Latest News

Friday, March 3, 2017

ရုရှား စစ်တပ်တွင် ပထမဆုံးအကြိမ်အဖြစ် ဆိုက်ဘာ တပ်ဖွဲ့တိုးချဲ့ထားဟု ရုရှား အတည်ပြု

ရုရှား စစ်တပ်တွင် ပထမဆုံးအကြိမ်အဖြစ် ဆိုက်ဘာ တပ်ဖွဲ့တိုးချဲ့ထားဟု ရုရှား အတည်ပြု


ရုရှား နိုင်ငံ၏ စစ်တပ်အတွင်း ဆိုက် ဘာတိုက်ခိုက်မှုများအတွက် တာဝန်ယူ ဆောင်ရွက်မည့် ဆိုက်ဘာတပ်ဖွဲ့ကို ပထမ ဆုံးအကြိမ် တိုးချဲ့ထားခဲ့ပြီဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုင်ဂူ က အတည်ပြုပြောကြားခဲ့သည်။ အဆိုပါ တပ်ဖွဲ့ကို သတင်းအချက်အလက်စစ်ဆင် ရေးတပ်ဖွဲ့ဟု အမည်ပေးထားပြီး ရုရှား စစ်တပ်အတွက် တရားဝင်ဆိုက်ဘာတပ် ဖွဲ့အဖြစ် ပထမဆုံးအကြိမ် ထုတ်ပြန်ကြေ ညာခဲ့ခြင်းဖြစ်သည်။ ယခင် ရုရှား စစ်တပ်မှ အသုံးပြုထား ခဲ့သည့် တန်ပြန်ဝါဒဖြန့်မှု ရည်ရွယ်ချက်များ ထက် ပိုမိုအစွမ်းထက်မြက်သည့် လက်နက် ကောင်းတစ်ခုအဖြစ် အသုံးချသွားရန်မျှော် လင့်ထားကြောင်း ရုရှားကာကွယ်ရေးဝန် ကြီးက ထပ်လောင်းပြောကြားသွားခဲ့သည်။ အနောက်နိုင်ငံများနှင့် နေတိုးတပ်ဖွဲ့ကို ရုရှားတို့က ပစ်မှတ်ထားကာ ဆိုက်ဘာ တိုက်ခိုက်မှုများပြုလုပ်နေခဲ့သည် ဟူ သည့် စွပ်စွဲပြောကြားချက်များ ထွက်ပေါ် လာခဲ့ပြီးသည့်နောက် ယခုကဲ့သို့ ရုရှား ဘက်မှာဆိုက်ဘာတပ်ဖွဲ့အကြောင်းကို ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။ ၂၀၁၆ ခုနှစ် အမေရိကန် သမ္မတရွေး ကောက်ပွဲတွင် ရုရှား မှာ ဆိုက်ဘာ ဖောက် ထွင်းတိုက်ခိုက်မှုများဖြင့်ဒေါ်နယ် ထရမ့်ပ် အနိုင်ရစေခဲ့သည်ဟု သတင်းများထွက်ခဲ့ ပြီးနောက် ယင်းဖြစ်ရပ်အတွက် စုံစမ်းစစ် ဆေးမှုများလည်း ပြုလုပ်နေကြဆဲပင် ဖြစ်သည်။ ဆိုက်ဘာ တိုက်ခိုက်မှုများက သာမန်စစ်ပွဲများကဲ့သို့ သွေးထွက်သံယိုမှု မရှိဘဲ ရန်သူနိုင်ငံ၏ အချုပ်အခြာအာဏာ ကိုယိုင်နဲ့စေနိုင်သည့်အတွက် ပို၍အရေး ပါကြောင်း ရုရှားကာကွယ်ရေးဦးစီးချုပ် ယူယီဘလူရက်စကီက မှတ်ချက်ပြုသွား ခဲ့သည်။

Ref ; UPI
Credit: PYI MYANMAR

No comments:

Post a Comment