Latest News

Monday, March 6, 2017

လက်ထဲက ဖုန်းကို မချတမ်း ကြည့်နေတတ်တဲ့ အကျင့်ကို ဖျောက်ပစ်မလဲ

လက်ထဲက ဖုန်းကို မချတမ်း ကြည့်နေတတ်တဲ့ အကျင့်ကို ဖျောက်ပစ်မလဲ


သင့် ဖုန်းကနေ ဂျီမေးလ် (Gmail) ကို ဘယ်နှမိနစ်ကြားတစ်ခါ ဖွင့်စစ်နေမိသလဲဆိုတာ သတိထားကြည့်ကြည့်ပါ။ ဖုန်း လော့ခ် ဖွင့်လိုက်တာနဲ့ သင် မဖတ်ရသေးတဲ့ အီးမေးလ်တွေက အပုံကြီးဖြစ်မနေဘဲ တစ်စောင်၊ နှစ်စောင်လောက်ပဲ ဖြစ်နေတာကိုကော သတိထားမိလား။ ဘာကြောင့်လဲဆိုတော့ သင်က တစ်ချိန်လုံး အီးမေးလ်စစ်ဖို့ ဖုန်းကို ဖွင့်ပြီး ကြည့်တတ်တဲ့ အကျင့် ဖြစ်နေလို့ပါ။


စမတ်ဖုန်းတွေ မပေါ်ခင် ခလုတ် ဖုန်းခေတ်တုန်းက တစ်ရက်တာ ဖုန်းအသုံးပြုချိန်က (၁၈) မိနစ်သာ ရှိခဲ့ပါတယ်။ အခုတော့ အမေရိကန်နိုင်ငံမှာဆိုရင် တစ်ရက်ကို (၅) နာရီအထိ စမတ်ဖုန်း သုံးလာကြတာကို စစ်တမ်း ကောက်ယူ ရရှိခဲ့ပါတယ်။ ကလေးတွေကလည်း အားလပ်ချိန်မှာ အိုင်ပတ် (Ipad) တွေ၊ ဖုန်းတွေနဲ့ ဂိမ်းဆော့တာက ၂၀% လောက် ပိုလာတယ်လို့ ဆိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင်ပြီး စိန်ပြေးလိုက်တိုင်း ဆော့တာမျိုးကတော့ ဝေလာဝေး ဖြစ်နေပြီး ဒီကနေ့ခေတ် မမြင်ရသလောက်ပါပဲ။


စမတ်ဖုန်းကို ဘာလို့ လက်ထဲနေ မချနိုင်လောက်အောင် ဖြစ်နေကြရတာလဲ။ ဖေ့စ်ဘွတ်ခ် စွဲလန်းမှုက ကိုကင်းကဲ့သို့ ဦးနှောက်ကို သက်ရောက်မှုရှိပြီး ဖုန်းပွတ်နေတာက နေ့စဉ်ဘဝရဲ့ စိတ်ဖိစီးမှုများ၊ စိတ်မတည်ငြိမ်မှုများနဲ့ အထီးကျန်ဆန်မှုတွေကို ခဏတာ မေ့သွားစေနိုင်လို့ သုံးကြတာ ဖြစ်ပါတယ်။ အပျင်းပြေသုံးရင်းနဲ့ အချိန်ဖြုန်းလို့ ကောင်းတယ်ဆိုပေမယ့် တကယ်က တန်ဖိုးရှိတဲ့ သင့်ဘဝရဲ့ အချိန်နာရီတွေကို ဖုန်းစကရင်မ်ပေါ်မှာ တဝဲလည်လည် ဖြုန်းတီးပစ်နေတာပါ။


ဒီတော့ ဖုန်း တစ်ချိန်လုံး သုံးနေတဲ့အကျင့်ကို ဘယ်လို ဖျောက်ပစ်မလဲ။ ဒီအဆင့် (၆) ဆင့်ပါတဲ့ နည်းလမ်းက စမတ်ဖုန်းသုံးတဲ့ အကျင့်တစ်ခုတင် ဖျောက်ဖို့ မဟုတ်ပါဘူး။ သင့်ဘဝတစ်လျှောက် အပြောင်းအလဲတစ်ခုခု လုပ်ဖို့ လိုအပ်တဲ့ အချိန်တိုင်းမှာ သုံးနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။


(၁) "ငါ ဖုန်း သုံးလို့မရဘူး"လို့ ဘယ်တော့မှ မပြောပါနဲ့။ "ငါ ဖုန်း မသုံးဘူး" လို့ ပြောပါ။ နောက်ပြီး သင့်စိတ်ထဲကနေ ဆုံးဖြတ်လိုက်တာထက် ပါးစပ်ကထုတ်ပြီး ပြောလိုက်တာက ၈၀% ပိုပြီး ထိရောက်တယ်လို့ လေ့လာမှုတွေအရ တွေ့ရှိထားပါတယ်။ ဖုန်းကို အချိန်မရွေး စစ်လို့ ရတယ်ဆိုတာ သင် သိနေတာပဲ။ ဒါပေမယ့် သင့်ကိုသင် လေးစားတဲ့အနေနဲ့ ဖုန်းမသုံးဘူး ဆုံးဖြတ်ထားရင် လုံးဝ မသုံးမိပါစေနဲ့။


(၂) ဖုန်းကို သင်နဲ့ လက်လှမ်း မမီနိုင်တဲ့ နေရာမှာ ထားပါ။ အနားမှာ ရှိနေပြီး မကြည့်မိဖို့ဆိုရင် စိတ်ကို တင်းထားရတာပါ။ အဝေးကြီးမှာ ထားထားတဲ့အခါမှာ ထိုင်နေရာကနေ ထပြီး သွားကြည့်ရမှာမို့ မကြည့်ချင်တော့ပါဘူး။ သင့်စိတ်ကို သိပ်ပြီး ချုပ်တည်းနေရတာမျိုး မရှိတော့ပါဘူး။

(၃) အကျင့်ဆိုတာ ဖျောက်လို့ မရပါဘူး။ အကျင့်တစ်ခုကို အစားထိုးလို့ ရပါတယ်။ ဒါကြောင့် သင့်ဖုန်းမှာ သင်တကယ် လိုအပ်တဲ့ အက်ပ် (Apps) တွေကိုပဲ ထည့်ထားပါ။ ကျန်တာတွေ အကုန် ဖျက်ပစ်လိုက်ပါ။


(၄) သင့် အသိမိတ်ဆွေ၊ သူငယ်ချင်းတွေကို ဖုန်းမျက်နှာပြင်ပေါ်ကနေ အဆက်အသွယ် လုပ်နေမယ့်အစား ဖုန်းသာ ကောက် ခေါ်လိုက်ပါ။ သင် တကယ်ဂရုစိုက်တယ်ဆိုရင် သူတို့နဲ့ အပြင်မှာ တွေ့ဖြစ်အောင် စီစဉ်ပါ။ တွေ့ဆုံတဲ့အခါမှာ သင့် ဖုန်းကို သင့်အိတ်ထဲကနေ မထုတ်ဘဲ Silent လုပ်ပြီး ထည့်ထားဖို့ တိုက်တွန်းပါရစေ။

Source : bakadesuyo

Duwun

No comments:

Post a Comment