Latest News

Thursday, March 23, 2017

မြောင်းမြမြို့နယ်၊ အိမ်တစ်လုံးကျေးရွာတွင် လူဦးရေ ရာကျော် အစာအဆိပ်သင့်မှု ဖြစ်ပွား

မြောင်းမြမြို့နယ်၊ အိမ်တစ်လုံးကျေးရွာတွင် လူဦးရေ ရာကျော် အစာအဆိပ်သင့်မှု ဖြစ်ပွာ


မြောင်းမြမြို့နယ်၊ အိမ်တစ်လုံးကျေးရွာအုပ်စု၊ အိမ်တစ်လုံးကျေးရွာတွင် မတ် ၂၃ ရက်က ပြုလုပ်သော အလှူတစ်ခုမှ ငါးသလောက်ပေါင်း၊ ငံပြာရည်ကျော်၊ ပိန္နဲပြုတ်၊ မဲဇလီဟင်းချို စားမိရာမှ လူဦးရေ ရာကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြောင်းမြဆေးရုံသို့ မတ် ၂၃ ရက် ည ၉ နာရီ အချိန်ခန့်ထိ အစာအဆိပ်သင့်မှု ဖြစ်ပွားသော လူဦးရေ ၃၀၀ ခန့် ရောက်ရှိနေကြောင်း၊ အဆိုပါ ကျေးရွာမှ စက်လှေဖြင့် လာရောက်နေသော လူနာပေါင်း လူ ၅၀၀ ကျော်ခန့် စက်ကုန်းလှေဆိပ်တွင် ထပ်မံ ရောက်ရှိနေကြောင်း သိရသည်။

အစာအဆိပ်သင့် ဖြစ်ပွားသူများမှာ နောက်ကျောထိုး၊ ၀မ်းသွား၊ ခေါင်းမူးအော့အန်၊ ကိုယ်လက်ထိုင်းမှိုင်းသည့် ဝေဒနာများ ခံစားနေရပြီး လက်ရှိအချိန်ထိ အသက်စိုးရိမ်ရသည့် လူနာမရှိသေးကြောင်း၊ မြို့ပေါ်ရှိ လူမှုရေးအဖွဲ့များမှ လူနာတင်ကားများ၊ ကုန်ကားများနှင့် မီးသတ်ကားများပါ လူနာများအား ဆက်တိုက်သွားရောက် သယ်ယူနေရကြောင်းနှင့် မြောင်းမြဆေးရုံသို့ လူနာများ ထပ်မံရောက်ရှိနေပြီး ဆေးရုံနေရာ မဆံ့သောကြောင့် ဆေးရုံပြင်ပတွင် ကွပ်ပစ်များဖြင့် နေရာချထား ပေးနေရကြောင်း ကနဦးသတင်းအရ သိရသည်။

မင်းသူဝင်းထွဋ်

Eleven Media Group

No comments:

Post a Comment