Latest News

Thursday, March 23, 2017

ဖျာပုံခရိုင်အတွင်းငါးမန်းကြီးတစ်ကောင် အသေဖမ်းဆီးရမိ

ဖျာပုံခရိုင်အတွင်းငါးမန်းကြီးတစ်ကောင် အသေဖမ်းဆီးရမိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဒေါ်ညိမ်းကျေးရွာအုပ်စု ဘုရားလေးစုကျေးရွာ၌ငါးမန်းကြီးတစ်ကောင်-ယင်းဒေသအခေါ်ဝေါ် (ဖားငါးမန်း)ကို မတ်လ  ၂၃ ရက်က အသေ ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါငါကြီးမှာ ရေကြောင်းမှား၍ရေတိမ်ပိုင်းသို့ ၀င်ရောက်လာခဲ့ဟန်ရှိကြောင်း ကျေးရွာရှိ ရေလုပ်ငန်းလုပ်ကိုင်သူများက ပင်လယ်ပြင်၌ပိုက်ချစဉ် ငါးဖမ်းပိုက်တွင် အသေ မိခဲ့သောကြောင့် စက်လှေ သုံးစီးဖြင့် ကမ်းသို့ ဆွဲတင်ခဲ့ရကြောင်းဒေသခံတစ်ဦးက ပြည်မြန်မာသို့ ပြောသည်။

"ဒီလိုအကောင်ကြီးကတော့ ကျွန်တော်တစ်သက်မှာ တစ်ခါမှတော့မမြင်ဖူးဘူးဗျ၊ဒီတစ်ခါပဲမြင်ဖူးသေးတယ်၊ပိသာချိန် ၂၀၀လောက်ရှိတယ် ၊ အရှည်က အနည်းဆုံး ၁၂ ပေလောက်ရှိမယ်ဗျ၊ ပါးစပ်ကြီးဆိုရင် ကျွန်တော့် လက်နဲ့တိုင်းရင် သုံးတောင်ကျော်တယ် မိတုန်းကဆိုရင် ဘာမိမှန်းတောင်မသိဘူး ကမ်းပေါ်ကို စက်လှေသုံးစီးနဲ့ သယ်ခဲ့ရတာ”ဟု ယင်းကဆိုသည်။

အဆိုပါငါးမှာ ဖမ်းမိစဉ် ပိုက်အတွင်း၌ပင် သေဆုံးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ထိုငါးကြီးအား မည်သို့ ဆက်လုပ်သွားမည်ကို မသိသေးကြောင်း၊ ယင်းဖြစ်စဉ်မျိုး ယခင်ကမရှိခဲ့ကြောင်းအဆိုပါဒေသခံကပြောသည်။

သီဟ (ဓာတ်ပုံ-Pho Lamin)ပြည်မြန်မာ

No comments:

Post a Comment