Latest News

Thursday, March 9, 2017

စစ်ဘေးသင့်ပြည်သူများအတွက် နီပွန်ဖောင်ဒေးရှင်း နေအိမ်များပေးအပ်မည်

စစ်ဘေးသင့်ပြည်သူများအတွက် နီပွန်ဖောင်ဒေးရှင်း နေအိမ်များပေးအပ်မည်

ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်းသည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနသာင်္ရီတိုင်းဒေသကြီးတို့ရှိ စစ်ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေပြီး မတ် ၁၀ ရက်တွင် ကရင်ပြည်နယ် လေးကေကော်ကျေးရွာ၌ နေအိမ် ၁၀၀ လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပဋိပက္ခဖြစ်ပွားခဲ့ရာဒေသရှိ ပြည်သူများအတွက် ပထမဆုံးအကြိမ်လွှဲပြောင်းပေးအပ်မည့်အစီအစဉ်
ဖြစ်ကြောင်း နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ ဆာဆာကာဝါက ကရင်ပြည်နယ် ဘားအံမြို့၌ ယနေ့ပြုလုပ်သော အကြိုသတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

လေးကေကော်ကျေးရွာ၌ နေအိမ် ၁၀၀ ဆောက်လုပ်နေပြီး အများစုမှာပြီးစီးနေပြီဖြစ် ကြောင်းနှင့် လက်ရှိတွင် အိမ်ထောင်စု ၆၀ ခန့်နေထိုင်နေပြီဖြစ်ကြောင်းဆက်လက်ပြောကြားသည်။

အထက်ပါပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ကို ၂၀၁၆ မတ်လတွင် စတင်ခဲ့ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီးတို့၌ စစ်ဘေးသင့်ပြည်သူ ခြောက်ထောင်ခန့်အတွက် နေအိမ် ၁၂၅၀ လုံး၊ ကျောင်း ၇ ကျောင်း၊ ကျန်းမာရေးဆေးခန်း ၃ ခု၊ ကျန်းမာရေးပြုစုစောင့်ရှောက်ရေးစင်တာ ၁ ခု၊ တံတား ၁ စင်း နှင့် ရေတွင်း ၅ တွင်းတို့ကို တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း မစ္စတာ ဆာဆာကာဝါက သတင်းစာရှင်း လင်းပွဲ၌ပြောသည်။

အဆိုပါလုပ်ငန်းစဉ်များအား ဂျပန်နိုင်ငံခြားရေးဝန်ကြီဌာန၏ ကူညီထောက်ပံ့မှုဖြင့် အမေရိကန်ဒေါ်လာ သိန်း ၁၀၀ အကုန်အကျခံကာ လုပ်ဆောင်သွားမည်ဟု ဆို
သည်။

သတင်း ၊ဓာတ်ပုံ - ထက်အာကာ ( 7Day News Journal )

No comments:

Post a Comment