Latest News

Tuesday, March 14, 2017

ရေခဲတုံးကြီးတွေကို ဦးခေါင်းနဲ့ ကွဲအောင်ခွဲပြသူ


မကြာသေးမီက လူမူကွန်ရက်မှာပျံနှံခဲ့တဲ့ ရုပ်သံဖိုင်ဟာ လူတွေကို အံအားသင့်စေခဲ့ပါတယ်။ဘာကြောင့် လူသားတစ်ဦးအနေနဲ့ရေခဲတုံးကြီးကိုခွဲနိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးထင်ပေမယ့်ရေခဲလူသားလို့နာမည်ပြောင်ရထားတဲ့ အန်ဒါဆန်ဟာ ရေခဲတုံးကြီးတွေကို သူရဲ့ခေါင်းနဲကွဲအောင်ခွဲပြနိုင်ခဲ့ပါတယ်။

ရေခဲတုံးကြီးတွေဟာ လူတစ်ရပ်အမြင့်ရှိပြီး ရေခဲတုံးကြီး ၁၃ ခုအထပ်လိုက်ဒေါင် ထားတာဖြစ်ပါတယ်။
အန်ဒါဆန် ဟာ အခန်းထဲကို ပြေးလာပြီး ရေခဲတုံးကြီးတွေကို ဦးခေါင်းနဲ့ခွဲပြခဲ့တာဖြစ်ပါတယ်။
အန်ဒါဆန်ဟာ၂၀၁၂ခုနှစ်တုန်းကလည်းရေခဲတုံးကြီးတွေကိုသူရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေအသုံးပြုပြီးခွဲပြနိုင်ခဲ့လို ဂင်းနစ်စံချိန်တင်နိုင်ခဲ့ပါတယ်။

 အခုအချိန်မှာ အင်ဒါဆန် ဟာ သူရဲ့စံချိန်ကိုချိုးဖျက်နိုင်ဖို့ ရေခဲတုံးကြီးတွေကို ဦးခေါင်းနဲ့ ခွဲပြခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုးရေခဲတုံးကြီးတွေကို ဦးခေါင်းနဲ့ ကွဲအောင်ခွဲပြနိုင်ပေမယ့်  အန်ဒါဆန်ဟာ တစ်စုံတရာဘေးအန္တာရယ်မဖြစ်ခဲ့ဘဲ သူရဲ့ ပြပွဲကို ကြည့်ရှူနေသူအားလုံးအံအားသင့်စေခဲ့တယ်လို့ သိရပါတယ်။
 REF STRAGE
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်


No comments:

Post a Comment