Latest News

Thursday, March 23, 2017

သရုပ်ဆောင်ရဲတိုက် ပြစ်ဒဏ်မှ လွတ်မြောက်ရန် ရှစ်လခန့်သာလိုဟု ဆို

သရုပ်ဆောင်ရဲတိုက် ပြစ်ဒဏ်မှ လွတ်မြောက်ရန် ရှစ်လခန့်သာလိုဟု ဆို

မူးယစ်ဆေးဝါးမှုဖြင့် ပြစ်ဒဏ်ကျခံနေရသည့် သရုပ် ဆောင် ရဲတိုက်၏ ကျန်းမာရေး ကောင်းမွန်နေပြီး  ပြစ်ဒဏ်မှ လွတ်မြောက်ရန် ရှစ်လခန့်သာလိုကြောင်း ဆာတိုရီထုတ်လုပ်ရေးမှ ဒါရိုက်တာရီဇော်က ပြောသည်။

‘‘နောက်နှစ်အကယ်ဒမီပွဲဆို ရင်တော့ ရဲတိုက်ကိုမြင်ရပါပြီ။ ခန့်မှန်းခြေ ခုနစ်လ၊ ရှစ်လ၀န်းကျင်လောက်ကျန်တယ်။ ရဲတိုက်ကျန်းမာရေး အခြေအနေကောင်းတယ်။ စိတ်ဓာတ်လည်း အပြည့်ပဲတက်ကြွနေတယ်’’ ဟု ပြီးခဲ့သည့်ရက်ပိုင်းက တောင်ငူထောင်တွင် ရဲတိုက်နှင့် သွားရောက်တွေ့ဆုံခဲ့သည့် ဒါရိုက်တာ ရီဇော်က ပြောသည်။ ရဲတိုက်လွတ်မြောက်လာ လျှင် ဆာတိုရီထုတ်လုပ်ရေးနှင့် ဇာတ်ကားများ ပြန်လည်ရိုက်ကူး ရန် အစီအစဉ်ရှိကြောင်း ၎င်းက ဆိုသည်။

ရဲတိုက်သည် ၂၀၁၃ ဇူလိုင် ၂၅ ရက်က ဆေးခြောက်အနည်း ငယ်လက်ဝယ်တွေ့ရှိမှုဖြင့် အ လုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက် နှစ်ချမှတ်ခံခဲ့ရသည်။ ယင်းအမိန့် ကို အယူခံဝင်ခဲ့ရာ တစ်နှစ်လျှော့ပေါ့ပေးခဲ့ပြီး ငါးနှစ်ချမှတ်ခံခဲ့ရသည်။ ထို့ပြင်ဘုရား ကျောင်းဝင်းအတွင်းသို့ ၀င်ရောက်၍ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ ၂၀၁၄ စက်တင်ဘာ၌ ဗိုလ်တထောင်မြို့နယ်တရားရုံးက ဘာသာ သာသနာညှိုးနွမ်းစေမှုဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့သည်။ ထို့ကြောင့် ရဲတိုက်သည် အမှုနှစ်မှုပေါင်း ထောင်ဒဏ်ခြောက်နှစ် ကျခံနေရသည်။

ရဲတိုက်သည် ပြစ်ဒဏ်ကျခံ နေစဉ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်ရရှိသည်ဟု ကောလာဟလများ မကြာခဏထွက်ပေါ်ခဲ့သည်။

 ရဲတိုက်ကို လွတ်ငြိမ်းချမ်း သာခွင့်ပေးပါက ထည့်သွင်းစဉ်း စားပေးရန် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အပါအ၀င် အနုပညာရှင် ၁၀၀ ဦး ပါဝင်လက်မှတ်ရေးထိုး၍ သမ္မတ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးထံ ၂၀၁၅ စက်တင်ဘာက အသနားခံစာတင်ခဲ့သည်။

 ‘‘အရင်ပြစ်ဒဏ်ချတာကို အရင်ကျခံရတာဆိုတော့ မူးယစ် ဆေးမှုနဲ့ဟာက ရက်ပြည့်နေပြီ။ ကျော်နေပြီ။ ဘုရားကျောင်းဟာ ကျန်နေတာပေါ့’’ ဟု ဒါရိုက်တာ ရီဇော်က ပြောသည်။ ( 7Day )

No comments:

Post a Comment