂ္ဂ လူအခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇာရီ အယ်လ်ဟူစိန်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့
မြန်မာလုံခြုံရေးအဖွဲ့ဝင်တွေရဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေဟာ
လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုဖြစ်နိုင်တဲ့အတွက် ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်စစ်ဆေးဖို့နဲ့ အနည်းဆုံးအဆင့်အဖြစ် နိုင်ငံတကာစုံစမ်းရေးကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ တင်ပြခဲ့ပါတယ်။

ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး EU ဥရောပနိုင်ငံများအဖွဲ့က UNHRC ကိုတင်ပြတဲ့ အဆိုပြုချက်မှာတော့ မောင်တောဒေသ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ပေါ်ထွက်နေတဲ့ စွပ်စွဲချက်တွေဟာ ပြင်းထန်လွန်းလှကြောင်းနဲ့ မြန်မာအစိုးရက
ဒီကိစ္စကိုစုံစမ်းစစ်ဆေးနေကြောင်း ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန် ဟီးလီ
တင်ပြခဲ့သလို လူ့အခွင့်ရေးချိုးဖေါက်တဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို
လိုအပ်သလို စုံစမ်းစစ်ဆေးပြီး အရေးယူအပစ်ပေးဖို့ကို EU က ထောက်ခံပေမယ့် နိုင်ငံတကာ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ကိုတော့ ထောက်ခံခြင်း မရှိပါဖူး။ EU
ကိုယ်စားလှယ်တဦးက ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရက အပြုသဘော လက်ရှိ ပူးပေါင်းဆောင်ရွက်နေတာကို EU က နှစ်သက်လက်ခံကြောင်းနဲ့
နောက်ထပ်နည်းလမ်းသစ်ရှာမယ့်အစား မြန်မာအစိုးရရဲ့ လက်ရှိဆောင်ရွက်မှုကို အချိန်ပေးသင့်ကြောင်း ပြောဆိုတယ်လို့် သိရပါတယ်။

HRW အပါအဝင် လူ့အခွင့်ရေးအဖွဲ့တွေကတော့ မောင်တောဒေသ
လူ့အခွင့်ရေးချိုးဖေါက်မှုကို မြန်မာအစိုးရရဲ့ လက်ရှိစုံစမ်းစစ်ဆေးမှုတွေနဲ့လုံလောက်ခြင်းမရှိတဲ့အတွက် လွတ်လပ်ပြီး ယုံကြည်ခိုင်မာတဲ့
နိုင်ငံတကာစုံစမ်းစစ်ဆေးမှုလိုတယ်လို့ ဆက်လက် ပြောဆိုနေကြပါတယ်။
RFA

No comments:

Post a Comment