Latest News

Sunday, March 12, 2017

ရန်ကုန် ဓာတ်ပုံပြပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးစကားဦးစားပေးပြော

ရန်ကုန် ဓာတ်ပုံပြပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးစကားဦးစားပေးပြော



တစ်ဦးနှင့်တစ်ဦး နား လည်မှုမရဘဲ ပဋိပက္ခငြိမ်းအေးပြီး ငြိမ်းချမ်းရေးရရှိနိုင်မည်မဟုတ် ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မတ်လ ၁၁ ရက်က ရန်ကုန် မြို့ရှိ ပြင်သစ်ယဉ်ကျေးမှုဌာနတွင် ပြုလုပ်သော ကိုးကြိမ်မြောက် ရန်ကုန်ဓာတ်ပုံပွဲတော် အဖွင့်မိန့် ခွန်း၌ ဒေါ်အောင်ဆန်းစုကြည် က အထက်ပါအတိုင်း ပြောကြား ခဲ့သည်။

‘‘ကျွန်မတို့ အဓိကထားလုပ် နေတဲ့ကိစ္စဟာ ငြိမ်းချမ်းရေးကိစ္စ ဆိုတာလည်း အများနားလည်သိ ရှိပြီးဖြစ်မယ်ထင်ပါတယ်။ ငြိမ်း ချမ်းရေးရဖို့ဆိုတာ အခြေခံအား ဖြင့်တော့ တစ်ယောက်နဲ့တစ် ယောက်နားလည်ဖို့ပါပဲ။ တစ် ယောက်နဲ့တစ်ယောက် နားလည် မှုမရဘဲနဲ့ ဘယ်လိုမှ ပဋိပက္ခကြီး ကို ငြိမ်းအေးသွားအောင် လုပ်နိုင် မှာမဟုတ်ပါဘူး’’ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။ ၎င်းက ၂၀၁၇ ကို ငြိမ်းချမ်းရေး နှစ်ဟု သတ်မှတ်ထားပြီး ဇန်န၀ါရီ ကစတင်ကာ ငြိမ်းချမ်းရေးစကား ၀ိုင်းများ လစဉ်ပြုလုပ်နေသည်။

ရန်ကုန်ဓာတ်ပုံပွဲတော်ကို ရွှေဝါရောင်တော်လှန်ရေးအ ပြီးတွင် စတင်ခဲ့ပြီး ယခုနှစ်သည် ကိုးကြိမ်မြောက်ဖြစ်ကာ ဒေါ် အောင်ဆန်းစုကြည်  တက် ရောက်သည်မှာ ခြောက်နှစ် ရှိပြီဖြစ်သည်။ ယင်းခြောက်နှစ်အ တွင်း တစ်နှစ်နှင့် တစ်နှစ်မထပ်ဘဲ အလွန်စိတ်ဝင်စားဖွယ်ကောင်း သည့် ပွဲတော်ဖြစ်၍ လူငယ် ဓာတ်ပုံဆရာများ၏ ဆန်းသစ် သည့် အမြင်များကို ချီးကျူး စကားဆိုခဲ့သည်။ လူငယ်များ၏ အလားအလာကောင်းများကို လည်း အားပါးတရအသိအမှတ် ပြုနိုင်ခဲ့ကြောင်း ၎င်းက ပြော သည်။

မြန်မာနိုင်ငံမှ ဓာတ်ပုံဆရာ များ၏ ဓာတ်ပုံများ ပါဝင်ယှဉ် ပြိုင်ကြသည့် အဆိုပါပွဲတော်ကို မတ်လ ၃ ရက်မှ ၁၉ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် လည်း ဓာတ်ပုံများ   ခင်းကျင်းပြသ လျက်ရှိသည်။

ဓာတ်ပုံအနုပညာများမှတစ် ဆင့် မတူညီသည့် ယဉ်ကျေးမှု နယ်ပယ်မှ ပုဂ္ဂိုလ်များအချင်းချင်း ကြား တူညီသည့်အခြေခံများရှိ သည်ကို မြင်နိုင်၍ လူမှုရေးစိတ် ဓာတ်ဖြင့် ယခုဓာတ်ပုံပြပွဲကို အားပေးခြင်းဖြစ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ဆက် လက်ပြောသည်။ ၎င်းသည် ယင်း ဓာတ်ပုံပြပွဲ၏ အကဲဖြတ်ဒိုင်လည်း ဖြစ်သည်။

‘‘အနုပညာကို အားပေး တယ်ဆိုတာ ကမ္ဘာသူ၊ ကမ္ဘာသား များအားလုံးကို ဆက်နွှယ်ပေး ထားတဲ့ ဘာသာရပ်တစ်ခုကို အားပေးတာပါပဲ။ အနုပညာက နေစပြီး ကျွန်မတို့အားလုံးဟာ တစ်ယောက်နဲ့တစ်ယောက်ကို နားလည်မှုယူနိုင်ပါတယ်။ ကိုယ် နဲ့မတူဘူးလို့ထင်ရတဲ့ ယဉ်ကျေးမှု က ပုဂ္ဂိုလ်များနဲ့ တကယ်တော့ လည်း တူညီတဲ့ အခြေခံသဘော ထားတွေရှိပါလားဆိုတဲ့ အမြင်ကို ရနိုင်ပါတယ်။ ဒါကြောင့်မို့ ဒီလိုပွဲ တော်ကို ကျွန်မတို့က အားပေး တာဟာ အနုပညာစိတ်ဓာတ်နဲ့ တင်မဟုတ်ပါဘူး။ လူမှုရေးစိတ် ဓာတ်နဲ့အားပေးတာဖြစ်ပါတယ်’’ ဟု ပြောကြားသည်။ မတူညီ သည့် ယဉ်ကျေးမှုများ၊ အမြင် များကြားတွင် ငြိမ်းချမ်းမှု၊ နား လည်မှုရရန် လုပ်ဆောင်သည့် မည်သည့်အခမ်းအနားကိုမဆို ကျေးဇူးတင်ကြိုဆိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆို သည်။



7Day News Journal

No comments:

Post a Comment