Latest News

Thursday, March 16, 2017

နေ့စားလပေးမူလတန်းပြ ဆရာ၊ ဆရာမလျှောက်လွှာ ဧပြီ ၁ ရက် စတင်လက်ခံမည်

နေ့စားလပေးမူလတန်းပြ ဆရာ၊ ဆရာမလျှောက်လွှာ ဧပြီ ၁ ရက် စတင်လက်ခံမည်

၂၀၁၇-၁၈ ပညာသင်နှစ်အတွက် အခြေခံပညာမူလတန်း နေ့စား လပေးဆရာ၊ ဆရာမများ ခန့်အပ်ရန် လျှောက်လွှာများကို ဧပြီ ၁ ရက်တွင် စတင်လက်ခံမည်ဖြစ် ကြောင်း သတင်းရရှိသည်။

၂၀၁၇-၁၈ ပညာသင်နှစ်အ တွက် အခြေခံပညာ မူလတန်း ကျောင်းများ လိုအပ်သည့် မူလ တန်းပြရာထူး နေ့စားလပေး ၀န် ထမ်း ငါးသောင်းခန့်အပ်ရန် စီစဉ် ထားပြီး ဧပြီ ၁ ရက်မှ ၂၂ ရက်အ ထိ လျှောက်လွှာလက်ခံမည်ဖြစ် ကာ ရေးဖြေစာမေးပွဲကို ဧပြီ ၃၀ ရက်တွင် ကျင်းပမည်ဖြစ်သည်။

ရေးဖြေစာမေးပွဲ၌ (အင်္ဂလိပ် စာနှင့် အထွေထွေဗဟုသုတ) ဖြေ ဆိုရမည်ဖြစ်ပြီး မေလ ၁၀ ရက် တွင် အောင်စာရင်းထွက်ရှိမည်ဖြစ် သည်။ လူတွေ့စစ်ဆေးခြင်းကို မေလ ၁၄ ရက်တွင် ကျင်းပမည် ဖြစ်ပြီး ခန့်အပ်ထားသူများစာရင်း ကို မေလ ၂၅ ရက်၌ ထုတ်ပြန် ကြေညာမည်ဖြစ်ကြောင်း ပညာ ရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။

‘‘လာမယ့် ပညာသင်နှစ်အ တွက် နေ့စားလပေး ဆရာ၊ ဆရာ မတွေခန့်ဖို့ရှိတယ်။ အရေအ တွက်အားဖြင့် ငါးသောင်းလောက် လျာထားတယ်။ ဒီထက်ပိုချင် လည်း ပိုသွားနိုင်တယ်။ လိုအပ် ချက်ပေါ် မူတည်ပြီး ခန့်အပ်ရမှာ ပါ’’ဟု ပညာရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဒေါက်တာစိုး လင်းက ပြောသည်။

လာမည့် ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်းကျောင်း များ၌ ကျောင်းအုပ်ကြီးတစ်ဦးအ ပါအ၀င် ၎င်း၏ လက်ထောက် လေးယောက်ခန့် ထားရမည့် ဖွဲ့ စည်းပုံတိုးချဲ့ခန့်ထားရမည့်အစီ အစဉ်များကြောင့် နေ့စားလပေး မူလတန်းပြများ ခန့်အပ်ရန် တာ ၀န်ရှိသူများနှင့် ညှိနှိုင်းရမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

ဆရာ လိုအပ်ချက်များ ဖြည့် ဆည်းရာတွင် ဆရာအပြောင်းအ ရွှေ့ကို စတင်ပြုလုပ်မည်ဖြစ်ပြီး ရာထူးတိုး ဆက်လက်ပြုလုပ်ကာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဒေသလိုအပ် ချက်အပေါ် မူတည်၍ ရာထူးတိုး အစီအစဉ် အပြောင်းအလဲရှိနိုင် ကြောင်း ပညာရေးဝန်ကြီးဌာန အ ဆင့်မြင့် အရာရှိတစ်ဦးက ပြော သည်။

၂၀၁၆-၁၇ ပညာသင်နှစ်အ တွက် နေ့စားလပေးမူလတန်းပြ များကို အခြေခံပညာ ဦးစီးဌာနက ၂၀၁၆ ဧပြီ ၁ရက်တွင် စတင်ခေါ် ယူခဲ့ပြီး ယင်းပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေ့စားလပေး မူလတန်းပြ နှစ် သောင်းကျော် ခန့်ထားကြောင်း အခြေခံပညာဦးစီးဌာနများ စာရင်းများအရ သိရသည်။

လာမည့် ပညာသင်နှစ် ၂ နှစ်အတွက် ပညာရေးဝန်ကြီးဌာန က မူလတန်းပြ ရာထူးနေရာများကို တစ်နှစ်လျှင် ငါးသောင်းနှုန်းဖြင့် ဖြည့်ဆည်းခန့်ထားနိုင်ရန် ရည် မှန်းထားပြီး နေ့စားလပေးမူလ တန်းပြ ခေါ်ယူမှုများမှတစ်ဆင့် ခန့်ထားမည်ဖြစ်ကြောင်း၊ ခန့်ထား ပြီးသော နေ့စားလပေးမူလတန်း ဆရာ၊ ဆရာမများကိုလည်း နွေ ရာသီ ရက်တိုသင်တန်းများ တက် ရောက်စေပြီး အမြဲတမ်းဝန်ထမ်း အဖြစ် ခန့်ထားနိုင်ရေး ဆောင်ရွက် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

လက်ရှိတွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာ မူလတန်းကျောင်း ၄၃,၉၃၀ တွင် မူလတန်းပြ ဆရာ၊ ဆရာမ ၁၃၀,၀၀၀ ကျော် ခန့်အပ်ထားကြောင်း သိရသည်။  မြန်မာ့ပညာရေးစနစ်တွင် အစိုးရပညာကျောင်းများ၌ ကျောင်းသား ၉ ဒသမ ၂ သန်းကျော်ရှိပြီး ဆရာ၊ ဆရာမ ၃ ဒသမ ၄ သိန်းကျော် ရှိနေသည်။



7Day News Journal

No comments:

Post a Comment