Latest News

Monday, March 6, 2017

ပြင်သစ်သမ္မတ ရွေးကောက်ပွဲမှာ အိုဘားမား လာပြိုင်ဖို့ ဖိတ်ခေါ်မှုတွေရှိ

ပြင်သစ်သမ္မတ ရွေးကောက်ပွဲမှာ အိုဘားမား လာပြိုင်ဖို့ ဖိတ်ခေါ်မှုတွေရှိ

အမေရိကန်မှာတော့ ကြိုက်သူရော၊ မကြိုက်သူရောရှိတဲ့ သမ္မတ အိုဘားမားဟာ ပြည်ပမှာတော့ လူကြိုက်များသူ တစ်ဦးပါ။ ခုလည်းကြည့်လေ။ ပြင်သစ်က လမ်းတွေပေါ်မှာ Oui on peut! ဆိုတဲ့ စာသားတွေပြည့်လို့ နေပါပြီ။ အဓိပ္ပာယ်ကတော့ အိုဘားမားရဲ့ မဲဆွယ်စာသား Yes We Can ပဲ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကို လုပ်နေကြသူတွေက အမေရိကန် သမ္မတဟောင်း အိုဘားမား အနားယူသွားတဲ့အခါ ပြင်သစ်သမ္မတ ရွေးကောက်ပွဲကို လာဝင်ဖို့အတွက် တိုက်တွန်းနေတာပဲ ဖြစ်ပါတယ်။ သူတို့ဟာ အွန်လိုင်းမှာ လက်မှတ်ရေးထိုး လှုပ်ရှားနေတာ ဖြစ်ပြီး ဆယ်ရက်အတွင်း လက်မှတ်ပေါင်း လေးသောင်းငါးထောင် ရသွားခဲ့ပါသတဲ့။ ထောက်ခံသူ တစ်သန်းလောက်အထိ ရမယ်လို့တောင် မျှော်လင့်နေကြပါသတဲ့လေ။ ပြင်သစ်နိုင်ငံရေးမှာ အရှုပ်အရှင်းတွေက များနေပြီး ဘယ်သူ့ကို မဲပေးလို့ ပေးရမှန်း မသိတာကြောင့် ခုလိုမျိုးတွေ ဖြစ်လာတာလို့ စီစဉ်တဲ့သူက ပြောပါတယ်။

သရော်တဲ့ လှုပ်ရှားမှု ဖြစ်ပေမယ့် ပါဝင်ပူးပေါင်းကြသူတွေက တစ်ရက်နဲ့တစ်ရက် များလာခဲ့ပါတယ်။ ခုလိုပိုစတာတွေ လိုက်ကပ်နေတာ ပြင်သစ်မှာ တရားမဝင်တာမို့ လှုပ်ရှားမှုကို ဦးဆောင်သူက သတင်းမီဒီယာတွေကို သူတို့ရဲ့ နာမည်အရင်းကို ပြောမပြခဲ့ပါဘူး။                              

The Voice

No comments:

Post a Comment