Latest News

Sunday, March 12, 2017

မောင်တောနယ်ခြားစောင့် ရဲဌာနချုပ်ကို တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးဖမ်းမိ

မောင်တောနယ်ခြားစောင့် ရဲဌာနချုပ်ကို တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးဖမ်းမိ


 မောင်တောအခြေ စိုက် အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး (ဌာနချုပ်) ကို အကြမ်းဖက်တိုက်ခိုက်ခဲ့ သည့် အကာလ်မူလ်မူဂျာဟီဒင်န် အဖွဲ့ဝင်တစ်ဦးကို နယ်စပ်လုံခြုံ ရေးတပ်ဖွဲ့ဝင်များက မောင်တော မြို့နယ် ဆင်သေပြင်အနောက်ရွာတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အကြမ်းဖက်အဖွဲ့ ၀င်သည် မောင်စိုး (ခ) ရှောင်ရှူး အာလောင်ဖြစ်ပြီး ၎င်းကို မတ်လ ၆ ရက်က ဆင်သေပြင်အနောက် ရွာ၊ ဗလီရှေ့ ရွာလယ်လမ်း၌ အ ရိုးအသွား ကိုးလက်မခန့်ရှိ ခေါက် ဓားတစ်ချောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသုံး ဆင်းမ်ကတ်ပါ လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ဖမ်း ဆီးရမိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး  သတင်းထုတ်ပြန် ရေးကော်မတီက မတ်လ ၁၀ရက်တွင် သတင်းထုတ်ပြန်သည်။

ဖမ်းဆီးရမိသူကို စုံစမ်းစစ် ဆေးမှုများပြုလုပ်ရာ နယ်ခြား စောင့်ရဲစခန်းများကို အကြမ်းဖက် တိုက်ခိုက်ခဲ့သည့် အကာလ်မူလ် မူဂျာဟီဒင်န်အဖွဲ့ဝင် တစ်ဦးဖြစ် ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ သည်ဟု ထုတ်ပြန်ချက်၌ ပါရှိ သည်။

မောင်တောအခြေစိုက် နယ် ခြားစောင့်ရဲဌာနချုပ်နှင့် ရဲစခန်း သုံးခုကို ပြီးခဲ့သည့် ၂၀၁၆ အောက်တိုဘာ ၉ ရက်က အ ကာလ်မူလ်မူဂျာဟီဒင်န် အကြမ်း ဖက်အဖွဲ့နှင့် ဒေသတွင်း အစွန်း ရောက် ဘင်္ဂါလီများ စီးနင်းတိုက် ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲ တပ်ဖွဲ့ဝင် ကိုးဦးသေဆုံးကာ ရဲ တပ်ဖွဲ့ဝင်နှင့် အရပ်သားလေးဦး ဒဏ်ရာရရှိခဲ့သည်။



7Day News Journal

No comments:

Post a Comment