Latest News

Saturday, March 11, 2017

တောင်ကိုရီယားသမ္မတကို ဖမ်းဆီးဖို့တောင်းဆိုနေ


ရာထူးက အထုတ်ခံရတဲ့တောင်ကိုရီယား သမ္မကို ဖမ်းဆီးမှုတွေပြုလုပ်ဖို့ သမ္မတကိုဆန်ကျင့်သူတွေ
ကတောင်းဆိုလိုက်ပါတယ်။
သမ္မတ ပတ်ဂွန်ဟေး ဟာ  ရာထူးကထွက်ဖို့ ဖွဲစည်းးပုံအခြေခံခုံရုံးက ဆုံးဖြတ်လိုက်ပေမယ့် အခုအချိန်အထိ သမ္မတအိမ်တော်ထဲမှာ ရှိနေပြီး  တစ်စုံတရာတုံပြန်ပြောဆိုတာမရှိသေးပါဘူး၊
သမ္မတ ပတ်ဂွန်ဟေး ဟာသူမရဲ့ အရင်းနှီးဆုံးမိတ်ဆွေ ချိုဆွန်ဆီ ရဲ့ အကျင့်ပျက်လဘ်စားမှုတွေမှာပါဝင်ပတ်သက်တယ်လို့ လွတ်တော်က စွပ်စွဲခံရပြီးနောက် မကြာမိမှာပဲ ဖွဲစည်းပုံအခြေခံ ခုံရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့လို သမ္မတရာထူးက ထွက်ရမှာပါ၊

ဆိုလ်းမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်း က လူစုလူဝေးဖြစ်ခဲ့ပြီး သမ္မတ ကိုထောက်ခံသူတွေနဲ့ ဆန်ကျင့်သူတွေကြား စင်ပြိုင်ဆန္ဒပြမှုဖြစ်စဉ်အတွင်း သုံးဦးသေဆုံးခဲ့ပါတယ်။
စင်ပြိုင်ဆန္ဒပြသူတွေကြားထိပ်တိုက်တွေဆှုံမှုတွေဖြစ်လာမှာစိုးတာကြောင့် လုံခြုံရေးတပ်ဖွဲတွေကြားဝင်ခဲ့ရပြီး လုံခြုံရေးတင်းကြပ်မှု ၊လမ်းတွေပိတ်ဆို့တာတွေ လုပ်ခဲ့ရပါတယ်။
သမ္မတကို ဆန်ကျင့်သူတွေက အိမ်တော်ထဲကနေ ဖမ်းဆီးမှုတွေလုပ်ပြီး ရာဇာဝတ်ကြောင်း အရ တရားစွဲဖို့ တောင်းဆိုဆန္ဒပြနေပါတယ်။ တောင်ကိုရီယား ရွေးကောက်ပွဲကော်မရှင်က သမ္မတရွေးကောက်ပွဲကို လွတ်လပ် မျှတစွာကျင်းပပြီး မေလ ၉ ရက်နေ့နောက်ဆုံးထား ကျင်းပပေးသွားမယ်လို့ ကတိပြုထားပါတယ်။
ref bbc
ဇက်အမ်အို (တိုင်းဧရာ) ဘာသာပြန်သည်


No comments:

Post a Comment