Latest News

Tuesday, March 7, 2017

ကိုဆွေဝင်းကိုဆက်သွယ်ရေးပုဒ်မ၆၆(ဃ)နဲ့ အမှုဖွင့်

ကိုဆွေဝင်းကိုဆက်သွယ်ရေးပုဒ်မ၆၆(ဃ)နဲ့ အမှုဖွင့်

၇ မတ်၊ရန်ကုန်။

Myanmar Now မှ သတင်းထောက်ချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးပုဒ်မ၆၆(ဃ)နဲ့ မန္တလေးမဟာအောင်မြေမြို့နယ် အမှတ် ၇ စခန်းမှာ အမှုဖွင့်တိုင်ကြားလိုက်ပြီလို့ သိရပါတယ်။

သတင်းထောက် ချုပ် ကိုဆွေဝင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမျိုးဘာသာသာသနာစောင့်ရှောက်ရေး မ.ဘ.သ အဖွဲ့အစည်း မှ ဆရာတော်ဦးဝီရသူကို "ဝီရသူ ပါရာဇိကကျပြီး ရဟန်းဘဝ နိဌိတံသွားပြီဖြစ်ကြောင်း ပါရာဇိက အခုမှကျတာတော့ မဟုတ်လောက်ဘူး"ဆိုတဲ့ စကားလုံးများကို ဖေ့ဘွတ်ခ် လူမှုကွန်ရက် သူရဲ့အကောင့်မှာ ရေးသားဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။

အဲသည်လို တင်ပြီးတဲ့နောက်မှာ ဆရာတော်ဦးဝီရသူဘက်မှ ကိုဆွေဝင်းကို ၇ရက်အတွင်း ပြန်လည်တောင်းပန်ဖို့ သူ့ရဲ့ အကောင့်မှာ ပြန်လည်ရေးသားခဲ့တယ်လို့ သိရပါတယ်။

ကိုဆွေဝင်းမှပြန်လည်တောင်းပန်ခဲ့ခြင်းမရှိခဲ့တဲ့ အတွက် ယခု ၇ ရက်မြောက်နေ့မှာ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်တယ်လို့ အမှတ် ၇ ရဲစခန်းမှ ရဲအုပ်ကျော်သူက ပြောပါတယ်။

"အမှုဖွင့်တဲ့ ကိုကျော်မျိုးဆွေက မဘသ အဖွဲ့စည်းကပဲဗျ ခုနှစ်ရက်အတွင်း ပြန်ပြီးမတောင်းပန်လို့ အမှုဖွင့်ရခြင်းဖြစ်တယ်လို့ သိရတယ်ဗျ"လို့ ပြောပါတယ်။

ကိုဆွေဝင်းကို မန္တလေး မဘသ အဖွဲ့အစည်းမှ ကိုကျော်မျိုးဆွေဆိုသူ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ ဒီကနေ့ည ၁၁ နာရီလောက်က လာရောက်တိုင်ကြားခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
Author/ဝင်းနန္ဒာ
Kumudra

No comments:

Post a Comment