Latest News

Sunday, March 12, 2017

ပလတ်စတစ်ရေဘူးတွေ အသုံးပြုခြင်းက ခန္ဓာကိုယ် အလေးချိန်တိုးခြင်းကို ဖြစ်ပွားစေနိုင်

ပလတ်စတစ်ရေဘူးတွေ အသုံးပြုခြင်းက ခန္ဓာကိုယ် အလေးချိန်တိုးခြင်းကို ဖြစ်ပွားစေနိုင်


လေ့လာတွေ့ရှိမှု အသစ်တစ်ခုအရပလတ်စတစ်အတွင်းရှိဓာတု ဒြပ်ပေါင်းတစ်မျိုးကဝစေနိုင်သောဆဲလ်များ ကြီးထွားမှုနှင့် ဆက်စပ်နေကြောင်းတွေ့ရှိခဲ့ကြပါတယ်။ ဒီထက် ပိုအရေးကြီးတဲ့ တွေ့ရှိမှုကတော့ ပလတ်စတစ်များစွာမှာတွေ့ရှိရတဲ့ BPA သို့မဟုတ် BPS ဒြပ်ပေါင်းကကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဟော်မုန်းတစ်ချို့နဲ့ ဆက်စပ်နေတယ်ဆိုတာပဲ ဖြစ်ပါတယ်။

ကနေဒါနိုင်ငံရဲ့ သုတေသနစစ်တမ်းတွင် BPA သည် လူတစ်ဦး၏ ဝသေနိုင်သောအဆီဆဲလ်ကိုဖွံ့ဖြိုးစေနိုင်ပြီးဇီဝကမ္မဖြစ်စဉ်အပေါ် အကျိုးသက်ရောက်မှု ရှိတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၁၃ ခုနှစ်တက္ကဆက် တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိမှုအရလည်း BPS ဒြပ်ပေါင်းကဟော်မုန်းများပုံမမှန်ကြီးထွားမှုကို ဖြစ်စေနိုင်ကြောင်းထပ်မံတွေ့ရှိခဲ့ပါတယ်။

သုတေသီတွေကအမျိုးသမီးစေတနာ့ ဝန်ထမ်းတွေရဲ့ ပေါင်၊တင်ပါး၊ဝမ်းဗိုက်တွေကဆဲလ်တွေကိုထုတ်ယူပြီးတစ်ဝက်ခန့်ကိုBPA ဒြပ်ပေါင်းနဲ့ နှစ်ပတ်ကြာထိတွေ့စေပြီးစမ်းသပ်ခဲ့ပါတယ်။BPA နဲ့ ထိတွေ့ထားတဲ့ ဆဲလ်တွေမှာအဆီဖွံဖြိုးမှု သိသာစွာပိုမိုများပြားကြောင်းတွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့် ဒီအန္တရာယ်များတဲ့ ဒြပ်ပေါင်းတွေနဲ့ တွေ့ရှိမှုကိုလျော့နည်းစေဖို့ အတွက် နည်းလမ်းတစ်ချို့ကိုလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

အလွယ်တကူရနိုင်တဲ့ ပလတ်စတစ်ပစ္စည်းတွေကိုအသုံးမပြုဘဲဖန်၊ကြွေ၊ စတီးစတဲ့ပစ္စည်းတွေကိုအသုံးပြုပြီးရေထည့်သောက်သုံးသင့်ပါတယ်။ စည်သွပ်ဘူးထဲကအစားအစာတွေကိုအတတ်နိုင်ဆုံးလျှော့ပြီးစားသုံးသင့်ပါတယ်။
မိုက္ကရိုဝေ့ဗ်မီးဖိုထဲမှာပလတ်စတစ်ဘူး၊ခွက်တွေနဲ့ အစာချက်ခြင်း၊နွှေးခြင်းတွေကိုရှောင်ကြဉ်ဖို့လိုပါတယ်။

Ref:sheknows
Credit - Trend Myanmar

No comments:

Post a Comment