ပညာရေးဝန်ကြီးဌာနမှ လောက်ကိုင်ဒေသပစ်ခတ်မှုဖြစ်စဉ်တွင် သေဆုံး သွားသော မူလတန်းပြ ဆရာမ ဒေါ်ဗျာမီး အတွက် ထောက်ပံ့ငွေ များပေးအပ်
လားရှိုး မတ် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ အောင်သစ္စာရပ်ကွက်၌ မတ်လ ၂၃ ရက် နံနက် ၉ နာရီအချိန်က လောက်ကိုင်ဒေသပစ်ခတ်မှုဖြစ်စဉ်တွင် သေဆုံးသွားသော မူလတန်းပြ ဆရာမ ဒေါ်ဗျာမီး နှင့် ကျန်ရစ်သူ သမီးငယ်အတွက် ထောပ်ပံ့ငွေများပေးအပ်ကြောင်းသိရသည်။
ပညာရေးဝန်ကြီး၊ ဒုတိယဝန်ကြီး အမှူးပြုသော ပညာရေးဝန်ကြီးဌာနမိသားစုမှ လောက်ကိုင်မြို့နယ်၊ အ. မ .က၊ လောင်အဲချီမှ မူလတန်းပြဆရာမ ဒေါ်ဗျာမီး သည် ၂၀၁၇ မတ်လ ၆ ရက် နံနက် (၂း၀၀)နာရီ အချိန်ပစ် ခတ်မှုဖြစ်စဉ် တွင် သေဆုံး သွားခဲ့ပြီး ကျန်ရစ်ခဲ့သော (၂လခွဲ)အရွယ် သမီးငယ် မဆောင်းဒီဇင်ဘာထွန်း တို့အတွက် ထောက်ပံ့ငွေ ၂၈ သိန်း ၅သောင်းကျပ်ကို ၄င်းတို့၏ နေအိမ်သို့ သွားရောက်၍ ပညာရေးဝန်ကြီး ဌာနကိုယ်စား၊ လားရှိုးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယပါမောက္ခချုပ်၊ လက်ထောက် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိ သူတို့ က အဖိုး၊ အဖွားများဖြစ်ကြသော ဦးဇော်ထွန်း၊ ဒေါ်ကြည်ကြည်လွင် တို့၏လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်းသိရသည်။
ဟန်ဌေး(လားရှိုး)ပြန်/ဆက်
Wednesday, March 22, 2017
ပညာရေးဝန်ကြီးဌာနမှ လောက်ကိုင်ဒေသပစ်ခတ်မှုဖြစ်စဉ်တွင် သေဆုံး သွားသော မူလတန်းပြ ဆရာမ ဒေါ်ဗျာမီး အတွက် ထောက်ပံ့ငွေ များပေးအပ်
ပညာရေးဝန်ကြီးဌာနမှ လောက်ကိုင်ဒေသပစ်ခတ်မှုဖြစ်စဉ်တွင် သေဆုံး သွားသော မူလတန်းပြ ဆရာမ ဒေါ်ဗျာမီး အတွက် ထောက်ပံ့ငွေ များပေးအပ်
Reviewed by Ar Ti
on
11:45 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment