Latest News

Thursday, March 9, 2017

ကံကြမ္မာရုပ်ရှင်ဇာတ်ကားပါ ဇာတ်ဝင်ခန်းအချို့ကို ကေအင်န်ယူကန့်ကွက်

ကံကြမ္မာရုပ်ရှင်ဇာတ်ကားပါ ဇာတ်ဝင်ခန်းအချို့ကို ကေအင်န်ယူကန့်ကွက်



 မြဝတီမြို့ဘက်တွင် ရိုက်ကူးခဲ့သည့် ‘ကံကြမ္မာ’ရုပ်ရှင်ဇာတ် ကား၌ ပါဝင်သည် ဇာတ်ဝင်ခန်း အချို့နှင့်ပတ်သက်၍ ကန့်ကွက် စာကို ကရင်ပြည်နယ်အစိုးရနှင့် ပြန်ကြားရေးဝန်ကြီးဌာန အပါ အဝင် သက်ဆိုင်ရာ အဖွဲ့အစည်း များထံ ပေးပို့ထားကြောင်း KNUပြည်ထဲရေးဌာန တာဝန်ရှိသူတစ် ဦးက ပြောသည်။

‘‘သူတို့ဇာတ်ညွှန်းထဲမှာ KNU နယ်မြေထဲမှာ မူးယစ်ဆေး ဝါးစက်ရုံတွေ ဖျက်ဆီးလိုက်တာ တွေ ပါတာပေါ့ဗျာ။ KNU နယ် မြေမှာက မူးယစ်ဆေးဝါးစက်ရုံမှ မရှိတာ။ နောက်ဆုံးမှာ KNU နယ်မြေမှာ မူးယစ်ဆေးဝါးစက်ရုံကို သူတို့ဖျက်ဆီးလိုက်တယ်ဆိုတဲ့ ဇာတ်ဝင်ခန်းတွေ ပါတယ်လေ’’ ဟု KNU ပြည်ထဲရေးဌာနတာဝန် ရှိသူတစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ KNU တွဲဖက်အတွင်းရေးမှူး(၁) ဖဒိုစောသောသီဘွဲ့လက်မှတ် ရေးထိုးထားသည့် ကန့်ကွက်စာ ကို ကရင်ပြည်နယ်အစိုးရ၊ ပြန် ကြားရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများထံ ပြီးခဲ့သည့် ရက်ပိုင်းက ပေးပို့ခဲ့ ကြောင်း သတင်းရရှိသည်။

‘ကံကြမ္မာ’ ရုပ်ရှင်ဇာတ်ကား နှင့်ပတ်သက်၍ တိုင်ကြားသည့် စာကို မတ်လ ၉ ရက်အထိ လက် ခံရရှိခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌဦးအေးကြူလေးက ပြောသည်။

အဆိုပါရုပ်ရှင်ဇာတ်ကားကို လောကရုပ်ရှင်ထုတ်လုပ်ရေးက  ဖေဖော်ဝါရီအတွင်း ကရင်ပြည်နယ်မြဝတီဘက်၌ သွားရောက်ရိုက်ကူးခဲ့ကာ နေနော်၊ မင်းဦး၊နေဆန်း၊ အိချောပိုတို့ အဓိက ပါဝင်သရုပ်ဆောင်ထားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဇာတ် ကားထုတ်လုပ်သူနှင့် ကေအင်န် ယူတို့ မတ်လ၉ရက်က တွေ့ဆုံခဲ့ ကြောင်း နေနော်ကပြောသည်။

7Day News Journal

No comments:

Post a Comment