Latest News

Wednesday, March 8, 2017

ဆရာ ဦးဝင်းတင် အကြောင်း ဟောပြောပွဲ ကျင်းပမယ်

ဆရာ ဦးဝင်းတင် အကြောင်း ဟောပြောပွဲ ကျင်းပမယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်ခဲ့တဲ့ ကွယ်လွန်သူ နိုင်ငံရေး အကျဉ်းသားဟောင်း စာရေးဆရာ ဟံသာဝတီ ဦးဝင်းတင် ရေးသားတဲ့ “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ်ကို မတ်လ ၁၂ ရက်နေ့မှာ တတိယအကြိမ် ထုတ်ဝေပါလိမ့်မယ်။ အဲဒီ စာအုပ်ထုတ်ဝေမိတ်ဆက်ပွဲကို လမ်းမတော် သံဈေးက Yangon Book Plaza မှာ ကျင်းပတဲ့အခါ PEN Myanmar စာနယ်ဇင်းအဖွဲ့က စီစဉ်တဲ့ ဆရာ ဦးဝင်းတင် အကြောင်း ဟောပြောပွဲလည်း ပါဝင်မယ်လို့ သိရပါတယ်။ ဟောပြောပွဲကို ဦးဆောင်မယ့် PEN Myanmar အဖွဲ့ ဥက္ကဌ ဦးမျိုးမြင့်ညိမ်း ဟာ ၈၈ အရေးတော်ပုံနောက်ပိုင်း ဦးဝင်းတင်နဲ့ ထောင်ထဲမှာ နှစ်ပေါင်းများစွာ အတူနေခဲ့ပြီး မြေအောက်ပြန်ကြားရေး လှုပ်ရှားမှုတွေကို လက်တွဲဆောင်ရွက်ခဲ့သူပါ။

"နောက်ပိုင်းမျိုးဆက်သစ်တွေက ဆရာဦးဝင်းတင် နဲ့ ပတ်သက်လို့ ဂဏဃန မသိဘူးလေ၊ ဦးဝင်းတင် ဆိုတာ အင်မတန်ခက်ထန်တဲ့ မာကျောတဲ့ပုဂ္ဂိုလ်ကြီးတစ်ယောက်လို့တွေးနေတာ၊ တကယ်တန်းကျတော့ ဆရာဦးဝင်းတင် ဆိုတာ အင်မတန်နူးညံ့သိမ်မွေ့တဲ့ စာရေးဆရာတစ်ယောက်ဖြစ်တယ်၊ သတင်းစာသမားတစ်ယောက်ဖြစ်တယ်၊ ကဗျာဆရာတစ်ယောက်ဖြစ်တယ်၊ သူ့ရဲ့ဘဝဖြတ်သန်းမှုတွေမှာ အင်မတန်ချစ်စရာကောင်းတာတွေရှိတယ်၊ ဒါတွေကို လူငယ်တွေသိအောင်၊ လူငယ်တွေဆိုတာ အသက်အပိုင်းအခြား နှစ်ခုခွဲထားတယ်၊ ၁၂ ကနေ ၁၈ အထိ အရွယ်တပိုင်းခြားထားတယ်၊ ၁၉ ကနေ ၂၅ အထိတပိုင်းခြားထားတယ်၊ အဲ့ကလေးတွေကို ဆရာမ မသီတာ(စမ်းချောင်းရယ်၊ ဂျင်မီရယ်၊ ကျနော်ရယ်ကနေပြီး ပလာဇာက နေရာသုံးနေရာမှာထိုင်ပြီးတော့ ကလေးတွေကိုပြောပြမယ်"

အဲဒီနောက်မှာ လူငယ်တွေက သူတို့သိတဲ့ ဦးဝင်းတင်အကြောင်း ပြန်လည်ပြောကြားတြဲ့ ပိုင်ပွဲတခုကိုလည်း ဆက်လက်ပြုလုပ်မယ်လို့ စာရေးဆရာ မျိုးမြင့်ညိမ်းကြေ ပာပါတယ်။

"တစ်ယောက်ကို သုံးမိနစ် ဦးဝင်းတင်ရဲ့ ရုပ်ပုံလွှာကို သူတို့ဖွင့်ဆိုရှင်းပြမယ်၊ သူတို့သိတဲ့ ဦးဝင်းတင် အကြောင်းကို သူတို့ပြန်ပြောမယ်၊ အဲဒါကို ကျနော်က ပြိုင်ပွဲလုပ်ထားတယ်၊ ပြိုင်ပွဲလုပ်ပြီးတော့ ပရိသတ်ကနေပြီးတော့ မဲပေးမယ်၊ ဘယ်သူပြောတာကိုကြိုက်တယ်ဆိုပြီးတော့ မဲပေးမယ်၊ တစ်ယောက်တစ်မဲပဲ ပေးခွင့်ရှိတယ်၊ ကိုယ်ကြိုက်တဲ့သူတစ်ယောက်ကို မဲပေးပါပေါ့နော်၊ အဲ့ထဲက ပြိုင်ပွဲဝင် ၁ဝ ယောက်ကို ကျနော်တို့ ဆုချီးမြှင့်ပေးမယ်၊ ဆုက စာအုပ်တွေပေးမှာ Yangon Book Plaza မှာရှိတဲ့ စာအုပ်ဆိုင်တွေနဲ့ ပူးပေါင်းပြီးတော့ စာအုပ်တွေ လက်ဆောင်ပေးတာလုပ်မှာပါ၊ အဲ့လိုနဲ့ လူတွေက ဦးဝင်းတင် ကို သိသွားမယ်၊ သူတို့မှာပြောချင်ပေမယ့် ပြောစရာနေရာမရှိဘူး၊ ပြောစရာနေရာရှိပေမယ့် ပြောခွင့်မရှိဘူး စသဖြင့် လူငယ်တွေကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုကို ကျနော်ကဖြေရှင်းမယ်၊ အဲ့လိုအလေ့အထမျိုးပေါ့၊ ထုတ်ဖော်ပြောဆိုခွင့်ရှိတယ်ဆိုတာ သူတို့ကိုယ်တိုင် လက်တွေ့ကျကျသိသွားအောင် အဲ့မှာလုပ်မှာပါ၊ အဲ့ဒါ PAN Myanmar ရဲ့ အစီအစဉ်ပါ"

ငါတို့စာပေတိုက်က အခုပြန်လည်ထုတ်ဝေမယ့် ဘာလဲဟဲ့ လူ့ငရဲ စာအုပ်ဟာ ဆရာ ဦးဝင်းတင် က သူ့ဘဝအတွေ့အကြုံတွေကို ကောက်နုတ် တင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။

ဆရာ ဦးဝင်းတင်က ၂ဝဝ၈ ခုနှစ်ကုန်ပိုင်းမှာ အကျဉ်းထောင်က
ပြန်လည်လွတ်မြောက်လာပြီး မကြာခင်မှာပဲ RFA ကို သူငယ်စဉ်ဘဝကနေ ထောင်က လွတ်မြောက်တဲ့နေ့အထိ အတွေ့အကြုံတွေ ပြောကြားခဲ့ပါတယ်။

အဲဒီ ဆရာ ဦးဝင်းတင် ကိုယ်တိုင် ပြောကြားခဲ့တဲ့ အတ္တုပ္ပတ္တိ အပြည့်အစုံကို
“ခေတ်ဝန်ကိုထမ်းရွေ့ ခေတ်လမ်းကိုလျှောက်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ RFA က၂ဝဝ၉ ခုနှစ် ဖေဖေါ်ဝါရီလကနေ ၂ဝ၁၂ ဇူလိုင်လ အထိ အပတ်စဉ် အခန်းဆက် လွှင့်ထုတ်ခဲ့ပါတယ်။

( ဓါတ်ပုံ - ဦးဝင်းတင် ပန်းချီကားကို တွေ့ရစဉ် )

RFA

No comments:

Post a Comment