Latest News

Thursday, March 9, 2017

အနုပညာရှင်များအတွက် ရွှေဝတ်စုံ စီစဉ်ပေးမယ့် ဒီဇိုင်နာ အောင်မြတ်သူ (Aroma)

အနုပညာရှင်များအတွက် ရွှေဝတ်စုံ စီစဉ်ပေးမယ့် ဒီဇိုင်နာ အောင်မြတ်သူ (Aroma)

အကယ်ဒမီပေးပွဲတက်ရောက်ဖို့ ဖြစ်ပါတယ်။

၂၀၁၆ခုနှစ်အကယ်ဒမီပေးပွဲကတော့ မကြာခင်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီနှစ် အကယ်ဒမီပေးပွဲမှာတော့ ရွှေဝတ်စုံနဲ့ ပွဲတက်မယ့် အနုပညာရှင်တွေများနေပါတယ်။ အဲ့ဒီအနုပညာရှင်တွေအတွက် တာဝန်ယူထားတဲ့ ဒီဇိုင်နာတွေကလည်း အကောင်းဆုံး ဒီဇိုင်များနဲ့ ရွှေဝတ်စုံများကို ပုံဖော်နေကြတဲ့ ဒီဇိုင်နာတွေထဲမှာ  ဒီဇိုင်နာ ကိုအောင်မြတ်သူ (Aroma)လည်း ပါဝင်နေပါတယ်။

သူကတော့ မြန်မာပြည်သိန်းတန်အတွက် သိန်း(၂၀၀)တန်ဖိုးရှိ ရွှေဝတ်စုံကို စီစဉ်ပေးမှာဖြစ်သလို အနုပညာရှင်(၁၀)ယောက်ကျော် အတွက် ရွှေဝတ်စုံကို ပြင်ဆင်ချုပ်လုပ်နေတာဖြစ်ပါတယ်။ ဒီဇိုင်နာ ကိုအောင်မြတ်သူအနေနဲ့ ရွှေဝတ်စုံများအတွက် (၂)လပိုင်း ကတည်းက အစီအစဉ်ဆွဲခဲ့တာဖြစ်ပြီး မြန်မာပြည်သိန်းတန်ဝတ်မယ့် ဝတ်စုံအတွက် ရွှေနဂါးကို စီစဉ်နေပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး Duwun Media ကို ယခုလိုပြောပြခဲ့ပါတယ်။

"ကျွန်တော့်တို့ Aroma က ဒီနှစ်အကယ်ဒမီပေးပွဲမှာ  ဆင်မြန်းပေးမယ် အကယ်ဒမီဝတ်ဆုံတွေကို ရွှေဝတ်စုံတွေချုပ်လုပ်ပေးမယ်လို့ ပရိသတ်တွေကို အသိပေးထားပါတယ်။ ဒီဝတ်စုံတွေအတွက်ကို (၂)လပိုင်းလောက်ကတည်းက အစီအစဉ်ဆွဲထားတာပေါ့။ အခုလက်ရှိချုပ်နေတာက မြန်မာပြည်သိန်းတို့ ဇနီးမောင်နှံအတွက် လုပ်နေပါတယ်။ အရောင်ကတော့ မော်ဒယ်စိမ်းရောင်လေး လုပ်ထားတယ်။ တိုက်ပုံအင်္ကျီမှာတော့ ရွှေနဂါးလုပ်ပေးထားမယ်ပေါ့။ နဂါးရဲ့အရှည်ကတော့ ၁၅လက်မလောက်လိုချင်တယ်လို့ ရည်မှန်းထားတယ်။ အဲ့အတိုင်းကိုလည်း ဝိန့်စိန်စိန်ရွှေရတနာဆိုင်က လုပ်ပေးထားပါတယ်။ အဲ့လိုပဲ ကျန်တဲ့ အနုပညာရှင်တွေရဲ့ ဝတ်စုံတွေကိုလည်း ကျွန်တော်က ဒီဇိုင်းဆွဲပြီး ပြောပြတယ်။သူတို့က ကျွန်တော်ပြောတာနဲ့ ကိုက်ညီအောင် ခတ်လုပ်ပေးနေပါတယ်။ အဲ့အတွက် ကျွန်တော့်ကို ဝိုင်းဝန်းကူညီပေးကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံး ကျေးဇူးတင်ပါတယ်" လို့ သူက ဆိုထားပါတယ်။

ဒီနှစ်အကယ်ဒမီပေးပွဲအတွက် Aroam မှ  ရွှေဝတ်စုံချုပ်လုပ်ဆင်မြန်းပေးမယ့် အနုပညာရှင်များကတော့ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ ပွင့်၊ နဒီဝင့်နိုင်၊ မေမြင့်မိုရ်၊ စိုးနန္ဒာကျော်၊ သက်သခင်၊ လှလှမိုး၊ နီနီမင်းသူ၊ ပိုးကြာဖြူ၊ မြန်မာပြည်သိန်းတန်တို့ ဇနီးမောင်နှံ၊ ကောင်းပြည့်၊ သူရိယ၊ စိန်လင်း၊ မိုးယံဇွန်၊ ရှင်းမြတ်၊ ရိုတတို့ဖြစ်ပါတယ်။ သူတို့အားလုံးကို ရွှေဝတ်စုံဆင်မြန်းပေးနိုင်ဖို့အတွက် ပြင်ဆင်လျက်ရှိတယ်လို့ သိရပါတယ်။

Duwun

No comments:

Post a Comment