Latest News

Wednesday, March 8, 2017

မြန်မာ-တရုတ်နယ်စပ် ကန်ပိုင်တည်ဂိတ်တွင် ကျောက်စိမ်းရိုင်းတုံးများ တင်ဆောင်လာသည့် ယာဉ်တစ်စီး ဖမ်းမိ

မြန်မာ-တရုတ်နယ်စပ် ကန်ပိုင်တည်ဂိတ်တွင် ကျောက်စိမ်းရိုင်းတုံးများ တင်ဆောင်လာသည့် ယာဉ်တစ်စီး ဖမ်းမိ


မြန်မာ-တရုတ် ကုန်သွယ်ရေးဂိတ်တစ်ခုဖြစ်သည့် ကန်ပိုင်တည် နယ်စပ်ဂိတ်တွင် ကျောက်စိမ်းရိုင်းတုံးများ တင်ဆောင်လာသည့် ယာဉ်တစ်စီး မတ် ၆ ရက်က ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မတ် ၆ ရက် နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမှ ကန်ပိုင်တည် နယ်စပ်ဂိတ်သို့ မှောင်းနှင်လာသော Ipusm လူစီးယာဉ်တစ်စီးသည် ကန်ပိုင်တည်နယ်စပ် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံယူခြင်းမရှိဘဲ ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ တရုတ်-မြန်မာနယ်စပ် လိုဏ်ဂူအနီးတွင် ယာဉ်ရပ်တန့်ကာ ထွက်ပြေးသွားကြောင်း သိရသည်။

ယာဉ်အား စစ်ဆေးရာတွင် ကျောက်စိမ်းရိုင်း ၄၄၃ တုံး၊ အလေးချိန် ၅၄၄ ကီလိုဂရမ်၊ ခန့်မှန်းတန်ဖိုးကျပ်  ၇၆၁၆၀၀ ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် ရဲမှူးကြီး ထွန်းဦးက “အကောက်ခွန်ဥပဒေအရ ပစ္စည်းရော၊ ကားရော သိမ်းထားပါပြီ။ အမှုဖွင့်တာလည်း အကောက်ခွန်ဥပဒေအရ  တရားမ၀င်ပစ္စည်းကို ပင်လယ်ရေကြောင်း ဥပဒေအရ အမှုဖွင့်ထားပါတယ်။ လူကတော့ ကားပစ်ပြီး ထွက်ပြေးသွားတော့ အမှုဖွင့်ဖို့ မရှိသေးဘူး”ဟု ပြောကြားသည်။

ကချင်ပြည်နယ်တွင် ၂၀၁၆ နှစ်ကုန်ပိုင်းလများတွင် ၀ိုင်းမော်မြို့နယ်အတွင်း တရုတ်နိုင်ငံသို့ ခိုးထုတ်မည့် ကျောက်စိမ်းတန် ၅၀ ကျော် ဖမ်းမိခဲ့ပြီး အမှုများ ရင်ဆိုင်ဖြေရှင်းနေကြဆဲဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့အနီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျောက်စိမ်းတူးဖော်ရေးဌာနခွဲ  (မိုးညှင်း) မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားဝင် ကျောက်စိမ်းသယ်ဆောင်သည့် ယာဉ်ကိုးစီးမှ တရားမ၀င် ကျောက်စိမ်းများနှင့် တရားခံ  ၅၀  က ၂၀၁၇ ခုနှစ်  ဖေဖော်ဝါရီ ၁၀ ရက်တွင် ဖမ်းဆီးနိုင်ခဲ့သည်။            


ထွန်းလင်းအောင်

Eleven Media Group

No comments:

Post a Comment