Latest News

Tuesday, March 28, 2017

တပ်မတော်သားကိုယ်စားလှယ်တွေကို ချီးမွမ်းအသိအမှတ်ပြုလိုက်တဲ့ လွှတ်တော် ဥက္ကဌ



ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ခိုင်က တိုင်းဒေသကြီးအတွင်းကတပ်မတော်သားကိုယ်စားလှယ်တွေကို  ချီးမွမ်းအသိအမှတ်ပြု လိုက်ပါတယ်။
တပ်မတော် သားကိုယ်စားလှယ်တွေဟာ လွတ်တော်အတွက် တကယ်အကျိုးရှိပါတယ်။ ရေးရာတွေမှာ
လည်းအထောက်အကူပြုပါတယ်လို့ မတ်လ(၂၈)ရက်နေ့ ကပြောပါတယ်။
ဒါ့ကြောင့် မို့ လို လွှတ်တော်ရဲ့ ရေးရာများတွင်လည်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကို
မဖြစ်မနေ ပါဝင်အောင် ထည့် သွင်းဖွဲ့ စည်းထားကြောင်းလည်းပြောပါတယ်။

" ဆေးရုံတစ်ရုံချလာမှုမှာ နေရာ အကွဲအလွဲအတွက် ဒေသခံတွေကသူနေ ရာဆောက်ချင်၊ငါ့နေ ရာဆောက်
ချင်ဖြစ်ပြီး နဲနဲမတည်မငြိမ်ဖြစ်တာ ရေးရာကဆင်းတော့ တပ်မတော်သားကိုယ်စားလှယ်တွေခေါ်သွားတာ။ သူတို့ ပါတော့ နယ်မြေ အခြေနေ သုံးသပ်တာတွေ အတွေ့ အကြုံရှိတယ်။ လုံခြုံရေးအမြင် နဲ့ ပေါ့။
ဆွေးနွေးတိုင်ပင်ပြောဆိုကြတဲ့ အခါ အဆင်ပြေသွားတယ်။အဲဒီကိစ္စတွေကို ဆုံးဖြတ်တဲ့ အခါ ရေးရာက
ကို အထောက်အကူပေးတယ်။ ရေးရာကော်မတီဥက္ကဌကိုယ်တိုင်ကကိုဝန်ခံတယ်။ တပ်ကသူတွေပါလာတာတော်တော်အဆင်ပြေတယ်လို့ ကိုပြောတယ် "လို့  တပ်မတော်သားကိုယ်စားလှယ်တွေနဲ ပတ်သက်ပြီး ကောင်းမွန်တဲ့ ဥပမာတစ်ခုကလည်း ထုတ်ဖော်ပြောဆိုလာပါတယ်။

ဒီလိုမျိုးတပ်မတော်သားကိုယ်စားလှယ်တွေနဲ့ လွှတ်တော်က ကိုယ်စားလှယ်တွေ ရဲ့ ပူးပေါင်းဆောင်ရွက်
မှုတွေကြောင့် နွေးထွေးချစ်ကြည်မှုတွေလည်းရလာတယ်လို့ ဦးအောင်ကျော်ခိုင်ကဆိုပါတယ်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ အထူးခြားဆုံးကတော့ အဆိုတွေ၊မေးခွန်းတွေကို တပ်မတော်သားကိုယ်စားလှယ်တွေပါ ပါဝင်မေးမြန်းလာတာပါ။
ဒီလိုပါပဲ။ ယခင်အစိုးရလက်ထက်တွင်ကိုယ်စားလှယ်အဖြစ်ပါဝင်ခဲ့ တဲ့ လက်ရှိအစိုးရအဖွဲ့  လူမှုရေး
ဝန်ကြီးဒေါက်တာလှမြတ်သွေးကိုယ်တိုင်က ဧရာဝတီတိုင်းဒေသကြီးက တပ်မတော်သား ကိုယ်စား
လှယ်တွေဟာ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့ အကြား ဘယ်ဘက်ကမှ
မဟုတ်ဘဲ အစိုးရသစ်နဲ့ ပူးပေါင်း ဆောင်ရွက် လိုတဲ့ သူတွေ ဖြစ်တယ်လို့ပြောပါတယ်။

သမိုင်း အဆက်ဆက်ကို ကြည့်မယ်ဆိုရင် တပ်မတော်နဲ့ သဟဇာတ ဖြစ်တဲ့ အစိုးရတွေသာ အကောင်းဆုံး အုပ်ချုပ် အကောင်အထည်ဖော် နိုင်တာ ဖြစ်တဲ့ အတွက် တိုင်းဒေသကြီး လွှတ်တော်အစိုးရ အဖွဲ့နဲ့
တပ်မတော်တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုဟာ ကောင်းတဲ့ အလားအလာ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသူ ဦးသန်းဝင်းက ပြောပါတယ်။

မျိုးမင်းပိုင်
တိုင်းဧရာ

No comments:

Post a Comment