Latest News

Wednesday, March 22, 2017

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၁ နှစ်ပြည့်မွေးနေ့ အခမ်းအနား ကျင်းပ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၁ နှစ်ပြည့်မွေးနေ့ အခမ်းအနား ကျင်းပ


ငြိမ်းချမ်းရေးဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ၁၄၁ နှစ်မြောက်မွေးနေ့ အခမ်းအနားကို မတ်လ ၂၃ ရက်တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်မှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့သည်။



အဆိုပါအခမ်းအနားသို့ နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိသူများ၊ ကျောင်းသားသမဂ္ဂခေါင်းဆောင်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းအမှတ်တရ စာအုပ်များ လွယ်အိတ်များ ရောင်းချပေးခဲ့သည်။


ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ မွေးနေ့တွင် တပ်မတော်မှ အပစ်အခတ်ရပ်ဆဲကြောင်း ကြေငြာပေးရန်၊ ငြိမ်းချမ်းရေးတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်ခွင့်ပြုရန်၊ ၂၁ ရာစု ပင်လုံညီလာခံမှဖြစ်စေ အခြား စစ်မှန်သော ငြိမ်းချမ်းရေးညီလာခံမှဖြစ်စေ လွတ်လပ်မျှတသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ရေးဆွဲပြဌာန်းပေးရန်တို့ကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်မှ အကြံပြုတောင်းဆိုခဲ့သည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ၁၈၇၆ ခုနှစ်တွင် ပြည်ခရိုင် ရွှေတောင်မြို့နယ် ဝါးလယ်ရွာ၌ မွေးဖွားခဲ့ပြီး ငြိမ်းချမ်းရေး၊ စာပေ၊ အနုပညာနှင့် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။

နောင်နောင်( News Watch )

No comments:

Post a Comment