စရန်ငွေငါးသိန်း၊ အရစ်ကျနဲ့တန်ဖိုးလတ်အခန်း ၄၆ ခန်းရောင်းမည်
ရေမီး အပြည့်အစုံတပ်ဆင်ထားပြီး ကားပါကင်လည်း ရှိပါတယ်။
ရန်ကုန်၊ မတ် ၁၅ – စရန်ငွေငါးသိန်းပေးပြီးအရစ်ကျစနစ်နဲ့ တန်ဖိုးလတ် ကျပ်သိန်း ၁၀ဝ၊ သိန်း ၃၀ဝ တန် အခန်း ၄၆ ခန်းကို မတ်လ ၁၈၊ ၁၉ ရက်နေ့ အမှတ် ၅၉၊ ပန်းလှိုင်လမ်း (ဟုမ်းလမ်း) မှာ နံနက် ၉းဝ၀ နာရီကနေ ညနေ ၅းဝ၀ နာရီအထိရောင်းချသွားမယ်လို့သိရပါတယ်။
တောင်ဒဂုံ စီးပွားရေးတက္ကသိုလ်အနီးက အိမ်ရာစီမံကိန်းမှ အခန်း ၁၃ ခန်း၊လှိုင်သာယာကျန်စစ်သားအိမ်ရာအနီး အောင်မြေသာယာအိမ်ရာ စီမံကိန်း မှအခန်း ၃၀၊ မြောက်ဒဂုံဗိုလ်မှူးဗထူးအိမ်ရာအနီးအိမ်ရာစီမံကိန်းက အခန်းသုံးခန်းကို ရောင်းချမယ်လို့သိရပါတယ်။
တောင်ဒဂုံ စီးပွားရေးတက္ကသိုလ်အနီးက အခန်း ၁၃ ခန်း အကျယ်ကတော့ ၁၅ ပေx ပေ ၄၀ရှိပြီး ဈေးနှုန်းက အနိမ့်ဆုံးသိန်း ၁၄၀ ကနေအမြင့်ဆုံးသိန်း ၃၀ဝ အထိရှိပါတယ်။ ဝယ်ယူသူတွေအနေနဲ့ ပွဲမှာစဝယ်တာနဲ့ စရန်ကျပ်ငါး သိန်းပေးပြီး အရစ်ကျတစ်နှစ်ပေးသွင်းရပါမယ်။ လူနေထိုင်မှုကိုတော့ ၁၀ဝ ရာခိုင်နှုန်းအကျေပေးပြီးမှ နေထိုင်နိုင်မှာဖြစ်ပါတယ်။
လှိုင်သာယာ ကျန်စစ်သားအိမ်ရာအနီးက အောင်မြေသာယာစီမံကိန်းက အခန်း ၃၀ ရဲ့ အခန်းအကျယ်ကတော့ စတုရန်းပေ ၅၂၈ x စတုရန်းပေ ၆၉၃ ရှိပြီး ဈေးနှုန်းက အနိမ့်ဆုံး ကျပ်သိန်း ၁၆၀ ကနေ အ မြင့်ဆုံး သိန်း ၃၀ဝ အထိရှိပါတယ်။ ဝယ်ယူသူတွေ ပွဲမှာစဝယ်တာနဲ့ စရန်ငွေငါးသိန်းပေးပြီး စာချုပ်ချုပ်တဲ့အချိန်မှာ ၅၀ ရာခိုင်နှုန်းထပ်ပြီးပေးသွင်းရမယ်။ ကျန် ၅၀ ရာ ခိုင်နှုန်းကိုတော့ တစ်နှစ်အရစ်ကျပေးသွင်းရမှာဖြစ်ပါတယ်။ ခုလက်ရှိမှာ ဆောက်လုပ်ပြီးစီးမှု ၇၀ ရာခိုင်နှုန်းရှိပြီး ၂၀၁၈ မတ်လမှာ အခန်းအပ်ပြီး လူနေထိုင်ခွင့်ပေးမယ်လို့ သိရပါတယ်။
မြောက်ဒဂုံဗိုလ်မှူးဗထူးအိမ်ရာအနီး စီမံကိန်းမှာ ငါးလွှာ၊ ခြောက်လွှာ၊ ရှစ်လွှာ အခန်းသုံးခန်းသာရှိပြီး အခန်းအကျယ် ပေ ၄၀ ရှိပါတယ်။ ဈေးနှုန်းကျပ် ၃၈၅ သိန်းဖြစ်ပါတယ်။ စာချုပ်ချုပ်တဲ့အချိန်မှာ ကျပ်သိန်း ၂၀ ပေးရမှာဖြစ်ပြီး ငါးလပိုင်းမှာကျပ်သိန်း ၇၀ ထပ်ပေးရမှာဖြစ်ပါတယ်။ ကျန်ငွေကိုလ ၂၀ ကြာပေးသွင်းရမှာပါ။
အခန်းကို ဝယ်ယူသူတွေအနေနဲ့ ပြပွဲ မတ် ၁၈၊ ၁၉ ရက်အတွင်းလာဝယ်ပါက အတိုးမဲ့အရစ်ကျနဲ့ ရောင်းချမှာဖြစ်တယ်၊ ပြီးတော့အခန်းတွေကိုလဲ precast နဲ့ ဆောက်လုပ်ထားတာမဟုတ်ဘဲ ခိုင်ခံ့တဲ့ Steel Structure နဲ့ အကုန်ကျ ခံဆောက်ထားတာဖြစ်တယ်လို့ ပရောဂျက်ပိုင်းတာဝန်ရှိသူ မဒါနီက ပြောပါတယ်။
မေသက်( Kumudra )
Thursday, March 16, 2017
စရန်ငွေငါးသိန်း၊ အရစ်ကျနဲ့တန်ဖိုးလတ်အခန်း ၄၆ ခန်းရောင်းမည်
စရန်ငွေငါးသိန်း၊ အရစ်ကျနဲ့တန်ဖိုးလတ်အခန်း ၄၆ ခန်းရောင်းမည်
Reviewed by Ar Ti
on
1:12 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment