Latest News

Thursday, March 9, 2017

ဖျော်ဖြေတင်ဆက်နေကြပါသည်

ဖျော်ဖြေတင်ဆက်နေကြပါသည်

(၁)

သမီးငယ်ကို ကျောင်းလိုက် ပို့ရင်း အက်ဖ်အမ်ရေဒီယိုလိုင်း တစ်ခုကို ဖွင့်ထားလိုက်ပါတယ်။ ခေတ်ပေါ်သီချင်းကဏ္ဍ အမျိုး သားအဆိုတော်တစ်ယောက်ရဲ့ သီချင်းစာသားထဲမှာ ‘ငါနင့်ကို သောက်မြင်ကပ်တယ်’ဆိုတာကို ကြားလိုက်ရတော့ ချက်ချင်းပိတ် လိုက်ရပါတယ်။ သမီးအရွယ် ကလေးငယ်တွေသာမက ဘယ် သူမှ၊ ဘယ်လိုမှ နားမထောင်အပ် ဘူးလို့ မှတ်ချက်ပြုချင်ပါတယ်။

အမှတ်မရှိဘဲ အဲဒီအက်ဖ် အမ်ကို တစ်ရက်တစ်ခါ၊ နှစ်ရက် တစ်ခါဆိုသလို ဖွင့်မိပါတယ်။ ‘သေးနဲ့ပန်းတယ်’တို့၊ ‘နင့်စော်၊ ငါစော်’ဘာဖြစ်တယ်၊ ညာဖြစ် တယ်တို့ စတဲ့ ရုန့်ရင်းကြမ်းတမ်း သောစကားလုံးတွေကို တေးသီ ချင်းတွေထဲမှာ ရေးစပ်ဟစ်ကြွေး နေတာကို ကြားရတော့ နားသော တမဖြစ်စေတဲ့အပြင် ဂီတပရိ သတ်ကိုရော၊ အက်ဖ်အမ်ပရိ သတ်ကိုရော စော်ကားသလိုဖြစ် တယ်လို့ ယူဆပါတယ်။

အများပြည်သူကို ဖျော်ဖြေ တင်ဆက်မှုတွေမှာ မသုံးသင့်၊ မသုံးအပ်တဲ့ စကားလုံးတွေ အသုံးအနှုန်းတွေ၊ ဝတ်စားဆင် ယင်ကပြမှုတွေကို တွေ့နေကြရ ပါပြီ။ သူ့လိုင်းနဲ့သူ၊ သူ့အဆင့်နဲ့သူ သီးသန့်ရှိဖို့ လိုအပ်တယ်။ ရှိနေ မှာလည်းဖြစ်တယ်လို့ ဆိုနိုင်သော် လည်း အခုဟာက အဲဒီစည်း ဘောင်ကို ကျော်လွန်နေတယ်လို့ ထင်ပါတယ်။

(၂)

ဖျော်ဖြေတင်ဆက်မှုတချို့ ဟာ အနုပညာမမည်တော့ပါဘူး။ ရေတိုစီးပွားရေးအရ တွက်ခြေ ကိုက်ဖို့ လွတ်လပ်စွာ ပေါက်ကွဲ ပြောဆို ဖျော်ဖြေတင်ဆက်မှုကို ဦးစားပေးလာကြပုံရပါတယ်။ အနုပညာစစ်စစ်အဖြစ် ကျန်ရစ် နေအောင် အားမထုတ်ကြတော့ ဘဲ ဖြစ်ကတတ်ဆန်း ဆန်နေပါ တယ်။ မြန်မာ့အနုပညာကို အခြေ ခံပြီး ပုံဖော်ပုံဖော်၊ ခေတ်ပေါ် နည်းတွေနဲ့ပဲ ချဉ်းကပ်ချဉ်းကပ် ပရိသတ်ကို ထည့်စဉ်းစားရပါ မယ်။ တော်၏ မတော်၏၊သင့်၏၊ မသင့်၏ ချိန်ဆရပါမယ်။ အနု ပညာရဲ့ ဟန်၊ အနုပညာရဲ့စံတွေ ဟာ ကိုယ်ပိုင်တန်ဖိုးများဖြစ်ပါ တယ်။

အချက်အလက်မျိုးစုံကို သို လှောင်ရယူနိုင်တဲ့ အီလက် ထရွန်နစ်ပစ္စည်းများ၊ အသံ၊ အရုပ် ထုတ်လွှင့်မှုများဟာ နေ ရာတိုင်းနီးပါး ရောက်ရှိနေပါပြီ။ လူတိုင်းလိုလို လက်လှမ်းမီနေပါ ပြီ။ အများစုက အချိန်ရလျှင်ရ သလို အနုပညာကို ခံစားကြပါ တယ်။ တွေ့ထိလိုက်ရတဲ့ အနု ပညာတွေဟာ ပေါ့ပြက်ပြက်နဲ့ အနှစ်သာရ မရှိဖြစ်နေခဲ့ရင် အသုံးပြုရကျိုး၊ အချိန်ပေးရကျိုး နပ်မှာမဟုတ်ပါဘူး။

မောင်နှမ၊ သားအမိ၊ မိသား စုဝင်တွေ ဝိုင်းဖွဲ့ကာ အတူတူနား ထောင်ကြည့်ရှုလို့ မသင့်တော် တာတွေကို အများပြည်သူ ဝန် ဆောင်မှုပေးတဲ့ ရုပ်သံလိုင်းများ အနေနဲ့ မထုတ်လွှင့်မိအောင် စိ စစ်ကြပ်မတ်ဖို့ လိုပါတယ်။ ဒါ့ အပြင် ပတ်ဝန်းကျင်ကို ကြည့် အောင်၊ ကြားအောင်ဖွင့်ကြတဲ့ အခါမှာလည်း ထိုထိုသော ကြမ်း တမ်းတမ်း၊ ညစ်ပတ်ပတ် ဖျော် ဖြေတင်ဆက်မှုများကို ရှောင် ကြဉ်ကြရပါမယ်။ အများပြည်သူ ပရိသတ်က လက်မခံဘူးဆိုတာ ကို ပြနိုင်ရပါမယ်။

(၃)

ကလေးငယ်တွေ၊ ဆယ် ကျော်သက်လူငယ်တွေအတွက် အနုပညာဖျော်ဖြေတင်ဆက်မှု များရဲ့ လွှမ်းမိုးသက်ရောက်မှုက အတော်လေး တာသွားပါတယ်။ လမ်းမှားဖို့၊ သရုပ်ပျက်ဖို့၊ ရိုင်း စိုင်းဖို့၊ လိင်ကိစ္စနဲ့ လော်လည်တဲ့ စကားလုံး အသုံးအနှုန်းတွေနဲ့ ဆွဲ ဆောင်ဖို့ တွန်းအားပေးဖျော်ဖြေ တင်ဆက်မှုတွေဟာ အနာဂတ်  လူ့အဖွဲ့အစည်းအတွက် အန္တ ရာယ်ကြီးလှပါတယ်။ ချက်ချင်း အကောင်အထည် ပြလို့ရနိုင်တဲ့ ပြဿနာမဟုတ်ပေမယ့် သာမန် ကာလျှံကာကိစ္စမဟုတ်ဘူးဆိုတာ ကို သတိပြုကြရပါမယ်။

ကျောင်းကပွဲတွေမှာ၊ ရပ်ထဲ ရွာထဲ ဖျော်ဖြေပွဲတွေမှာ၊ ဆိုင်ရာ ဆိုင်ရာ အခမ်းအနားတွေမှာ သီ ဆိုကပြမှုတွေကို ထည့်သွင်းပါဝင် တတ်ကြပါတယ်။ ကိုယ့်ယဉ် ကျေးမှု၊ ကိုယ့်အနုပညာ၊ ကိုယ့် ရိုးရာကို မြတ်နိုးလေးစားဖို့လိုပါ တယ်။ တီထွင်ဆန်းသစ်မှုတွေနဲ့ အတူ တန်ဖိုးမြင့်အောင် မြှင့်တင် နိုင်ပါတယ်။ ဖျော်ဖြေတင်ဆက်မှု တိုင်းဟာ အနုပညာ ပညာသားပါ ရပါမယ်။ ကိုယ့်ပတ်ဝန်းကျင် အပေါ် ကောင်းကျိုးပြုရာရောက် ပါတယ်။

ဖျော်ဖြေတင်ဆက်မှု (Enter -tainment)ကနေ အသိပညာ ပေး ဖျော်ဖြေတင်ဆက်မှု (Edutai -nment) အဆင့်ကို ဦးတည်နိုင် မယ်ဆိုရင် အဲဒီလူ့ဝန်းကျင်ဟာ အစစအရာရာ တိုးတက်မြင့်မား လာမှာ သေချာပါတယ်။ ဖျော်ဖြေ တင်ဆက်မှုတွေဆီကနေ ပရိ သတ်အတွက် ကောင်းသောအရာ တစ်ခုခုရရှိစေဖို့ အားထုတ်ကြရ ပါမယ်။ နားဝင်ချိုသာ ငြိမ့် ညောင်းမှု၊ စိတ်ကြည်နူးချမ်းမြေ့မှု ကအစ အသိပညာဗဟုသုတ ဘာကိုပဲရရ၊ အဲဒီလို ဖျော်ဖြေတင် ဆက်ကပြမှုများကို သြဘာပေး တောင်းဆိုနေကြမှာဖြစ်ပါတယ်။

(၄)

ဆရာကြီးဦးအောင်သင်းက ပြောဖူးပါတယ်။ လူငယ်တွေတဲ့။ မင်းတို့ခေါင်းထဲကို အမှိုက်တွေ မထည့်နဲ့တဲ့။ ခေါင်းထဲကို အမှိုက် တွေထည့်ရင် ခေါင်းက အမှိုက်ပုံး ဖြစ်သွားမှာပေါ့တဲ့။ အခုလည်း အထူးသဖြင့် လူငယ်တွေ၊ ကလေးတွေရဲ့ နားထဲ၊ မျက်စိထဲ၊ အတွေးအာရုံတွေထဲကို အနု ပညာရှင်များရဲ့ ဖျော်ဖြေတင် ဆက်မှုကတစ်ဆင့် အမှိုက်တွေ ကို မသွင်းမိစေချင်ပါဘူး။ မတော် မတည့်တာတွေ၊ မဖွယ်မရာတာ တွေဟာ အနုပညာနဲ့ လားလားမျှ မအပ်စပ်ပါဘူး။

အနုပညာကို လူတိုင်းနီးပါး ခုံမင်ကြပါတယ်။ လူတိုင်းရဲ့အနီး မှာ ဖျော်ဖြေတင်ဆက်မှုတွေ ရောက်ရှိနေပါတယ်။ ဒီမိုကရေစီ ခေတ်ဆိုပြီး မိုက်မိုက်ရိုင်းရိုင်း၊ ဟော့ဟော့ရမ်းရမ်း ဖန်တီးလှုပ် ရှားနေလို့မရပါဘူး။ ရာဇဝတ်မှု တွေ၊ လူမှုပြဿနာတွေ၊ ယုတ်မာ မှုတွေအတွက် လမ်းကြောင်းပြ ပေးလို့ မရပါဘူး။ မီးလောင်ရာ လေပင့်မဖြစ်စေသင့်ပါဘူး။ ဖျော် ဖြေတင်ဆက်မှုတွေကို လက် လွတ်စပယ် မလုပ်သင့်ပါဘူး။

ဖျော်ဖြေတင်ဆက်မှုများက တစ်ဆင့် မြန်မာ့လူ့အဖွဲ့အစည်း ကို သာယာပါစေ။ အေးမြပါစေ။ ပျော်ရွှင်ပါစေ။ ဖျော်ဖြေတင် ဆက်မှုတိုင်းဟာ နိုင်ငံတော်တည် ဆောက်ရေးမှာ တစ်တပ်တစ် အား ပါဝင်နိုင်ပါစေ။ အနုပညာ ဖြင့် လောကကို လှပပါစေ။

7Day News Journal

No comments:

Post a Comment