Latest News

Tuesday, March 14, 2017

ရေခဲကိုရှောင်ရှားသင့်တဲ့ အချက် ၅ ချက်

ရေခဲကိုရှောင်ရှားသင့်တဲ့ အချက် ၅ ချက်

မတ် ၁၄ - သောက်သုံးရဲ့အရေးပါမှုကိုအားလုံး သိရှိထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် သောက်သုံးလိုက်တဲ့ ရေရဲ့ အပူချိန်က လူရဲ့ အစာခြေစနစ်နဲ့ ဇီဝရုပ်ဖြစ်ပျက်ပြောင်းလဲမှုတွေကိုဘယ်လောက်ထိ ပြင်းပြင်ထန်ထန် ပြောင်းလဲ စေသလဲဆိုတာကိုတော့မသိရှိကြသေးပါဘူး။ အေးနေတဲ့ရေ အထူးသဖြင့် ရေခဲရေက လူရဲ့ အစာခြေစနစ်ကို ထိခိုက်စေပြီး အစာခြေဖျက်နိုင်စွမ်းကိုထိခိုက်ဝန်ပိစေပါတယ်။
Agni ဒါမှမဟုတ် ဝမ်းမီးဟာ အခြေခံအားဖြင့် အပူဓာတ်တစ်မျိုးပါ။ လူ့ခန္ဓာကိုယ်တွင်းက အပူဓာတ်ကို ဟိုက်ဒရိုကလိုရစ်အက်ဆစ်၊ သည်းခြေရည်၊ အစာခြေရည်တွေနဲ့ဖွဲ့စည်းထားပါတယ်။ သည် အပူစွမ်းအင်က စားသုံးလိုက်တဲ့ အစားအစာတွေကို အသုံးချနိုင်တဲ့စွမ်းအင်အဖြစ်ပြောင်းလဲပေးတဲ့ ဇီဝတွင်းဖြစ်စဉ်တွေကို လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ ရေခဲရေက သည်ဖြစ်စဉ်တစ်ရပ်လုံးကိုအဟန့်အတားဖြစ်စေပါတယ်။
တကယ်လို့ ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုဟာ အခြေခံအနေနဲ့ မီးဆိုရင် ရေခဲရေက မီးဖြစ်အောင်လုပ်နိုင်မယ် လို့သင်ထင်လား။ သင်တွေ့ကြည့်လိုက်ပါ ရေခဲရေက ဝမ်းမီးကိုငြိမ်းစေလိမ့်မယ်။ ဝမ်းမီးငြိမ်းသွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ ချက်လုပ်နိုင်စွမ်းကျဆင်းသွားပြီး အစာအာဟာရကိုဖြိုခွဲနိုင်စွမ်း၊ အာဟာရဓာတ်ပြုနိုင်စွမ်းတွေကို လျော့နည်းကျဆင်းသွားစေပါတယ်။ သည်လိုမျိုးအစားအစာတွေကို ခန္ဓာကိုယ်ကချက်လုပ်နိုင်စွမ်းကျဆင်းသွားတဲ့ အခါ ချက်လုပ်မထားတဲ့အာဟာရတွေထဲက အူထဲမှာ အနည်ထိုင်တာ၊ အစာတွေမချေဖျက်နိုင်တာကြောင့် အူနံရံမှာ အနာဖြစ်ပြီးပြည်တည်တာနဲ့ Ama လို့ခေါ်တဲ့ ခန္ဓာကိုယ်ကိုအဆိပ်အတောက်ဖြစ်စေတာမျိုးတွေ ဖြစ်စေပါ တယ်။ သည်လိုမျိုးခန္ဓာကိုယ်မှာအဆိပ်အတောက်ဖြစ်တာကြောင့် ချွဲသလိပ်တွေဖြစ်တာ၊ ဝမ်းချုပ်တာနဲ့ ဆီးချုပ်တာတွေ ခံစားလာရပါတယ်။ ရောဂါလက္ခဏာအများစုဟာ အူလမ်းကြောင်းထဲမှာအဖြစ်များပါတယ်။
ခိုင်မာတဲ့ Agni က ရောဂါကာကွယ်ရေး ပထမဆုံးစည်းပဲဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ဝမ်းမီးကိုတိုးတက်အောင် လုပ်ဆောင်တာနဲ့ထိန်းညှိတာက လူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့စိတ်ခံစားမှုတွေအတွက် အရေးပါ ပါတယ်။
ဝမ်းမီးလျော့နည်းလာတဲ့အခါ ရောင်ရမ်းတာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ အားအင်မရှိတာ၊ ကိုယ်အလေးချိန် တက်တာ၊ ပျို့အန်တာ၊ အစာမကြေတာတွေလိုမျိုး ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုခံစားရပါတယ်။ စိတ်ပိုင်းဆိုင်ရာ မှာလည်း ဝမ်းမီးအားနည်းလာတဲ့အခါ ဇဝေဇဝါဖြစ်တာ၊ စိတ်ဓာတ်ကျတာ၊ ထိုင်းမှိုင်းတာ၊ ဦးတည်ချက်မဲ့နေတာ၊ မေ့တတ်တာတွေကိုခံစားရနိုင်ပါတယ်။ ဝမ်းမီးကောင်းနေရင်တော့ ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုမြန်ဆန်တာ၊ စွမ်းအင်ပြည့်ဝတာ၊ အတွေးအမြင်ကြည်လင်ပြတ်သားတာ၊ပျော်ရွှင်တာနဲ့ ယုံကြည်မှုရှိတာတွေကိုခံစားရပါတယ်။
ရေခဲကိုရှောင်ရှားသင့်တဲ့အချက် ၅ ချက်
– ရေခဲကအစာခြေလမ်းကြောင်းကသွေးကြောတွေကို တင်းကျပ်စေပါတယ်။
– ရေခဲက ဝမ်းမီးကိုငြိမ်းစေတာကြောင့် ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုတွေကို အဟန့်အတားဖြစ်စေပါတယ်။
– ရေခဲရေသောက်သုံးမှုက အစာခြေလမ်းကြောင်းကသွေးကြောတွေကို တင်းကျပ်စေပြီး အစာခြေလမ်းကြောင်းကို လည်း တင်းကျပ်စေပါတယ်။ အမျိုးသမီးတွေအနေနဲ့ရာသီလာနေချိန်မှာရေခဲရေသောက်သုံးပါက ဗိုက်အောင့်တဲ့ ဝေဒနာကိုပိုဆိုးစေသလို ခါးအောက်ပိုင်းကိုလည်းနာကျင်စေပါတယ်။
သည်ဝေဒနာကိုဘယ်လိုသက်သာအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ ရေခပ်နွေနွေးနဲ့ရေချိုးပေးတာ ၊ရေနွေးအိတ် ကပ်ပေးတာမျိုးတွေလုပ်ဆောင်နိုင်ပါတယ်။ အနွေးဓာတ်က ခန္ဓာကိုယ်ကိုဝေဒနာသက်သာလျော့ပါးစေပါတယ်။
– ရေခဲရေသောက်သုံးမှုက အဆီတွေကိုခဲသွားစေပါတယ်။ အဆီများတဲ့အစားအသောက်တွေကို စားသုံးပြီး ချိန်မှာ ရေခဲရေသောက်ချလိုက်ပါက အစာခြေလမ်းကြောင်းမှာရှိတဲ့ အဆီတွေကိုခဲတောင့်သွားစေနိုင်ပါ တယ်။ သည်ခဲသွားတဲ့ အစာခြေလမ်းကြောင်းထဲကအဆီခဲတွေက အစားအေသာက်တွေကိုစေးကပ်တဲ့ အနေအထားဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်ကိုအဆိပ်အတောက်ဖြစ်စေတဲ့ Ama အနေအထားကိုဖြစ်စေ ပါတယ်။
– လူ့ ခန္ဓာကိုယ်အပူချိန်ဟာ ၉၈.၆ ဒီဂရီသာရှိတာဖြစ်ပါတယ်။ အေးစက်နေတဲ့ရေခဲရေကို သောက်သုံးလိုက် တဲ့အခါ ခန္ဓာကိုယ်ရဲ့စနစ်က ရုတ်တရက်အပြောင်းအလဲဖြစ်သွားပါတယ်။ ခန္ဓာကိုယ်ရဲ့ကိုယ်တွင်းဓာတ် မျှတမှုကိုထိန်းသိမ်းဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်ရဲ့အပူအအေးကိုဟန်ချက်ညီအောင် ထိန်းညှိဖို့အတွက် လွန်ကဲနေတဲ့အပူချိန်ကိုထိန်းညှိဖို့် အပူချိန်ထပ်မံထုတ်လွှတ်ဖို့ ခန္ဓာကိုယ်က အားစိုက် ထုတ်ရပါတယ်။ သည်လိုမျိုးလုပ်ဆောင်ရတဲ့အနေအထားက ခန္ဓာကိုယ်ကို ပင်ပန်းဒဏ်ပိစေပါတယ်။
သင့်အနေနဲ့ လန်းဆန်းသွားအောင်အေးမြတဲ့အရာတစ်ခုခုကိုစားသုံးချင်တယ်လို့ အာသီသဖြစ်ပါက သခွားသီး ဒါမှမဟုတ် အခန်းအပူချိန်အတိုင်းရှိနေတဲ့ရေတို့ကိုသောက်သုံးသင့်ပါတယ်။

Author – မအေးသီမွန်

[Ref :curejoy; 13 March 2017]

Kumudra

No comments:

Post a Comment