Latest News

Wednesday, March 15, 2017

အခေါင်းပေါ်မှာ Sexy ပိုင်းဆိုင်ရာအကတွေ ကပြနေတဲ့ သူ


လူသေဆုံးမှုအပေါ် လိုက်လံ ပိုဆောင်သူတွေဟာအများအားဖြင့် ၀မ်းနည်းပူဆွေးမှုဖြစ်ကြပေမယ့်
မကြာသေးမီက  လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ဗွီဒီယိုဖိုင်ကတော့ သေသူအလောင်း ထည့်ထားတဲ့
 ခေါင်းတလားပေါ်ကောင်မလေးနှစ်ဦးက  Sexy ပိုင်းဆိုင်ရာအကနဲ့ဖျော်ဖြေတာတွေလုပ်ခဲ့တယ်လို့သိရပါတယ်။ ကောင်မလေးနှစ်ဦး ဟာခေါင်းတလားပေါ်မှာ ပေါင်းရင်းအထိဘောင်းဘီအတိုတွေဝတ်ပြီး
ကနေတာဖြစ်ပါတယ်။

အဲဒီအမျိုးသမီးလေး ကနေစဉ်မှာ တစ်ယောက်က အပေါ်က စကပ်ကို ရအောင်လှန်ပြီး တင်ပါးကို
တဖြန်းဖြန်းရိုက်နေပုံကိုတွေရတယ်လို့ ရုပ်သံဖိုင်ကိုတွေရသူတွေကပြောပါတယ်။
နောက်မကြာမီမှာပဲ  အသားကပ် ဘောင်းဘီကို ၀တ်ထားတဲ့ အမျိုးသမီးလည်း ခေါင်းတလားကို ခွပြီးတက်လာပြီးအခေါင်းပေါ် လိင်ပိုင်းဆိုင်ရာဆဲဆောင်မှုရှိစေတဲ့အကတွေကပြခဲ့လို့ ပရိသတ်တွေ စိတ်ဝင်စားခဲ့တယ်လို့သိရပါတယ်။ ဒီလိုဘာကြောင့် က,ရတာလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိကြသေးပါဘူး။
ဒီဗွီဒီယိုဟာ ဗင်နီဇွဲလား သို့မဟုတ် ကိုလံဘီယာနိုင်ငံမှာ ရိုက်ကူးခဲ့တာ ဖြစ်ဖွယ်ရှိပါတယ်။
အသုဘရှုလာ ပရိသတ်တွေကလည်း နောက်ခံသီချင်းနဲ့အတူ မြူးတူး ပျော်ပါးနေကြပါတယ်။
ref vn
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment