Latest News

Tuesday, March 7, 2017

ဝက်ဝံပေါက်လေး ၂ ကောင်အား စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ထံ ပေးအပ်

ဝက်ဝံပေါက်လေး ၂ ကောင်အား စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ထံ ပေးအပ်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာတွေ့ရှိခဲ့တဲ့  ဝက်ဝံပေါက် ၂ ကောင်ကို မတ်လ ၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့တယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီဟန်ကပြောပါတယ်။

“ဆရာတော်ဦးအာသဖက အသက် ၂ လခန့်အရွယ်ရှိ ဝက်ဝံပေါက်အထီး နှစ်ကောင်ကို ကျနော်တို့အဖွဲ့ကို ပေးအပ်ခဲ့တဲ့အတွက် မတ်လ ၄ ရက်နေ့မှာ မုံရွာမြို့ကို သယ်ဆောင်ခဲ့ပြီး ၅ ရက်နေ့ နံနက်ပိုင်းအချိန်မှာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဦးမြင့်နိုင်ဆီကို အပ်နှံခဲ့ပါတယ်။ ဝန်ကြီးချုပ်မှတဆင့် တိုင်းသစ်တောညွှန်မှူး ဦးခင်မောင်ဝင်းဆီကို ဆက်လက်လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်” လို့ ဗန်းမောက်မြို့နယ် မဲဆန္ဒနယ်အမှတ်-၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီဟန်က ပြောပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းက ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်းမှာ ဝက်ဝံပေါက်  ၂ကောင် ကိုတွေ့ရှိတာဖြစ်ပြီး တောထဲ ပြန်လွှတ်ဖို့ ငယ်သေးသလို တရုတ်ပြည်ကို ရောင်းစားမခံရအောင်လို့ ဒေသခံတွေက သက်ဆိုင်ရာကို အပ်နှံခဲ့တာဖြစ်ပါတယ်။

သတင်း - ကိုကျော်(အင်းတော်)
DVB

No comments:

Post a Comment