Latest News

Thursday, March 16, 2017

မန္တလေးထောင်တွင် အကျဉ်းသား ၁ ဦး ထွက်ပြေးရန်ကြိုးစားရင်း ဓာတ်လိုက်သေဆုံး

မန္တလေးထောင်တွင် အကျဉ်းသား ၁ ဦး ထွက်ပြေးရန်ကြိုးစားရင်း ဓာတ်လိုက်သေဆုံး

မန္တလေးမြို့ အကျဉ်းဦးစီးဌာန မန္တလေးဗဟိုအကျဉ်းထောင်မှာ မတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်လောက်က အကျဉ်းသားတဦး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

သေဆုံးသွားတဲ့ အကျဉ်းသားဟာ ထောင်ထဲက ထွက်ပြေးဖို့ကြိုးစားရင်း ထောင်အုတ်နံရံမှာ လျှပ်စစ်ဓာတ်တပ်ဆင်ထားတဲ့ သံဆူးကြိုး နဲ့ချိတ်မိပြီး ဓာတ်လိုက်သေဆုံးတာလို့ အပြင်မှာသတင်းတွေ ထွက်ပေါ်နေပါတယ်။

အဲဒီသတင်းနဲ့ပတ်သက်လို့ အကျဉ်းဦးစီးဌာန မန္တလေးဗဟိုအကျဉ်းထောင်မှာ သွားရောက်စုံစမ်း မေးမြန်းရာ ထောင်တာဝန်ရှိသူတစ်ဦးက ထောင်အုတ်ရိုးမှာကာရံထားတဲ့ ဘရိတ်လိုင်း ဝါယာကြိုး တွေကို ပြုပြင်မှုတွေလုပ်နေရာက လက်ကိုင်ကျောက်စက်ရဲ့ ဝါယာကြိုး ပေါက်ပြဲနေရာကတဆင့် ဓာတ်လိုက်ခဲ့တာဖြစ်ပြီး ထောင်ဆေးရုံကိုပို့ဆောင် ကုသနေရင်း သေဆုံးခဲ့တာလို့ ပြောပါတယ်။

မတ်လ ၄ ရက်နေ့ကလည်း မန္တလေးဗဟိုအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ နှစ်ကြီး အကျဉ်းသားသုံးဦး ထွက်ပြေးဖို့ ကြိုးစားခဲ့ပါသေးတယ်။ အဲဒီအကျဉ်းသားတွေကိုတော့ ထောင်ဧရိယာအတွင်းမှာပဲ ပြန်လည်းဖမ်းဆီးနိုင်ခဲ့ပါတယ်။

သတင်း - ကျော်ကျော်

DVB

No comments:

Post a Comment