မြန်မာအိုင်ဒေါက ဒိုင်ဖြစ်တဲ့ မြန်မာပြည်သိန်းတန် ကောမန့်ကိုတီထွင်ပြီးလူသိပိုများလာတယ် သီချင်းတွေ၊ အသံတွေကို ဖန်တီးသူ KOE
အသံတွေကို ဖန်တီးသူ koe nge နှင့် တွေ့ဆုံမေးမြန်းခြင်း
အွန်လိုင်း မှာ အခုတလော မြန်မာပြည်သိန်းတန် ရဲ့ မြန်မာ အိုင်ဒေါလူရွေးပွဲတုန်းက ပေးခဲ့တဲ့ကောမန့်ကို သီချင်းတစ်ပုဒ်အဖြစ် ပြောင်းလဲတီးခတ် ထားတဲ့ ဗီဒီယိုဖိုင်တစ်ခု ပျံ့နှံ့နေပါတယ်။ သည်ဗီဒီယိုဖိုင်ကို ကြည့်ရှုသူတွေ အများအပြားရှိနေပါတယ်။ သည်သီချင်းကို မဖန် တီးခင်ကလည်း ဖွေးဖွေးရဲ့ အသံတွေ၊ ခိုင်သင်းကြည်ရဲ့အသံတွေကို ရယ်စရာ ဖန်တီးမှုတစ်ခုလုပ်ပြီး တင်ထားပါ တယ်။ သည်သီချင်းတွေတုန်းကတော့ သီချင်းကို သာ လူသိများတာဖြစ်ပြီး အခု နောက်ဆုံး ဖန်တီးလိုက်တဲ့ ဦးသိန်းတန်သီချင်းမှာမှ ဖန်တီးတဲ့ သူနဲ့ သီချင်းတွေကို တွဲသိလာတာဖြစ်ပါတယ်။
သည်သီချင်းတွေကို ဖန်တီးသူက ငယ်ငယ်ကတည်းက သီချင်းနားထောင် တာကို ဝါသနာပါသူတစ်ယောက်ဖြစ်ပြီး ကွန်ပျူ တာနဲ့ သီချင်းတွေဖန်တီးတာကို လေ့လာ ခဲ့ပြီး စတင်ဖန်တီးခဲ့တာဖြစ်ပါ တယ်။ အခုချိန်မှာတော့ ဖေ့စ်ဘုတ်ခ်အ ကောင့်မှာအပြင်ပေ့ခ်ျတွေရော၊ follower တွေအများ အပြားရှိနေတဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် ဂရု(ပ်)တွေနဲ့ပါ သူဖန်တီးတာတွေကို ဝေဖန်ပေးတဲ့သူတွေပါရှိ နေတာဖြစ်ပါ တယ်။ သူကတော့ လူငယ်တစ်ဦးဖြစ်ပြီး သီချင်းတွေ၊ သံစဉ်တွေကို ဖန်တီးတဲ့သူ koe nge ပဲ ဖြစ်ပါတယ်။ သူ ဖန်တီးခဲ့တဲ့ အကြောင်းကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
ကုမုဒြာ ။ ။ အစ်ကို သည်လိုဖန်တီးမှုတွေကို ဘယ်ကနေစပြီး လုပ်ဖြစ်ခဲ့တာလဲ။
koe nge ။ ။ ငယ်ငယ်ကတည်းက သီချင်းတွေ နားထောင်ရတာကို ဝါသနာပါ တယ်။ ဘာအမျိုးအစားရယ်လို့ သတ် သတ်မှတ်မှတ်ထားတာတော့မရှိဘူး။ အကုန်နားထောင်တယ်။ နိုင်ငံပေါင်းစုံက သီချင်းတွေလည်း ကြုံရင်ကြုံသလို နား ထောင်တယ်။ သီ ချင်းအထာကတော့ နပ်နေပါပြီ။ အခုလို ကွန်ပျူတာတွေနဲ့ သီချင်း ဖန်တီးတဲ့အပိုင်းတွေနဲ့ပတ်သက်ပြီး လေ့ လာခဲ့တာတော့ ကြာပါပြီ။ ဘာအတွက်ရယ်လို့တော့ မဟုတ်ဘူး။ သည်အတိုင်း စိတ်ဝင်စားလို့ လေ့လာခဲ့တာပါ။ ဖေ့စ် ဘုတ်ခ်မှာ သီချင်းတွေကို သေချာစလုပ် ဖြစ်ခဲ့တာ ၂၀၁၂ လောက်ကပါ။
ကုမုဒြာ ။ ။ ဖန်တီးမှုတွေကိုရော ဘယ်လို စိတ်ကူးတွေရခဲ့တာလဲ။
koe nge ။ ။ စိတ်ကူးရပုံတွေကတော့ အမျိုးမျိုးပဲ။ တူရိယာတစ်ခုခုကို လျှောက် တီးနေရင်းနဲ့လည်း ရှိတယ်။ Software/ plugin တစ်ခုခု လျှောက်တီးနေရင်းနဲ့ ရလာတာတွေလည်း ရှိတယ်။ သီချင်းနား ထောင်ရင်းရတာလည်းရှိတယ်။ ကြည့် ရင်းရတာတွေလည်းရှိတယ်။ ကျွန်တော် က လူက ငြိမ်နေရင် ခေါင်းထဲမှာ အမျိုး မျိုးလျှောက်စဉ်းစားမိနေတာဆိုတော့ လူ အများစုမစဉ်းစားတတ်တာတွေ ပေါ်ပေါ်လာတတ်တယ်။ ပုံသေတော့မရှိဘူး။ စိတ်ထဲပေါ်လာတာပဲပေါ့။
ကုမုဒြာ ။ ။ ဘယ်လိုဂီတတွေကို ဖန်တီးတာများလဲ။
koe nge ။ ။ Electronic music တွေ၊ EDM/Dance တွေကို အဓိက ကွန်ပျူ တာနဲ့ ဖန်တီးရတဲ့အမျိုးအစားတွေပေါ့။ Film score တွေလည်း နည်းနည်းပါးပါး တီးဖြစ်တယ်။ သီချင်းတွေပဲမဟုတ်ဘူး။ အသံနဲ့ပတ်သက်ရင် အကုန်စိတ်ဝင်စား တယ်။ ဥပမာ တီဗီလိုင်းမမိလို့ ထွက်လာ ထဲ့အသံတွေဆိုရင် သည်အသံနဲ့ ဘာတွေက အနီးဆုံးဖြစ်နိုင်လဲဆိုတာတွေကို စဉ်းစားတယ်။ ဒါဆိုရင် white nose/ တီးဆို ပြီး ထွက်လာတဲ့အသံတွေကျတော့ sine wave အမြင့်သံ၊ ရုပ်ရှင်ထဲက ဒိုင်နိုဆော အော်တဲ့အသံဆိုရင်လည်း သည်အသံကို ဘယ်လိုလုပ်ထားလဲ ၊ ဘယ်လိုအသံကို အခြေခံပြီး ပြန်ပြင်ထားတာလဲဆိုတာကို စU်းစားတယ်။ ပြီးရင် ကိုယ့်ဘာသာကွန် ပျူတာနဲ့ အနီးစပ်ဆုံးတူအောင်လိုက်လုပ် ကြည့်တယ်။ အဲသည်လို sound design တွေက အစ လေတိုက်တဲ့အသံတွေကိုပါ စိတ်ဝင်စားလာတယ်။
READ Crush ရတဲ့သူနဲ့ အတူ ရိုက်ကူးထားတဲ့ အိမ့်ချစ် ရဲ့ သီချင်း
ကုမုဒြာ ။ ။ အခုချိန်အထိ ဘယ်လောက်များများ ဖန်တီးပြီးပြီလဲ။
Koe nge ။ ။ ရီမစ်စ်တွေကိုလည်း လုပ်ဖြစ်တယ်။ Original mix တွေကိုလည်းလုပ်ဖြစ်တယ်။ အများခေါ် ကိုယ်ပိုင်သံစဉ်တွေပေါ့။ ကျွန်တော်တို့ electronic music မှာကျတော့ original mix လို့ ခေါ်တယ်။ စကားပြောတာကို သီချင်း သံ ပြန်လုပ်တာကတော့ ငါးပုဒ်လောက်ပဲရှိသေးတယ်။ အားလုံးပေါင်းက တော့ အပုဒ် ၂၀ လောက်ရှိနေပြီ။
ကုမုဒြာ ။ ။ ဘယ်လိုအသံကို စပြီး ဖန်တီး ဖြစ်ခဲ့တာလဲ။
Koe nge ။ ။ ပထမဆုံးစလုပ်ဖြစ်ခဲ့တာတော့ လက်ပံဇာတ်ကားထဲက ဖွေးဖွေးရဲ့ အသံကို ပထမဆုံးစပြီး လုပ်ခဲ့တာပါ။
ကုမုဒြာ ။ ။ မြန်မာပြည်သိန်းတန် ရဲ့ အသံကို ပြုလုပ်ခဲ့ တဲ့အ ကြောင်းလေးကို ပြောပေးပါဦး။
Koe nge ။ ။ အရှေ့မှာလည်း စကားပြောသံတွေကို သီချင်းပြန်လုပ်ဖူးပါတယ်။ သူ ပြောတဲ့ စကားလုံးတွေကို သဘောကျလို့ ပါ။ ကြားလိုက်တာနဲ့ သီချင်းလုပ်လို့ရ တယ်ဆိုတာကို သိလိုက်တယ်။ ပြီးရင် တော့ ဘယ်လိုပုံစံနဲ့ လိုက်နိုင်လဲဆိုတာကို စဉ်းစားရတယ်။ တချို့ဟာတွေကျတော့ ကျွန်တော် သိပ်ခက်ခက်ခဲခဲ မစဉ်းစားလိုက်ရဘဲ အလိုလိုခေါင်းထဲပေါ်လာတာတွေရှိတယ်။ တချို့ဟာတွေကျတော့ စဉ်းစားရတယ်။
ကုမုဒြာ ။ ။ အွန်လိုင်း မှာတင်ပြီး ဖန်တီးမှုတွေကို ချပြလိုက်တဲ့အခါမှာ လူတွေရဲ့လက်ခံမှုတွေကရော ဘယ်လောက်အတိုင်းအတာလောက်ရှိလဲ။
Koe nge ။ ။ အရင် ဗီဒီယိုလေး ခုတုန်းကလည်း ကြည့်တဲ့သူတွေများတယ်။ ဗီဒီယိုနဲ့ သီချင်းကိုတော့ သိတယ်။ ကျွန်တော်လုပ်တယ်ဆိုတာကို တွဲပြီးမသိသေးတာပါ။ ဦးသိန်းတန်လည်းကျရော ကိုယ်ထင်ထားတာ ထက် အားပေးမှုတွေ ပိုရခဲ့တယ်။ ဖန်တီးမှုတစ်ခုပြီးတိုင်း ပရိသတ် ပါးစပ်မှာ စွဲပြီးကျန်နေခဲ့တယ်။ ဖွေးဖွေးဆိုရင်လည်း ပွတ်သီးပွတ်သပ်၊ ဦးလှဆွေ ဆို ရင်လည်း ability ability တိုင်တစ်လုံးနဲ့အိမ်၊ ခိုင်သင်းကြည် နဲ့ စတီဗင်ဇော်ကြီး ဆိုရင် လည်း ဖားဖားဖား၊ ဦးသိန်းတန်ဆိုရင်လည်း ability abilityအဲ့လိုမျိုးလေးတွေပေါ့။ လူတွေရဲ့ ပါးစပ်မှာတော့ စွဲကျန်ခဲ့တယ်။
READ “မိဘအုပ်ထိန်းမှု လိုအပ်နေတဲ့ အသက် ၁၅ နှစ်အရွယ် မြန်မာမိန်းမပျို တစ်ယောက်ရဲ့ မိဘကို ရေခြားမြေခြားကနေ ပြန်လွှတ်တယ်ဆိုတာ မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်နဲ့ဆို Reasonable လုံးဝ မဖြစ်ပါဘူး”
ကုမုဒြာ ။ ။ အစ်ကို့ကို ဘယ်သူ့အသံကိုတော့လုပ်ပေးပါဆိုပြီး တောင်းဆိုတာတွေရောရှိလား။
Koe nge ။ ။ ကြုံဖူးပါတယ်။ ချက် ဘောက်ကနေ အသံတွေပို့ပေးတာတွေ၊ အကုန်လုံးကိုတော့ မမှတ်မိတော့ဘူး။ နည်းနည်းလောက်မှတ်မိတာဆိုရင် ကောင်လေးတစ်ယောက် သူ့အဒေါ်ဆဲ လိုက်တာကို အသံသွင်းပြီး ကျွန်တော့်ကို သီချင်းပြန်လုပ်ခိုင်းတယ်။ အဲသည်လိုမျိုး ဖုန်းနဲ့ အသံဖမ်းတာတွေကိုလည်း ကြုံဖူး တယ်။ ပြီးတော့ တီးလုံးလေးတွေ မြူးမြူးလေးတွေ ဖြစ်အောင်လည်း တီးခိုင်းတာတွေရှိတယ်။ ကျွန်တော့်ကို တောင်းဆိုထားတာတွေကတော့ များတယ်။ အကုန်လုံးကို လုပ်ပေးချင်တယ်။ ဒါပေမဲ့ အချိန်မပေးနိုင်သေးလို့ မလုပ်ပေးတာပဲရှိပါ တယ်။ ပြီးတော့ ဘယ်သီချင်းကတော့ အခုနောက်ပိုင်း အရမ်းပေါက်နေတယ်။ ဘယ်နိုင်ငံက သီချင်းဘာညာပေါ့။ အဲဒါတွေကို ပြန်ပြီး ဖန်တီးခိုင်းတာတွေလည်း ရှိတယ်။
ကုမုဒြာ ။ ။ နောက်ထပ် ဘယ်လိုအသံတွေကို ဖန်တီးဖို့ရှိလဲ။
Koe nge ။ ။ ကိုယ့်ကိုယ်ကို ဘောင်ခတ်ထားတာမရှိတဲ့အတွက် အတိအကျတော့ မပြောနိုင်သေးပါဘူး။ အကုန်လုံးတော့ လုပ်ချင်တယ်။ Classic music တွေလည်း ဖြစ်နိုင်ရင် လုပ်ကြည့်ချင်ပါတယ်။
ကုမုဒြာ ။ ။ ဖန်တီးမှုတွေ လုပ်တဲ့အခါမှာရော ကူညီတဲ့သူတွေရှိလား။
Koe nge ။ ။ ဗီဒီယိုပိုင်းနဲ့ ပတ်သက်ပြီး ဒေါင်းလုပ်ဒ်ဆွဲတာ၊ ရိုက်ပေးတာနဲ့ edit လုပ်ပေးတဲ့အပိုင်းကိုတော့ ညီတွေ၊ သူငယ်ချင်းတွေက ကူညီပေးပါတယ်။ သူတို့ တွေပဲ အဓိကကူညီပေးနေတာပါ။
ကုမုဒြာ ။ ။ အခက်အခဲတွေရော ရှိခဲ့ဖူးလား။
Koe nge ။ ။ ဘယ်ဟာကမှ လွယ်ကူတယ်တော့ မရှိပါဘူး။ အခက်အခဲတွေက တော့ အမျိုးမျိုးပါပဲ။ ထွေထွေထူးထူး တော့ မပြောတော့ပါဘူး။ ဘာလို့လဲဆို တော့ အဲသည်အခက်ခဲတွေကပဲ အတွေ့အကြုံတိုးတက်မှုတွေကို ဖြစ်စေနိုင်တာပါ။
ကုမုဒြာ ။ ။ အစ်ကို့အနေနဲ့ ဖြည့်စွက် ပြောချင်တာတွေရှိရင် ပြောပေးပါဦး။
Koe nge ။ ။ ကျွန်တော်က ကိုယ်လုပ်ချင်တာကို လုပ်နေတာကြောင့် သီချင်းတွေကတော့ ဆက်လုပ်ဖြစ်မှာပါ။ အခွင့်အရေးရမယ်ဆိုရင် နိုင်ငံတကာက ပညာရှင်တွေ၊ အနုပညာရှင်တွေနဲ့ တွဲပြီးတော့ လုပ်ချင်ပါတယ်။ သည်လိုလုပ်နိုင်တယ်လို့လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလို့ပါ။ နောက်ပိုင်းတွေမှာလည်း သီချင်းတွေကို ဆက်ပြီး ဖန်တီးဖြစ်လာမှာပါ။
ကုမုဒြာ ။ ။ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
Author လိမ္မာ
Credit: Kumudra
Friday, March 3, 2017
မြန်မာအိုင်ဒေါက ဒိုင်ဖြစ်တဲ့ မြန်မာပြည်သိန်းတန် ကောမန့်ကိုတီထွင်ပြီးလူသိပိုများလာတယ် သီချင်းတွေ၊ အသံတွေကို ဖန်တီးသူ KOE
မြန်မာအိုင်ဒေါက ဒိုင်ဖြစ်တဲ့ မြန်မာပြည်သိန်းတန် ကောမန့်ကိုတီထွင်ပြီးလူသိပိုများလာတယ် သီချင်းတွေ၊ အသံတွေကို ဖန်တီးသူ KOE
Reviewed by Ar Ti
on
10:11 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment