ရပ်စောက်မြို့ပေါ်ကနေတရားမဝင် ပိတောက်သစ်မာနဲ့သစ်မလန်းသစ်မာများ
ရပ်စောက်မြို့ထဲကိုဖြတ်သန်းပြီး တရုတ်ပြည်ထဲပေါ်ပေါ်တင်ခိုးပို့နေသော်လည်း
သစ်တောနှင့် သက်ဆိုင်ရာဌာနများမှ လာဘ်ယူပြီးမသိမမြင်သလိုလုပ်နေတဲ့အကြောင်း
ပြည်ထောင်စုဝန်ကြီးနဲ့ သမ္မတ မှ သိစေချင်ပါတယ်လို့ တိုင်းဧရာသို့ စာရေးသား
ပေးပို့လာပါတယ်။
ရပ်စောက်မြို့နယ်နှင့် ၆မိုင်ကွာနှင့်၁၂မိုင်ကွာလောက်ကနေထွက်ရှိတဲ့သစ်များကို
ပန်းမဲ့ကျေးရွာ၊မုံပြင်ကျေးရွာ၊ရေဦးကျေးရွာများကနေ ညစဉ် ဆယ်ဘီးကား ဆယ့်နှစ်ဘီးကားများ နှင့်
ပို့ဆောင်နေပြီး ဗမာစကားမတတ်တဲ့တရုတ်ပွဲစားများကလာရောက်ဝယ်ယူနေတယ်လို့ ဆိုပါတယ်။
ည ၁၁ နာရီကျော်သည်နှင့် သစ်သယ်ဆောင်သည့်ကားများမှာ မြိုလည်ခေါင်ကျောက်တိုင်အ၀ိုင်းမှ
ပတ်ပြီးသွားလာနေသည်ကို ယာဉ်ထိန်းများလည်း ညအိပ်စောင့်ပြီးဖမ်းဆီးပါလျက် တစ်စီးမှ
ဖမ်းဆီးမိခြင်းမရှိသေးဘူးလို့ရေးလာပါတယ်။
၂၈ -၃-၂၀၁၆ နံနက် ၁နာရီနင့်၃နာရီအကြား ၁၀ဘီးကားနှင့်၁၂ဘီးကားသစ်များကိုသယ်ဆောင်
ထွက်သွားကြောင်းဓာတ်ပုံနှင့်တကွပေးပို့လာခြင်းကိုတိုင်းဧရာမှ နိုင်ငံတော်အစိုးရတာဝန်ရှိသူများသိရှိပြီး
တိုင်းပြည်သံယံဇာတများ ယိုဖိတ်ခြင်းကိုအမြန်ဆုံးကာကွယ်နိုင်ရန်တင်ပြလိုက်ရပါတယ်။
ကျေးဇူးပြု၍ရှယ်ပေးကြစေလိုပါတယ်။
တိုင်းဧရာ
Tuesday, March 28, 2017
ရပ်စောက်မြို့ပေါ်ကနေတရားမဝင် ပိတောက်သစ်မာနဲ့သစ်မလန်းသစ်မာများ တရုတ်ပြည်သို့ ခိုးပို့နေခြင်း
ရပ်စောက်မြို့ပေါ်ကနေတရားမဝင် ပိတောက်သစ်မာနဲ့သစ်မလန်းသစ်မာများ တရုတ်ပြည်သို့ ခိုးပို့နေခြင်း
Reviewed by timeayeyar
on
12:41 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment