Latest News

Sunday, March 12, 2017

ထိုင်း ရုပ်သံဇာတ်လမ်းတွဲကို သီပေါမင်း အနွယ်တော်တွေ မကျေနပ်

ထိုင်း ရုပ်သံဇာတ်လမ်းတွဲကို သီပေါမင်း အနွယ်တော်တွေ မကျေနပ်

ထိုင်းနိုင်ငံမှာ ပြသနေတဲ့ ရုပ်သံ ဇာတ်လမ်းတွဲတစ်ခုဟာ မြန်မာ့ နောက်ဆုံး ကုန်းဘောင်မင်းဆက်ရဲ့ နောက်ဆုံးဘုရင် သီပေါမင်း လက်ထက် သွေးထွက်သံယို နန်းတွင်းနိုင်ငံရေးအာဏာလုပွဲ ဖြစ်ရပ်တွေကိုယူပြီး အဆိုးမြင်သဘော ရိုက်ကူးထားတဲ့အတွက် သီပေါမင်းရဲ့ အဆက်အနွယ်တော်တွေ မကျေနပ်ကြကြောင်း AFP သတင်းက ဖေါ်ပြပါတာယ်။

ထိုင်းဘာသာနဲ့ ‘ပီလရမ် ဖရာနမ်’၊ အင်္ဂလိပ်ဘာသာနဲ့  ‘A Lady's Flames’  အမည်ရှိတဲ့ အဲဒီဇာတ်လမ်းတွဲဟာ စိတ်ကူးယဉ် နန်းတွင်းမင်းဆက်တစ်ခုအကြောင်း ရိုက်ကူးထားတယ် လို့ဆိုပေမဲ့၊ ၁၉ ရာစု မြန်မာ့ နောက်ဆုံး မင်းဆက်ရဲ့ နောက်ဆုံးနေ့တွေအကြောင်း ဆိုတာထင်ရှားတယ်လို့ သီပေါဘုရင်ရဲ့ မြစ်တော်စပ်သူ ဦးစိန်ဝင်း က ပြောဆိုကြောင်းလည်း သတင်းမှာ ဖေါ်ပြပါတယ်။

အဲဒီ ရုပ်သံဇာတ်လမ်းမှာ ကုန်းဘောင်ခေတ် နောက်ဆုံးပိုင်း နန်းတွင်းမှာ ဆင်ဖြူမရှင် တန်ခိုးထက်လာပုံ၊ သီပေါမင်းသား ဘုရင်ဖြစ်ရေးအတွက် မင်းညီမင်းသား တစ်ရာနီးပါး သတ်ဖြတ်ခံရပုံတွေ ပါဝင်နေဟာ မြန်မာသမိုင်းဖြစ်ရပ်တွေနဲ့ အတူတူဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ ဒါ့ပြင် ဘုရင့်မိသားစုဝင်တွေဟာ တစ်ယောက်ကိုတစ်ယောက် ပါးရိုက်ကြတဲ့အခန်းတွေ ပါဝင်နေလို့၊ အရိုင်းအစိုင်းတွေအဖြစ် ပုံဖေါ်ထားတယ်လို့လည်း ဦးစိန်ဝင်းက ပြောပါတယ်။

ဒီဇာတ်လမ်းအတွက် မိမိတို့အနွယ်တော်ဝင်တွေ စိတ်ဆိုးဒေါသဖြစ်ရကြောင်း၊ မိမိတို့ မြန်မာရုပ်ရှင် ကုမ္ပဏီတစ်ခုက ထိုင်းနိုင်ငံနဲပပတ်သက်ပြီး အလားတူ ရုပ်ရှင်မျိုး ရိုက်ကူးမယ်ဆိုရင် လက်ခံနိုင်မလားလို့ မေးချင်ကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းဘက်က တစ်စုံတရာ မဆောင်ရွက်ဘူးဆိုရင် ထိုင်းဘုရင့်မိသားစုကို အကူအညီတောင်းခံမှာဖြစ်ကြောင်း ဦးစိန်ဝင်းက AFP သတင်းကို ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ဘုရင်နဲ့ မိသားစုကို သရော်ပြောင်လှောင်ရင် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ပါတယ်။
RFA

No comments:

Post a Comment