Latest News

Thursday, March 23, 2017

ကင်ဂျုံနမ် လုပ်ကြံမှုမှာ သံသယရှိသူတစ်ဦးက ဗီယက်နမ်ဆိုင်ရာ မြောက်ကိုရီး ယား သံအမတ်ဟောင်းရဲ့ သားဖြစ်နေ

ကင်ဂျုံနမ် လုပ်ကြံမှုမှာ သံသယရှိသူတစ်ဦးက ဗီယက်နမ်ဆိုင်ရာ မြောက်ကိုရီး ယား သံအမတ်ဟောင်းရဲ့ သားဖြစ်နေ


မလေးရှားလေဆိပ်မှာ ကင်ဂျုံနမ်ကိုလုပ်ကြံတယ်လို့ သံသယရှိသူတစ်ဦးဟာ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ဟောင်း တစ်ဦးရဲ့သားဖြစ် တယ်လို့ တောင်ကိုရီးယားနိုင်ငံပိုင် ယွန်ဟတ်သတင်းမှာ ဖော်ပြထားပါတယ်။  သံသယရှိသူတွေထဲက တစ်ဦးဟာ ဗီယက်နမ်နိုင်ငံမှာ (၁၀)နှစ်ကြာ နေထိုင်သွား တဲ့ အသက်(၃၃)နှစ်အရွယ် ရီဂျီဟွန်းဆိုသူဖြစ်ပြီး ဗီယက်နမ်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ် ဟောင်း ဟနွိုင်ရီဟောင်းရဲ့ သားဖြစ်ပါတယ်။ ရီဟာ ကင်ကိုလေဆိပ်မှာ ကင်မ်ဂျူံနမ်ကို လုပ်ကြံဖို့  ဗီယက်နမ် နိုင်ငံသူ ဒိုရန်သီဟောင် ကို စေခိုင်းခဲ့တယ်လို့ အာဏာပိုင်တွေကသံသယရှိ နေတာဖြစ်ပါတယ်။ ဗီယက် နမ်နိုင်ငံသူ ဒိုရန်နဲ့ အင်ဒိုနီးရှားနိုင်ငံသူ ဆီတီ အစ်ရက်ဖ်တို့က ကင်ရဲ့မျက်နှာကို VX nerve agent ဓာတုအဆိပ်နဲ့  ပက်ခဲ့တယ်လို့ ယူဆကြောင်း ယွန်ဟတ် သတင်းမှာဖော်ပြထားပါတယ်။ဒိုရန်နဲ့ ဆီတီိတို့က သူတို့ဟာ ကျီစယ်နောက်ပြောင်တဲ့ ရုပ်သံအစီအစဉ်တစ်ခုမှာ ပါဝင်သရုပ်ဆောင်နေတယ်လို့ ယူဆကြောင်း ပြောကြားခဲ့ပါတယ်။
5 Plus News

No comments:

Post a Comment