Latest News

Thursday, March 23, 2017

လမ်းမတော်မြို့နယ်ရှိ ကေတီဗီဆိုင်၌ တက္ကသိုလ်ကျောင်းသားတစ်ဦး သေဆုံး

လမ်းမတော်မြို့နယ်ရှိ ကေတီဗီဆိုင်၌ တက္ကသိုလ်ကျောင်းသားတစ်ဦး သေဆုံ


ရန်ကုန်၊ မတ် ၂၃

လမ်းမတော်မြို့နယ် အနော်ရထာလမ်းရှိ ကေတီဗီဆိုင်တစ်ခုတွင် ယနေ့ (မတ်လ ၂၃ ရက်) နံနက်က ယဉ်ကျေးမှုတက္ကသိုလ်မှ ကျောင်းသားတစ်ဦး ပြင်ပဒဏ်ရာ မရှိဘဲ သေဆုံးနေကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ အသက် ၂၀ အရွယ် ကျောင်းသားမှာ သရက်တောကျောင်းတိုက်ဝင်းတွင် နေထိုင်သူဖြစ်ပြီး မိတ်ဆွေများနှင့်အတူ မတ်လ ၂၃ ရက်နေ့ နံနက် ၃ နာရီခန့်က ကေတီဗီဆိုင်တွင် သီချင်းလာဆိုခဲ့ခြင်း ဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“သူငယ်ချင်းလေးယောက် သီချင်းဆို အရက်သောက်ရင်း သေဆုံးသူက အိပ်ပျော်သွားတယ်။ မနက်မိုးလင်း ပြန်ချိန်နှိုးမှ သူ့ကိုနှိုးလို့ မရတော့လို့ ဆိုင်က ရဲစခန်းကို အကြောင်းကြားခဲ့တာပါ” ဟု ရဲအရာရှိတစ်ဦးက ပြောဆိုသည်။The Voice

No comments:

Post a Comment