ပျောက်ဆုံးသွားသည့် နေပြည်တော်ရှိ စီစီတီဗီမှတ်တမ်းများ နည်းပညာဖြင့် ပြန်လည်ရယူရန် သက်ဆိုင်ရာက ညွှန်ကြားထားခြင်းမရှိသေးဟုဆို
နေပြည်တော် သပြေကုန်းအဝိုင်းအနီးတပ်ဆင်ထားသော CCTV ကင်မရာတစ်လုံးကို တွေ့ရစဉ်
နေပြည်တော်တွင် ပျောက်ဆုံးသွားသော အောင်ဝင်းခိုင် ၏ ပုံရိပ်များကိုရရှိနိုင်သည့် စီစီ တီဗီမှတ်တမ်းများ ပျက်စီးသွား သော်လည်း နည်းပညာအကူအ ညီဖြင့် ပြန်လည်ရယူရန်အထက် ကညွှန်ကြားထားခြင်းမရှိသေးဘဲ အကယ်၍ ညွှန်ကြားပါက ညွှန် ကြားချက်အတိုင်း လုပ်ဆောင် မည်ဖြစ်ကြောင်း နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်က ပြောသည်။
ဦးကိုနီလုပ်ကြံမှုတွင် လက် ရှိအနေအထားအရ အောင်ဝင်းခိုင်သည် အရေးပါသော တရားခံဖြစ်နေသော်လည်း ၎င်းသည် နေပြည်တော်၌ ပျောက်ဆုံးလျက်ရှိသည်။ နေပြည်တော်တွင် တပ်ဆင်ထားသော စီစီတီဗီမှတ်တမ်းဖြင့် အောင်ဝင်းခိုင်သွားလာနေသည့် အနေအထားများကို ပြန်လည်စစ်ဆေးမှုရှိ၊မရှိ ရဲတပ်ဖွဲ့အား မေးမြန်းရာ စီစီတီဗီများသည်ခုနစ်ရက်သာ မှတ်တမ်းတင်ထားပြီး ခုနစ်ရက်ကျော်လွန်ပါက အလိုအလျောက်ပျက်သွား၍ မရှိတော့ကြောင်းပြောထားသည်။ သို့သော် နည်းပညာကျွမ်းကျင်သူများကမူ ယင်းစီစီတီဗီ မှတ်တမ်းများကို ပြန်လည်ရယူရန် ကြိုးစားသင့်ကြောင်း အကြံပြုသည်။
ပျက်စီးသွားသည်ဆိုသော စီစီတီဗီမှတ်တမ်းကို နည်းပညာ အကူအညီဖြင့် ပြန်လည်ရယူနိုင်ပါက ယူရန် အစီအစဉ်ရှိ၊မရှိနေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူးရဲမှူးကြီးဇော်ခင်အောင်အား မေး မြန်းရာ ‘‘အထက်ဌာနရဲ့အစီအ စဉ်ပဲ။ သူတို့က လုပ်ဆို လုပ်ရမှာ ပေါ့’’ဟု ဆိုသည်။
လုပ်ကြံမှုကို ပြည်ထဲရေးဝန် ကြီးဌာနလက်အောက်ရှိ အထူးစုံ စမ်းစစ်ဆေးရေးဦးစီးဌာန၊ သ တင်းရဲတပ်ဖွဲ့၊ စီအိုင်ဒီတို့က အဓိ က စစ်ဆေးနေပြီးတပ်မတော်က လည်း ပူးပေါင်းကူညီနေကြောင်း ပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ်ဇော်ဝင်းကပြောထားသည်။
လူငယ်ကွန်ပျူတာပညာရှင် ကိုကိုရဲက ‘‘ဖြစ်နိုင်ခြေတော့ရှိပါ တယ်။ တစ်ပတ်ဆိုတာကတော့ စီစီတီဗီတစ်ခုအနေနဲ့ ဖျက်ဖို့မသင့်တော်သေးတဲ့ အချိန်ပေါ့။ မှတ်တမ်းဆိုတာတော့ တစ်လ လောက်မှလိုရင်လည်း ထလိုတာ မျိုးလေ။ တစ်ပတ်ဆိုတာတော့ စောလွန်းပါတယ်။ အလိုအ လျောက် ဖျက်လိုက်မိပြီဆိုရင် လည်း အဲဒီ Hard Diskကိုဖြုတ် ပြီး ကျွမ်းကျင်သူတွေနဲ့ ပြန်ဖော် ကြည့်သင့်တာပေါ့’’ဟု ပြောသည်။
ဟိန်း CCTV Fingerprint & Security Products Serviceမှ မ အိမ့်သူသူအောင်က ‘‘သူတို့ ကင် မရာဘယ်နှလုံးတပ်ထားလဲ။ အဲဒီအထိုင်စက်မှာ ဘယ်လောက် မန်မိုရီစိုက်ထားလဲပေါ့။ ကင်မရာ အလုံးရေနဲ့ အထိုင်စက် Record ကို တွက်ကြည့်မှ ဟုတ်တယ်၊ မ ဟုတ်ဘူးသိရမယ်။ တချို့အထိုင် စက်တွေဆို ဘယ်နှရက် Record လုပ်လဲဆိုတာကိုပြတယ်။ ဒီလိုပျက်သွားတာကို ပြန်ဖော်လို့ကတော့ မရတော့ဘူး။ ခုနစ်ရက်ပဲခံတဲ့ Record Memory ကို ထည့်ထားတယ်ဆိုရင် ဥပမာ ရှစ်ရက်မြောက်ဆိုရင် ပထမတစ်ရက်ရဲ့ Recordကို ပြန်ဖျက်ပြီး ရှစ်ရက်နေ့က Recordကို စမှတ်တာပေါ့။ တချို့ကတော့ Recordကို ပုံမှန်ထုတ်တယ်။ ကိုယ်က မှတ်တမ်းလိုချင်တယ်ဆိုရင် စတစ်နဲ့ပဲဖြစ်ဖြစ်၊ External Hardiskနဲ့ပဲဖြစ်ဖြစ် ပြန်ပြီးတော့ Record သိမ်းထားရင်တော့ရမယ်’’ဟု ပြောသည်။
စီစီတီဗီမှတ်တမ်းကို ခုနစ် ရက်သာ မှတ်တမ်းတင်ထားသည် ဟု ရဲတပ်ဖွဲ့က ပြောသော်လည်း အောင်ဝင်းခိုင်နှင့် ပူးပေါင်းကြံ စည်ခဲ့သူ ဇေယျာဖြိုးကို ဖေဖော်ဝါ ရီ ၃ရက်က ဖမ်းမိခြင်းဖြစ်သည်။ ဇေယျာဖြိုးကို ဖမ်းမိကတည်းက လုပ်ကြံမှုတွင် အောင်ဝင်းခိုင်ပတ် သက်မှုရှိ၊မရှိ စစ်ဆေးရေးအဖွဲ့ က သိရှိပြီးဖြစ်သောကြောင့် အောင်ဝင်းခိုင်သွားရောက်သည့် လမ်းကြောင်းများမှ စီစီတီဗီမှတ် တမ်းများကို စစ်ဆေးပြီးဖြစ်သင့် ကြောင်း အဆိုပါအမှုနှင့်ပတ် သက်သော သတင်းများကိုစိတ် ၀င်စားသူများက သုံးသပ်သည်။
ဦးကိုနီလုပ်ကြံမှုတွင် သေ နတ်သမားကြည်လင်း၊ အောင် ၀င်းဇော်၊ နဂါးလေးနှင့် ဇေယျာ ဖြိုးတို့ကို ဖမ်းဆီးထားပြီး လွတ် မြောက်နေသူ အောင်ဝင်းခိုင်ကို ဖမ်းမိမှသာ အမှုကွင်းဆက်အခြေ အနေကို သိနိုင်မည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကပြောထားသည်။
Credit : 7 Day Daily
Friday, March 3, 2017
ပျောက်ဆုံးသွားသည့် နေပြည်တော်ရှိ စီစီတီဗီမှတ်တမ်းများ နည်းပညာဖြင့် ပြန်လည်ရယူရန် သက်ဆိုင်ရာက ညွှန်ကြားထားခြင်းမရှိသေးဟုဆို
ပျောက်ဆုံးသွားသည့် နေပြည်တော်ရှိ စီစီတီဗီမှတ်တမ်းများ နည်းပညာဖြင့် ပြန်လည်ရယူရန် သက်ဆိုင်ရာက ညွှန်ကြားထားခြင်းမရှိသေးဟုဆို
Reviewed by Ar Ti
on
10:05 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment