Latest News

Thursday, March 23, 2017

ပြိုင်ပွဲဝင်မည့် သံချပ်စာသားများကို စိစစ်ရေး တင်မည်ဟု အကယ်ဒမီ ဗေလုဝ ပြော

ပြိုင်ပွဲဝင်မည့် သံချပ်စာသားများကို စိစစ်ရေး တင်မည်ဟု အကယ်ဒမီ ဗေလုဝ ပြော


ရန်ကုန်။  ။မတ်လ-၂၃  ။             ။ယခုနှစ် မဟာသင်္ကြန် ကာလ တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က ပြုလုပ်မည့် သံချပ်ပြိုင်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်မည့် သံချပ်စာ သားများကို စိစစ်ရေး တင်သွားမည် ဖြစ်ကြောင်း သရုပ်ဆောင် အကယ်ဒမီ ဗေလုဝ က ပြောကြားလိုက်သည်။

"ဦးဗေတို့ ဒီနှစ်သံချပ် ဝင်ပြိုင်ပါမယ်။ ဦးဗေတို့က ဒီနှစ်မှ သံချပ် ဝင်ပြိုင်တာ ဆိုတော့ အရင်နှစ်တွေက စိစစ်ရေး မတင်ခဲ့ဘူး။ ဒီနှစ်တော့ သံချပ် ဝင်ပြိုင်မှာ ဖြစ်တဲ့ အတွက် အခု စိစစ်ရေး တင်နိုင်ဖို့ ပြင်ဆင်နေပါတယ်" ဟု သံချပ် ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ပြင်ဆင် နေသည့် သရုပ်ဆောင် အကယ်ဒမီ ဗေလုဝ  က ပြောသည်။

မြန်မာ့ရိုးရာ မဟာသင်္ကြန် ကာလတွင် သင်္ကြန်သီချင်း၊ သံချပ်များအား ကြိုတင် စိစစ်နိုင်ရန် အတွက် မဟာသင်္ကြန် သီချင်း၊ သံချပ် စိစစ် ကြပ်မတ်ရေး လုပ်ငန်း ကော်မတီသို့ မတ်လ ၂၈ ရက်နေ့ နောက်ဆုံးထား ပေးပို့ရန် ထုတ်ပြန် ကြေညာထားသည်။

သင်္ကြန်ပွဲတော်တွင် ဖျော်ဖြေ တင်ဆက်မည့် အဖွဲ့များ၏ သီချင်းများ၊ သံချပ်များအား စိစစ်ရေး တင်စေရန် ဆောင်ရွက်ရခြင်းမှာ ဘာသာရေး၊ လူမျိုးရေး ထိခိုက်မည့် အသုံးအနှုန်းများ မပါဝင်စေရေး၊ ရိုင်းစိုင်း ဆဲဆိုသော စကား အသုံးအနှုန်း ဟန်ပန် အမူအရာများ မပါရှိစေရေး၊ နိုင်ငံတော် အဖွဲ့အစည်း  လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက် အား ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့် အကြောင်း အရာများ မပါဝင်စေရေး အစရှိသည် တို့ကြောင့် စာပေ စိစစ်ရေးသို့ တင်ခိုင်းခြင်း ဖြစ်ကြောင်း သိရသည်။

သံချပ် ဖျော်ဖြေမှု ပြုလုပ်မည့် အနုပညာရှင် မေတ္တာ က "သင်္ကြန် ကာလမှာ သံချပ် ဝင်ပြိုင်မှသာလျှင် စာပေ စိစစ်ရေးကို တင်ရတာပါ။ ဦးမေတ္တာ တို့က သံချပ် ဝင်ပြိုင်မှာ မဟုတ်ပါဘူး။ သံချပ်နဲ့ ဖျော်ဖြေဖို့ အတွက် စီစဉ် ဆောင်ရွက်နေတာ ဖြစ်တဲ့ အတွက် စာပေ စိစစ်ရေး တင်စရာ မလိုပါဘူး။ ဦးမေတ္တာ အခု လောလောဆယ် တော့ သံချပ်ရေးနိုင်ဖို့ အတွက် ခရီး ထွက်နေပါတယ်။ အခု လောလောဆယ်တော့ သံချပ်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုးတွေ ပြင်ဆင်ထားတယ် ဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး " ဟု ပြောသည်။

ယခုနှစ် သင်္ကြန်ကာလတွင် တချို့သော အနုပညာရှင်များ သည် သံချပ်ဝ င်ရောက် ယှဉ်ပြိုင်နိုင်ရန် အတွက် ပြင်ဆင်နေမှုများ ရှိပြီး တချို့သော အနုပညာရှင်များ သည်လည်း သင်္ကြန် ကာလအတွင်း လှည့်လည် ဖျော်ဖြေနိုင်ရန် အတွက် သံချပ်ရေးသားလျက် ရှိနေကြောင်း သိရသည်။

ယခင်က သင်္ကြန်ကာလတွင် သံချပ်ဖြင့် ဖျော်ဖြေရာတွင် မိမိတို့ ဖျော်ဖြေမည့် သံချပ် စာသားများ အား စာပေ စိစစ်ရေး မတင်ခဲ့ရ သော်လည်း ၂၀၁၄ ခုနှစ်မှ စတင်ကာ သံချပ် စာသားများအား စာပေ စိစစ်ရေးသို့ တင်ပြ လာခဲ့ရကြောင်း သိရသည်။

NN ( Democracytoday )

No comments:

Post a Comment