ဆရာဆိုတာ
ဆရာဆိုတာ စာသင်ရုံသက်သက်၊ တပည့်တွေကို အချက်အလက်တွေပေးရုံသက်သက်လို့ ခံယူ ထားရင်မှားသွားလိမ့်မယ်။ အချက်အလက်တွေကို သင်ယူခြင်း (Learning) ကတစ်ဆင့် စဉ်းစားတွေးခေါ် နိုင်အောင်၊ ပြဿနာကို ဖြေရှင်းတတ်အောင်၊ အခက်အခဲတွေကို ကျော်လွှားတတ် အောင်လုပ်ပေးနိုင်မှ ဆရာ့ဝတ္တရားကျေတယ်လို့ပြောရမယ်။
ခေတ်သစ်လူ့ဘောင်မှာ ကိုယ့်သင်ကြားမှုကြောင့် တပည့် တစ်ဦး ချင်းစီရဲ့ အမှားအမှန်ခွဲခြားတတ်မှု၊ တာဝန်ယူတတ်မှု စတဲ့အရည်အချင်းတွေရှိလာအောင်လည်း ကူညီပေးဖို့ လိုသေးတယ်။
ဆရာဆိုတာ ပြောင်းလဲမှုတွေကိုကြိုတင်မှန်းဆနိုင်ရမယ်။ အဲဒီပြောင်းလဲမှုတွေနဲ့အညီ တပည့်တွေ လိုက်လျော ညီထွေစွာ ကျင့်ကြံနေထိုင်တတ်အောင်လည်း သင်ပေးနိုင်ရလိမ့်မယ်။
ကိုယ်ကချည်း သင်ပေးမနေပါနဲ့။ သူတို့ ဘာသာ သင်ယူမှုကို ဆက်လက်ဆောင်ရွက်နိုင်အောင် လေ့ကျင့်ပေး သင့်ပါတယ်။
ဆရာတစ်ယောက်ရဲ့ အကြီးမားဆုံးသော စွမ်းဆောင် နိုင်ရည်ဆိုတာ
၁။ စူးစမ်းလေ့လာလိုစိတ်ရှိခြင်း
၂။ ပွင့်လင်းရိုးသားမှုရှိခြင်း
၃။ စမ်းသပ်စစ်ဆေးကြည့်လိုစိတ်ရှိခြင်း
၎။ မိမိအမှားကို ဝန်ခံတတ်ခြင်း
စတဲ့အတုယူစရာ၊ စံပြု စရာအချက်တွေနဲ့ ပြည့်စုံနေရပါလိမ့်မယ်။
ဆရာကိုယ်နှိုက်က သင်ယူခြင်းကိုမြတ်နိုးတဲ့စိတ်ဓာတ် (Love for Learning) ရှိဖို့လိုပါတယ်။ ဒီစိတ်ဓာတ်ကို တပည့်တွေဆီကူးပြောင်းသွား အောင်စွမ်းဆောင်နိုင်မှ ဆရာကောင်းတစ်ယောက်လို့ လက်ခံကြရမှာဖြစ်ပါ တယ်။
Credit to Tin Nyut
Kanaung
Subscribe to:
Post Comments (Atom)
No comments:
Post a Comment