Latest News

Wednesday, March 8, 2017

အာဏာပိုင်အဖွဲ့အစည်းနှင့်ပူးပေါင်း၍ မီဒီယာနှင့် နိုင်ငံသားများ၏လွတ်လပ်စွာ ပြောဆိုခွင့်အပေါ် ဖိနှိပ်ရန် အမှုဖွင့်ခံရခြင်းဖြစ်ကြောင်း ကိုဆွေဝင်းပြောကြား

အာဏာပိုင်အဖွဲ့အစည်းနှင့်ပူးပေါင်း၍ မီဒီယာနှင့် နိုင်ငံသားများ၏လွတ်လပ်စွာ ပြောဆိုခွင့်အပေါ် ဖိနှိပ်ရန် အမှုဖွင့်ခံရခြင်းဖြစ်ကြောင်း ကိုဆွေဝင်းပြောကြား


Myanmar Now အယ် ဒီတာချုပ် ကိုဆွေဝင်းက ၎င်း အပေါ် ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်အရေးယူခြင်း သည် သတင်းမီဒီယာများနှင့် နိုင်ငံသားများ၏လွတ်လပ်စွာ ပြောဆို ခွင့်၊ ဝေဖန်ထောက်ပြခွင့်များကို  ဖိနှိပ်၊ နှိပ်ကွပ်ရန်အတွက် အာ ဏာပိုင်အဖွဲ့အစည်းများနှင့် ပူး ပေါင်းကြံစည်နေခြင်းဖြစ်ကြောင်း ပြောကြားလိုက်သည်။

ကိုဆွေဝင်းကို ဆရာတော် ဦးဝီရသူ၏ စေခိုင်းမှုဖြင့် မန္တလေး မဘသအဖွဲ့ဝင် ဦးကျော်မျိုးရွှေက ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ဖြင့် မတ်လ ၇ ရက်က အမှုဖွင့်ခံရမှု အပေါ် ရန်ကုန်မြို့ရှိ  Myanmar Now သတင်းဌာနရုံးခန်း၌ ပြုလုပ် သော သတင်းစာရှင်းလင်းပွဲတွင် ကိုဆွေဝင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘အာဏာပိုင်အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းပြီး ကျွန်တော့်ကို ထောင်ချဖို့လုပ်နေတာ။အာဏာပိုင်အဖွဲ့ ပါဝင်ပတ် သက်သည်ဟု ပြောကြားခြင်းမှာ ၎င်းအား အမှုဖွင့်တိုင်ကြားရာတွင် အခြားသူများ သိရှိရန်ခက်ခဲသည့်

အချက်လက်ကိုပါ အတိအကျထည့်သွင်းတိုင်ကြားခြင်းကြောင့် အာဏာပိုင်အဖွဲ့အစည်း တစ်ခုခု၏ ပါဝင်ပတ်သက်မှု ဖြစ်နိုင်ကြောင်း မတ်လ ၈ ရက်တွင် ဆိပ်ကမ်းသာလမ်းရုံး၌ ကိုဆွေဝင်းက ရှင်းပြသည်။

‘‘ကျွန်တော် တစ်ခု သင်္ကာ မကင်းဖြစ်တာက တိုင်ကြားသူက ကျွန်တော့်ရဲ့ မှတ်ပုံတင်၊ ကျွန် တော်ရဲ့နေရပ်လိပ်စာ၊ ဒီလိပ်စာ က ကျွန်တော် မကြာသေးခင်က ပြောင်းထားတဲ့လိပ်စာပါ။ ဒီလိပ် စာ အတိအကျနဲ့ ဘယ်နှလွှာမှာ နေတယ်ဆိုတာ အတိအကျတိုင် ကြားထားတယ်။ ဒီသတင်းအ ချက်အလက် ဘယ်က ရသလဲ။ ကျွန်တော် တိတိကျကျပြောမယ်။ ဒါ ပြည်ထဲရေးက မပေးဘဲ ဒီသ တင်းအချက်အလက် ရစရာအ ကြောင်းမရှိဘူး။ အာဏာပိုင်အဖွဲ့အစည်းကနေ မပေးဘဲ ဒါ ရစရာ အကြောင်းမရှိဘူး’’ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၂၇ ရက်က Myanmar Now သတင်းဌာနက ရေးသားခဲ့သည့် ‘အခြေခံဥပဒေ ပြင်လိုသူတွေကို မဘသ သတိ ပေး’ သတင်းကို Ba Kaung ဖေ့စ်ဘွတ်ခ်က ပြန်လည်ဖော်ပြခဲ့ခြင်း နှင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ‘ဝီရသူ ပါရာဇိကကျပြီး ရဟန်းဘဝ နိဋ္ဌိတံသွားပြီးဖြစ်ကြောင်း သိရပါတယ်။ ပါရာဇိက အခုမှ ကျတာတော့ မဟုတ်လောက်ဘူး’’ ဟု ကိုဆွေဝင်းက ၎င်း၏ဖေ့စ်ဘွတ်ခ် တွင် ရေးသားခဲ့ခြင်းအပေါ် မတ်လ ၇ ရက်က အမှုဖွင့်ထားသည်။ ဆရာတော် ဦးဝီရသူက ခုနစ်ရက်ပြည့်သည်အထိ ၎င်းထံ လာ ရောက် တောင်းပန်ခြင်း မရှိပါက အမှုဖွင့် အရေးယူမည်ဖြစ် ကြောင်း ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် ရေးသားခဲ့ပြီး မတောင်းပန်သဖြင့် အမှုဖွင့်ကြောင်း တိုင်ကြားချက် တွင် ဖော်ပြသော်လည်း လူသတ် ဝါဒကို အားပေးသည့် မည်သည့် ပုဂ္ဂိုလ်ကိုမျှ တောင်းပန်မည် မ ဟုတ်ဟု ကိုဆွေဝင်းက တုံ့ပြန် ပြောကြားသည်။

‘‘လက်လွတ်စပယ် လာပြီး တောင်းပန်ရမယ်ဆိုတာ တောင်း ပန်နိုင်စရာ အကြောင်းမရှိဘူး။ ဒုစရိုက်သမားကို ကျွန်တော်တို့ တောင်းပန်စရာ အကြောင်းမရှိ ဘူး။ လူသတ်မှု၊ လူသတ်ဝါဒကို အားပေးတဲ့ ဘယ်ပုဂ္ဂိုလ်ကိုမှ တောင်းပန်နေစရာအကြောင်းမရှိ ဘူး။ ဒီလိုပုဂ္ဂိုလ်မျိုးတွေကို လူ့ အဖွဲ့အစည်းက အရေးမယူဘူး ဆိုတာ ဒီလူ့အဖွဲ့အစည်းက တ ရားဥပဒေစိုးမိုးမှုမရှိအောင် အား ပေးနေတယ်ဆိုတာ ကျွန်တော် မြင်တယ်လေ’’ဟု ကိုဆွေဝင်းက ပြောသည်။

‘‘ဘယ်သူပဲဖြစ်ဖြစ် လူ့အဖွဲ့ အစည်းမှာ တစ်ဦးနဲ့တစ်ဦးမသင့် မြတ်အောင် မီးလောင်တိုက်သွင်း ပေးတယ်ဆိုတဲ့စကားတွေ ကျွန် တော်လုံးဝလက်မခံဘူး။ အထူး သဖြင့် အခုလို သာသနာ့ဘောင် တစ်ခု သာသနာရေးကို အသုံးပြု ပြီး အမုန်းစကားတွေ၊ ရာဇဝတ်မှု မြောက်စေတဲ့ လှုံ့ဆော်မှုတွေလုပ် တယ်ဆိုတာ လက်ခံလို့ကို ပိုမ သင့်တော်ဘူး’’ဟု ၎င်းက ဆက် လက်ပြောသည်။

ဆရာတော် ဦးဝီရသူသည် ဖေဖော်ဝါရီ ၂၆ ရက်တွင် ချောင် ကြိုချောင်ကြားက ကြည်လင်းများ ခေါင်းစဉ်အောက်တွင် ‘‘ကြည် လင်းကို ကျေးဇူးတင်တယ်။ အောင်ဝင်းဇော်ကို ကျေးဇူးတင်တယ်။ အောင်ဝင်းခိုင်ကို ကျေးဇူးတင်တယ်။ ဇေယျာဖြိုးကို ကျေးဇူးတင်တယ်’’ဟု ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရေးသားခဲ့သည်။

အဆိုပါ ရေးသားချက်နှင့် ပတ်သက်၍ မတ်လ ၂ ရက်ထုတ် The Speaker ဂျာနယ်တွင် ‘‘ဆိုလိုချင်တာက ရပ်ကွက်ထဲမှာ ခွေးရူးတစ်ကောင် သောင်းကျန်းနေတယ်။ ပါဏာတိပါတ ဆိုတဲ့သိက္ခာပုဒ်ကြီးကို ထိန်းနေတယ်။ ဒါပေမဲ့ ဒီခွေရူးရဲ့ဒဏ်ကို တစ်ရပ်ကွက်လုံးက ခံနေရတယ်။ အဲဒီအချိန်မှာ အဲဒီခွေးရူးကို ရှင်းတဲ့လူတစ် ယောက်ပေါ်လာတယ်ပေါ့။ ခွေး ရူးပေါ်တော့ မေတ္တာကရုဏာထား တယ်။ ခွေးရူးဒဏ်ခံနေရတာကို တော့ ပြည်သူတွေက မလိုလား ဘူး။ အနစ်နာခံပြီးတော့ အကု သိုလ်အဖြစ်ခံပြီး ရပ်အကျိုး၊ ရွာ အကျိုးသယ်ပိုးလိုက်တဲ့ လူတစ် ယောက်ကို နင့်ကြောင့် ငါတို့ရပ် ရွာလေး အေးချမ်းသွားတယ်။ ခွေးရူးအန္တရာယ် ကင်းဝေးသွားတယ်’’ဟု ဦးဝီရသူက ဖြေကြားခဲ့သည်။

 ကိုဆွေဝင်းကို ဆက်သွယ် ရေးပုဒ်မ ၆၆(ဃ) ဖြင့် အရေးယူ ပေးရန် အမှုဖွင့်တိုင်ကြားမှုတွင် ပါဝင်သည့် အဓိက အချက်ဖြစ် သော ဆရာတော်ဦးဝီရသူ ပါရာဇိ ကကံ အမှန်တကယ် ကျ၊ မကျ နိုင်ငံတော် သံဃနာယက ဆရာ တော်ကြီးများက ဆုံးဖြတ်ပေးရ မည်ဖြစ်ကြောင်း တရားရေးကျွမ်း ကျင်သူများက ပြောဆိုသည်။

‘‘တရားစွဲဆိုသူ အနေနဲ့က တရားစွဲတဲ့ အခွင့်အရေးတော့ ရှိ တာပေါ့နော်။ သို့သော် အခွင့်အ ရေးရှိပေမယ့် အမှုလက်ခံတဲ့ဘက် က ရဲဘက်ကကျတော့ သူတို့စဉ်း စားရမယ့် အချက်တစ်ချက် ရှိ တယ်။ ပုတ်ခတ်တယ်လို့ ပြောတဲ့ ဦးဝီရသူက ပါရာဇိက ကျ၊ မကျ၊ ပါရာဇိကကံထိုက်၊ မထိုက်ဆိုတဲ့ ဆုံးဖြတ်ချက်က ဘယ်သူက ပေး မှာလဲ။ တရားရေးလည်း ဆုံးဖြတ် လို့မရဘူး။ ဆုံးဖြတ်နိုင်တဲ့ ဥပဒေ လည်း မရှိဘူး။ အဲဒါက မဟနပေါ့ နော်။ နိုင်ငံတော် သံဃနာယက အဖွဲ့ရဲ့ သံဃဝိနိစ္စယ အဖွဲ့က သာလျှင် ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ အဲဒီအစီအစဉ်မရှိဘဲနဲ့ တရားစွဲလို့ ရှိရင် တရားသူကြီးကလည်း လက်ခံပြီး တရားစစ်ဆေးလို့မရဘူး။ အဓိကအချက်က ဦးဝီရသူသည် ပါရာဇိက ကျ၊ မကျ မဟနကနေ ဆုံးဖြတ်ပေးမှရမယ်။ ကျတယ် ဆိုရင် ကိုဆွေဝင်းကို စွဲခွင့်မရှိဘူး။ မကျဘူးဆိုမှသာလျှင် ပုတ်ခတ် တယ်၊ စော်ကားတယ်ဆိုပြီး ပြော လို့ရမှာလေ’’ဟု ဥပဒေအကြံပေး တစ်ဦးဖြစ်သူ ဦးခင်မောင်မြင့်က သတင်းထောက် ကိုဆွေဝင်းအမှု နှင့် ပတ်သက်၍ သုံးသပ်ပြောကြားသည်။

စုံစမ်းဖော်ထုတ်သတင်းရေး သားမှုဖြင့် မြန်မာ့သတင်းမီဒီယာ လောကအတွင်း အသိအမှတ်ပြု မှုရရှိထားသော နိုင်ငံရေးအကျဉ်း သားဟောင်းလည်းဖြစ်သူ ကိုဆွေ ဝင်းကို ယခုကဲ့သို့ အာမခံပေး၍ မရနိုင်သောပုဒ်မမျိုးဖြင့် အမှုဖွင့် ခြင်းအပေါ် သတင်းမီဒီယာများ နှင့် လူ့အခွင့်အရေးအဖွဲ့အစည်း ၁၀ ခုက ဆန့်ကျင်ကြောင်း ကြေ ညာချက်ထုတ်ပြန်ထားသည်။

ကိုဆွေဝင်းသည် အသက် (၂၀)နှစ်အရွယ် (လွန်ခဲ့သည့် ၁၈ နှစ်က) ထောက်လှမ်းရေးများက နိုင်ငံတော်အေးချမ်းသာယာရေး ကို ပျက်ပြားစေသည်ဆိုသော စွဲ ချက်ဖြင့် ထောင်ဒဏ် ၂၁ နှစ် ချ မှတ်ခဲ့သည့်အချိန်တွင် ထွက်ပြေး တိမ်းရှောင်ခဲ့ခြင်းမရှိဘဲ လက်ရှိ တွင်လည်း ထွက်ပြေးတိမ်းရှောင် မည် မဟုတ်ကြောင်းနှင့် အဓမ္မဝါဒီများကို ရင်ဆိုင်ရန် အသင့်ရှိ ကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာမှတစ်ဆင့် အသိပေးထား သည်။

ကိုဆွေဝင်းကို ဆက်သွယ် ရေးပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆို ခြင်းမှာ ဦးဝီရသူ၏ညွှန်ကြားချက် ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး လူအ ကြည်ညိုပျက်အောင်နှင့် ရဟန်း သိက္ခာကျအောင်ရေးသားခဲ့ခြင်း များအတွက် တရားစွဲဆိုခဲ့ခြင်းဖြစ် ကြောင်း အမှုဖွင့်တိုင်ကြားသူ အ ထက်မြန်မာပြည် မဘသအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးကျော်မျိုးရွှေက ပြောသည်။

‘‘တရားစွဲဆိုချင်တဲ့ ဆရာ တော် ဝီရသူက ရန်ကုန်ကို လှမ်း ပြီး မေးတယ်နဲ့တူပါတယ်။ ဆရာ တော်ပေးတဲ့အချက်အလက်တွေ အပေါ်မှာပဲ ကျွန်တော်က တရား စွဲတာပဲ။ ကျွန်တော်ကတော့ မစုံ စမ်းဘူး’’ ဟု ဦးကျော်မျိုးရွှေက ပြောသည်။

ကိုဆွေဝင်းကို ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အ ရေးယူရန် မန္တလေးမြို့ မဟာ အောင်မြေမြို့နယ် အမှတ်(၇)နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။ မတ်လ ၈ ရက် ညနေပိုင်းတွင် ရဲစခန်းဘက်မှ စစ် ချက်လာယူမည်ဟု ဆက်သွယ်အ ကြောင်းကြားခဲ့ကြောင်း ကိုဆွေ ဝင်းက 7Day Daily သို့ ပြော သည်။

‘‘ရဲအုပ်ကျော်သူပြောတာ က ဦးဝီရသူရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး အမှုဖွင့်မယ်ဆိုလည်းလက်ခံမယ်လို့ ပြောတယ်’’ ဟု ကိုဆွေဝင်းကပြောကြားသည်။



7Day News Journal

No comments:

Post a Comment