Latest News

Thursday, March 23, 2017

တာဝန်က ရုပ်သိမ်းမယ့် သတင်း မမှန်ကြောင်း မွန်ပြည်နယ် လွှတ်တော် ဒု - ဥက္ကဋ္ဌ ပြော

တာဝန်က ရုပ်သိမ်းမယ့် သတင်း မမှန်ကြောင်း မွန်ပြည်နယ် လွှတ်တော် ဒု - ဥက္ကဋ္ဌ ပြော

မော်လမြိုင် - ချောင်းဆုံ တံတားကို "ဗိုလ်ချုပ်အောင်ဆန်း တံတား" လို့ နာမည်ပေးတဲ့ အပေါ် ကန့်ကွက် ဆန္ဒပြပွဲမှာ ဦးဆောင် ပါဝင်ခဲ့တဲ့ မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးကို တာဝန်က ရုပ်သိမ်းဖို့ စီစဉ်နေတယ် ဆိုပြီး သတင်းတွေနဲ့ ပတ်သက်ပြီး ကာယကံရှင် ဒေါက်တာ အောင်နိုင်ဦးက ငြင်းဆို လိုက်ပါတယ်။

အဲဒီလို အရေးယူမယ်လို့ မထင်ကြောင်းနဲ့ ထွက်ပေါ် နေတာတွေဟာ ကောလာဟလတွေသာ ဖြစ်တယ်လို့ ဒေါက်တာ အောင်နိုင်ဦးက ပြောပါတယ်။

NLD ပါတီဝင် တဦးဖြစ်တဲ့ မွန်ပြည်နယ် လျှပ်စစ် - စွမ်းအင်နဲ့ စက်မှုလက်မှု ဝန်ကြီး ဦးမင်းထင်အောင်ဟန် ကလည်း ဒီကိစ္စ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နဲ့ မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေ မော်လမြိုင်မြို့ က ပြည်နယ်လွှတ်တော် ခန်းမမှာ မနေ့က တွေ့ဆုံပွဲအပြီးမှာ ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးကို တာဝန်က ရုပ်သိမ်းဖို့ စီစဉ်နေတယ် ဆိုပြီး သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

နည်းဥပဒေအရ  ပြည်နယ် - သို့မဟုတ် တိုင်းဒေသကြီး လွှတ်တော်ရဲ့ ဒုတိယ ဥက္ကဋ္ဌ တဦးကို တာဝန်က ရုပ်သိမ်းဖို့ အဆို တင်သွင်းမယ် ဆိုရင် ကိုယ်စားလှယ် စုစုပေါင်းရဲ့ လေးပုံတပုံက လက်မှတ်ရေးထိုး ထောက်ခံရမှာ ဖြစ်ပြီး၊ ကိုယ်စားလှယ် သုံးပုံနှစ်ပုံက ထောက်ခံမဲ ပေးမှသာ တာဝန်က ရုပ်သိမ်းဖို့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ဒီအဆိုနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး၊ အဆို တင်သွင်းခံရ သူကို ချေပခွင့်ပေးတာ ကြားနာတာတွေ ပြီးမှ၊ တလအတွင်း သက်ဆိုင်ရာ လွှတ်တော်ကို အစီရင်ခံ တင်ပြရမှာ ဖြစ်ပါတယ်။

စုံစမ်း စစ်ဆေးရေး အဖွဲ့က ဒီအဆို မှန်ကန်မှု ရှိတယ်လို့ တင်ပြလာမှသာ လျှို့ဝှက် ဆန္ဒမဲ ပေးပြီး ကိုယ်စားလှယ် သုံးပုံနှစ်ပုံက ထောက်ခံမယ် ဆိုရင် ဒုတိယ ဥက္ကဋ္ဌကို တာဝန်မှ ရုပ်သိမ်းကြောင်း ကြေညာရမှာ ဖြစ်ပါတယ်။RFA

No comments:

Post a Comment