Latest News

Tuesday, March 14, 2017

ဘတ်စ်ကားဂိတ်နဲ့ အဆောက်အအုံတွေ တည်ဆောက်မည်

ဘတ်စ်ကားဂိတ်နဲ့ အဆောက်အအုံတွေ တည်ဆောက်မည်

ဝိုင်ဘီအက်စ်ကားစနစ်ကို ဇန်န၀ါရီလ ၁၆ ရက်နေ့က စတင်ပြောင်းလဲပြေးဆွဲခဲ့တာဖြစ်ပါတယ်။
ရန်ကုန်၊ မတ် ၁၂ – မင်္ဂလာဒုံထောက်ကြံ့မြေ ၁၉ ဧက ပေါ်မှာ ဘတ်စ်ကားဂိတ် (Bus Terminal) နဲ့ ဈေးဝယ်စင်တာတွေ၊ ရုံးခန်းတွေနဲ့ လူနေအဆောက်အအုံတွေ တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်ဘတ်စ်ကားအများ နဲ့သက်ဆိုင်တဲ့ ကုမ္မဏီကအမှုဆောင်အရာရှိချုပ် ဦးခင်ထွန်းက ပြောပါတယ်။
ရန်ကုန်ဘတ်စ်ကားအများနဲ့ သက်ဆိုင်တဲ့ ကုမ္မဏီက လက်ရှိ BRT- Life ယာဉ်လိုင်းပြေးဆွဲနေပါတယ်။ နောက်ထပ်စီးပွားရေးလုပ်ငန်းအဖြစ် ထောက်ကြံ့ က မြေ ၁၉ ဧကမှာ ဘတ်စ်ကားဂိတ် (Bus Terminal) နဲ့ ဈေးဝယ် စင်တာတွေ၊ ရုံးခန်းတွေနဲ့ လူနေအဆောက်အအုံတွေတည်ဆောက်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။
ရန်ကုန်ဘတ်စ်ကား အများနဲ့သက်ဆိုင်တဲ့ ကုမ္မဏီဟာ ၂၀၁၅ ခုနှစ်မှာအများ ပိုင်ကုမ္မဏီအဖြစ် စတင်ထူထောင်ခဲ့ပြီး စီးပွားရေးလုပ်ငန်း ၄၈ မျိုးလုပ်ကိုင်ဖို့ နိုင်ငံ တော်က ခွင့်ပြုထားပါတယ်။
ရန်ကုန်မြို့မှာ ဖြစ်ပေါ်နေတဲ့ ယာဉ်ကြောကျပ်တည်းမှု ပြဿနာဖြေရှင်းဖို့ ရန်ကုန် ဘတ်စ်ကားအများနဲ့သက်ဆိုင်တဲ့ ကုမ္မဏီကို အစိုးရက ထည့်ဝင်ငွေကျပ် ၁၀ ဘီလျံ၊ ပုဂ္ဂလိက ကုမ္မဏီခြောက်ခုက ကျပ်သိန်း ၅၀ဝ၀ စီနဲ့ ကနဦး မတည်ရင်းနှီးငွေ ကျပ် ၁၃ ဘီလျံနဲ့ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။
အများပြည်သူကို အစုရှယ်ယာတစ်စုကျပ်တစ်သိန်းနဲ့ နှစ်ကြိမ်ရောင်းချခဲ့ပြီး အစုရှယ်ယာရှင်ပေါင်း ၁၈,ဝ၀ဝ ကျော်က ကျပ် ၃.၃၆၄ ဘီလျံထည့်ဝင်ပါတယ်။ ရန်ကုန်ဘတ်စ်ကားအများနဲ့ သက်ဆိုင်တဲ့ ကုမ္မဏီကလက်ရှိအရင်းအနှီး ၁၆.၃၆၄ ဘီလျံရှိနေတယ်လို့ သိရပါတယ်။
သည်ရင်းနှီးငွေထဲက ကျပ် ၁၀ ဘီလျံကို ဘတ်စ်ကားသစ်တွေဝယ်ယူခဲ့ပြီး BRTLife ယာဉ်လိုင်းအဖြစ် ကမ္ဘာအးဘုရားလမ်းနဲ့ ပြည်လမ်းတို့မှာစတင်ပြေးဆွဲပါတယ်။ နောက်ထပ် ယာဉ်အစီးရေ ၁၀ဝ ထပ်ဝယ်ယူဖို့ရှိနေပါတယ်။ ယာဉ်အစီးရေ ၁၀ဝ  ထဲက ပထမဆုံး စတင်ရောက်ရှိတဲ့ ယာဉ်အစီး ၃၀ ကို ၃၇ ယာဉ်လိုင်းမှာထည့် သွင်းပြေးဆွဲဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Author – ပို့ပို့မြင့်မွန်
Kumudra

No comments:

Post a Comment