Latest News

Thursday, March 16, 2017

မုံရွာမြို့ ဆိပ်ကမ်းသာ တည်းခိုခန်းတွင် တူဖြစ်သူမှ အဒေါ်အား ဓားဖြင့် ထိုးသတ်မှုဖြစ်ပွား



စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ ဘုရားကြီးရပ်ကွက် ဆိပ်ကမ်းသာ တည်းခိုခန်းတွင် မတ်လ ၁၆ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့် တွင် တူဖြစ်သူမှ အဒေါ်အား ဓားဖြင့် ထိုးသတ်မှုကြောင့် လူသေ ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
ဖြစ်စဉ်မှာ ၁၆.၃.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီ အချိန်တွင် မုံရွာမြို့ ဘုရားကြီးရပ်ကွက် ဆိပ်ကမ်းသာ တည်းခိုခန်းတွင် တည်းခိုခန်း တာဝန်ခံ ရဲဝင်းထွန်း (ဘ) ဦးသိန်းထွန်း နှင့် ၄င်း၏ အဒေါ်ဖြစ်သူ ဒေါ်နှင်း (နှင်းပုလဲ)စတိုးဆိုင် တရုပ် တ န်းလမ်း၊ ဘုရားကြီးရပ် တို့နှစ်ဦး စကားများကြရာမှ တူဖြစ်သူ ရဲဝင်းထွန်း မှ တည်းခိုခန်း ကောင်တာအတွင်းမှ အသင့်ရှိေ နသော အရိုးအသွား (11.5″)လက်မခန့် ဓားဖြင့် ထိုးသွင်းမှု ဖြစ်ပွားကာ ဒေါ်နှင်း မှာ မုံရွာဆေးရုံကြီးသို့ အရောက်တွ င် သေဆုံးခဲ့ကြောင်း ကနဦး သတင်းရရှိပါသည်။
ထို့နောက် အဆိုပါ တည်းခိုခန်းသို့ မုံရွာမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး တင်ယု နှင့် တာဝန်မှူး ရဲအုပ် လှိုင်ဘွားကိုကို၊ နယ်ထိန်းတာဝန်ခံ ဒုရဲအုပ်ဖြိုးမင်းထိုက်တို့ အဖွဲ့ရောက်ရှိလာပြီး အခင်းဖြစ် နေရာတွင် တွေ့ရှိရသည့် တရားခံ ရဲဝင်း ထွန်း (ဘ)ဦးသိန်းထွန်း ဘုရားကြီးရပ်နေသူအား တရားဥပဒေအရ အရေးယူနိုင်ရန် မုံရွာမြို့မရဲစခန်း သို့ ဖမ်းစီးခေါ်ေ ဆာင်သွားကြောင်း သိရှိရပါသည်။

သတင်း – ဓာတ်ပုံ ။ ။ Mya Soe (FB)
သစ်ထူးလွင်

No comments:

Post a Comment