Latest News

Thursday, March 16, 2017

မသန်စွမ်း ကျောင်းသား ၁၅၀ ဦး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆို

မသန်စွမ်း ကျောင်းသား ၁၅၀ ဦး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆို

၂၀၁၇ တက္ကသိုလ်ဝင်စာမေးပွဲတွင် မျက်မမြင်၊ ဆွံ့အနားမကြားနှင့် ကိုယ်လက်အင်္ဂါ မသန်စွမ်းကျောင်းသား ၁၅၀ ဦး ၀င်ရောက်ဖြေဆိုနေပြီး စာဖြေသူ ယခင်နှစ်ထက်မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

မျက်မမြင် စာဖြေသူ ၂၄ ဦး၊ဆွံ့အနားမကြား စာဖြေသူ ၂၅ ဦးနှင့် ကိုယ်လက်အင်္ဂါမသန်စွမ်း စာဖြေသူ ၁၀၁ ဦး ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ စာစစ်ဌာနများတွင် စာမေးပွဲဝင်ရောက်ဖြေနေသည်။

လွန်ခဲ့သည့် ပညာသင်နှစ်က မျက်မမြင်စာဖြေသူ ၁၈ ဦး၊ ဆွံ့အ နားမကြားစာဖြေသူ ၁၁ ဦးနှင့် ကိုယ်လက်အင်္ဂါမသန်စွမ်းစာဖြေသူ ၅၅ ဦး စုစုပေါင်း ၈၄ ဦးဖြေဆိုခဲ့သောကြောင့် ယခုနှစ်တွင် မသန်စွမ်းကျောင်းသား စာဖြေသူဦးရေ ၆၆ဦး မြင့်တက်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားနေသော ရှမ်း ပြည်နယ် လောက်ကိုင်စာစစ်ဌာနတွင် စာဖြေသူ ၁၀၀ ဦး စာရင်းပေးသွင်းထားသည့်အနက် ၈၇ ဦး ဖြေဆိုပြီး မြ၀တီမြို့နယ်ရှိ မြန်မာရွှေ့ပြောင်းမိသားစုများမှ ကျောင်းသား ၁၀၃ ဦး စာမေးပွဲဖြေဆိုနေ သည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို ၀င်ရောက်ဖြေဆိုသူ နည်းပါးလျက်ရှိပြီး ယခုနှစ်တွင် စင်ကာပူနိုင်ငံမှ ဖြေဆိုသူတစ်ဦးနှင့် စမ်းချောင်းမြို့နယ်မှ နှစ်စဉ်ဖြေဆိုနေသူတစ်ဦးရှိကာ တနင်္သာရီတိုင်း ဒေသကြီးမှ ပုံမှန်ဖြေဆိုနေသူတစ်ဦး ပျက်ကွက်ကြောင်းသိရသည်။

၂၀၁၇ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုသော ကျောင်းသားဦးရေသည် ခုနစ်သိန်းတစ်သောင်းကျော်ရှိနေပြီး ယခင်နှစ်များထက် ဖြေဆိုသူ မြင့်တက်ခဲ့သကဲ့သို့ဖြေဆိုရန် ပျက်ကွက်သူဦးရေ ငါးသောင်းကျော်ရှိခဲ့သည်။

ချင်းပြည်နယ်တွင် ဖြေဆိုရန် ပျက်ကွက်သော ကျောင်းသား ၈၅ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်နေပြီး အရေအတွက်အားဖြင့် ရန်ကုန်တိုင်းဒေသကြီးက ပျက်ကွက်သူတစ်သောင်းကျော်ဖြင့် ထိပ်ဆုံး၌ ရှိနေသည်။



7Day News Journal

No comments:

Post a Comment