Latest News

Sunday, March 12, 2017

အမေရိကန်သမ္မတအိမ်ဖြူတော်ကို ကျူးကျော်ဝင်ရောက်မှုဖြစ်

အမေရိကန်သမ္မတအိမ်ဖြူတော်ကို ကျူးကျော်ဝင်ရောက်မှုဖြစ်


အမေရိကန်သမ္မတအိမ်ဖြူတော် ခြံစည်းရိုးကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့ အမျိုးသားတစ်ဦးအား လျှို့ဝှက်လုံခြုံရေးက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ကျောပိုးအိတ်လွယ်ထားတဲ့ အမျိုးသားတစ်ဦးတစ်ဦးဟာ ဒေသစံတော်ချိန် မတ်လ ၁၀ ရက် ည ၁၁း၃၈ က အိမ်ဖြူတော် တောင်ဘက်ခြံစည်းရိုးကို ကျူးကျော်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အိမ်ဖြူတော်ခြံစည်းရိုးကို ကျူးကျော်ဝင်ရောက်မှု ဖြစ်ပွားစဉ်မှာ အိမ်ဖြူတော်အဆောက်အအုံအတွင်း သမ္မတဒေါ်နယ်ထရန့် ရှိနေခဲ့ပါတယ်။ တရားရုံး စာရွက်စာတမ်းများအရ အိမ်ဖြူတော်ခြံစည်းရိုးကို ကျူးကျော်ခဲ့သူဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်သူ အသက် ၂၆ နှစ်အရွယ် ဂျိုနသန်ထရန် ဖြစ်ကြောင်း သိရပါတယ်။

ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး သမ္မတထရန့်က လျှို့ဝှက်လုံခြုံရေးဌာနရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးကြောင်း သတင်းထောက်များကို ပြောခဲ့ပါတယ်။ လျှို့ဝှက်လုံခြုံရေးက ဖမ်းဆီးခဲ့သူကို ရှာဖွေခဲ့ရာ သံသယဖြစ်ဖွယ် လုံခြုံရေးစိုးရိမ်စရာ တစ်စုံတစ်ရာ မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။ အိမ်ဖြူတော်ခြံစည်းရိုးကို ကျူးကျော်ဝင်ရောက်ခဲ့သူက ၎င်းဟာ သမ္မတထရန့်ရဲ့ သူငယ်ချင်းဖြစ်ပြီး တွေ့ဆုံဖို့ချိန်းဆိုထားကြောင်း ပြောခဲ့တယ်လို့ CNN သတင်းမှာ ဖော်ပြပါတယ်။

အိမ်ဖြူတော်ကို ကျူးကျော်ဝင်ရောက်ခဲ့သူအား ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။ ၂၀၁၄ ခုနှစ်က အသက် ၄၂ နှစ်အရွယ် အိုမာ ဂွန်ဇာလက်စ် အမည်ရှိ အမျိုးသားက အရှည် ၃ လက်မခွဲရှိ ခေါက်ဓားတစ်ချောင်းကိုင်ဆောင်ကာ အိမ်ဖြူတော်မြောက်ဘက်ဆင်ဝင်နေရာရှိ တံခါးများအထိ ကျူးကျော်ဝင်ရောက်ခဲ့ဖူးပါတယ်။ ၂၀၁၅ ခုနှစ်မှာ အိမ်ဖြူတော်ဝင်းအတွင်း ဆူးချွန်တစ်ခု ပစ်သွင်းမှုဖြစ်ခဲ့ပါတယ်။

Source & Photo: CNN, BBC


Duwun


No comments:

Post a Comment